iOS နဲ့ Android အတွက် အကောင်းဆုံး messaging ‌app များ

သင့်အနေနဲ့ message ပေးပို့တဲ့အခါ encrypted လုပ်ထားတဲ့ messaging app တွေအသုံးပြုသင့်ပါတယ်။ အဲဒီ messaging ‌ap‌p ရဲ့ အားသာချက်ကတော့ encrypt လုပ်ထားတာကြောင့် အပြန်အလှန်ပို့ထားတဲ့ စာတွေကိုပဲ အနက်ဖော်ပေးတာ ဖြစ်ပါတယ်။ တကယ်လို့ စကားပြောဆိုတာကို ဘေးလူမသိချင်စေဘူး ဆိုရင်တော့ စွမ်းဆောင်ရည်မြင့် encryption software ထောက်ပံ့ထားတဲ့ messaging app အသုံးပြုသင့်ပါတယ်။ အဲဒီ app တွေက အခြား third-party က တစ်ကိုယ်ရေအချက်အလက် လုံခြုံရေး ကျိုးပေါက်မှုကို တားဆီးပေးပါတယ်။

လက်ရှိမှာ encrypt လုပ်ထားတဲ့ app များစွာရှိပါတယ်။ ဒါပေမဲ့လည်း အားနည်းချက်ရှိတဲ့ encrypted app များစွာလည်း ရှိပါသေးတယ်။ ဥပမာ Facebook Messenger နဲ့ WhatsApp တို့က encrypt လုပ်ထားပါတယ်။ သူတို့ကို ပိုင်ဆိုင်တဲ့ Facebook ကုမ္ပဏီကတော့ တစ်ကိုယ်ရေလုံခြုံရေး ပြဿနာများစွာ ဖြစ်ပေါ်ဖူးတဲ့ သမိုင်းကြောင်းရှိပါတယ်။ Apple ရဲ့ iMessage မှာလည်း အလားတူ feature ပါဝင်ပါတယ်။ iMessage ကတော့ မိုဘိုင်းဖုန်း၊ metadata ဒါမှမဟုတ် cloud ထဲက အချက်အလက်နဲ့ encrypt မလုပ်ထားပါဘူး။ သုံးစွဲသူက encrypted messaging app ကိုအသုံးပြုပြီး စိတ်ချသေချာစေမယ့် လုံခြုံမှုအတွက် တစ်ကိုယ်ရေသုံး VPN connection ကိုလည်း နောက်ထပ်အလွှာတစ်ခု အဖြစ် အသုံးပြုနိုင်ပါသေးတယ်။

Signal Private Messenger(အခမဲ့)

Signal မှာ အဆင့်မြင့် တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးနည်းပညာကို အသုံးပြုထားပါတယ်။ လူတွေက နေ့စဉ်နဲ့အမျှ Signal သုံးပြီး HD အသံဖိုင်နဲ့ ဗီဒီယိုခေါ်ဆိုနေကြသလို message တွေလည်း ပေးပို့လျက်ရှိပါတယ်။ Signal Protocol open-source ထောက်ပံ့ထားတာကြောင့် လုံခြုံပါတယ်။ Signal ဟာ သီးခြားလွတ်လပ်တဲ့ 501©(3) အကျိုးအမြတ်မယူတဲ့ ပုံစံနဲ့ ဖန်တီးထားပြီး သုံးစွဲသူတွေက ထောက်ပံ့ထားတာကြောင့် ကြော်ငြာ ဒါမှမဟုတ် tracker လည်း မပါဝင်ပါဘူး။

Threema (အခမဲ့)

Threema ကတော့ encrypted လုပ်ထားတဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာနဲ့ ဗီဒီယိုကို အမည်မဖော်ဘဲ ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ Threema မှာတော့ open-source NaCL cryptography library ကြောင့် ဆက်သွယ်မှုအားလုံးကို လုံခြုံအောင် လုပ်ပေးထားပါတယ်။ ဆာဗာအခြေခံ အချက်အလက် အလွန်နည်းပါးပြီး စကားပြောဆိုမှုထဲက ဖိုင်နဲ့ အခြားအရာတွေကို ထုတ်ကုန်ပေါ်မှာပဲ သိမ်းဆည်းပေးထားပါတယ်။

Telegram (အခမဲ့)

Telegram ကတော့ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်စင်တာ ဖြန့်ဖြူးရာကွန်ရက်ကတစ်ဆင့် လူတွေကို ဆက်သွယ်ပေးပါတယ်။ အဲဒီ sync လုပ်ဆောင်ချက်ကြောင့် ဖုန်းနဲ့ tablet ဒါမှဟုတ် laptop ပေါ်က ဆက်သွယ်မှုတွေအားလုံးကို စုပေါင်းပေးထားပါတယ်။ ဒါ့အပြင် အဖွဲ့ဝင် ၂၀၀,၀၀ အထိပါဝင်တဲ့ group chat လည်း ဖန်တီးနိုင်ပါတယ်။

Dust (အခမဲ့)

Dust ဝန်ဆောင်မှုကတော့ စပ်စုတတ်တဲ့ မျက်လုံးတွေ၊ data mining လုပ်သူနဲ့ ဟက်ကာရန်ကနေ ကာကွယ်ပေးတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Dust ကတော့ မိသားစုနဲ့ သူငယ်ချင်း အချင်းချင်း ဓာတ်ပုံတွေ ဝေမျှတာ၊ စာပို့တာ ဒါမှမဟုတ် အကြွေးဝယ်ကတ်နံပါတ်တွေ ဒါမှမဟုတ် လူမှုဖူလုံရေးနံပါတ်တွေကိုလည်း လုံခြုံစွာနဲ့ ပို့နိုင်ပါတယ်။ Dust ကတော့ အရေးကြီး အချက်အလက်ကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Dust ထဲမှာ ပို့ထားတဲ့ screenshot မှတ်တမ်းယူရင် သတိပေးပြီး ၂၄ နာရီအကြာ message တွေလည်း ဖျက်ပေးပါတယ်။

Viber Messenger (အခမဲ့)

Viber အသုံးပြုသူက တစ်ဘီလျံကျော် ရှိပါတယ်။ လုံခြုံတဲ့ messaging app လည်း ဖြစ်ပါတယ်။ သုံးစွဲသူက plan ဒါမှမဟုတ် Wi-Fi နဲ့အသုံးပြုနိုင်သလို အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုလည်း ပြုလုပ်နိုင်ပါတယ်။ Viber Out လို့ခေါ်တဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး ဖုန်းနံပါတ် အချင်းချင်း ခေါ်လို့ရပါတယ်။ ဒါ့အပြင် message တွေကို ဖတ်ပြီး ဖျက်ပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါသေးတယ်။

Wickr Me (အခမဲ့)

Wickr Me ကတော့ ဗီဒီယို၊ ရုပ်ပုံ၊ ဖိုင်နဲ့ အသံအပြင် စာသားပို့တာ၊ ဖုန်းခေါ်တာတွေ အားလုံး လုပ်နိုင်ပါတယ်။ Wickr ကတော့ စကားပြောဆိုမှု metadata မထိန်းသိမ်းထားပါဘူး။ ပိုကောင်းတဲ့တစ်ချက်က ဝန်ဆောင်မှု အသုံးပြုဖို့ အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ်လည်း မတောင်းပါဘူး။ Wickr ထဲက စကားပြောဆိုမှုတွေရဲ့ နောက်ဆုံး ကုန်ဆုံးရက်ကို သတ်မှတ်နိုင်ပါသေးတယ်။

Wire (အခမဲ့)

Wire ကတော့ အဖွဲ့လိုက်နဲ့ အစုလိုက် ဆက်သွယ်မှုအတွက် အလွန်ကောင်းမွန်ပါတယ်။ ကိုယ်ပိုင် စကားဝိုင်း၊ ကွန်ဖရင့်ခေါ်ဆိုမှု ဒါမှမဟုတ် လုံခြုံတဲ့ platform မှာ ဖိုင်တွေဝေမျှတာတွေ လုပ်နိုင်ပါတယ်။ Wire မှာတော့ ခလုတ်တစ်ချက်တည်းနဲ့ ဗီဒီယိုအစည်းအဝေး ဒါမှမဟုတ် အသံနဲ့ပြောတာတွေ လုပ်နိုင်ပါတယ်။

-စိုးထက်
Ref: DigitalTrends

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««