iOS နဲ့ Android မှာ 3D ဓာတ်ပုံရိုက်ကူးနိုင်မယ့် အခမဲ့ app

3D ဓာတ်ပုံရိုက်ကူးနိုင်မယ့် LucidPix ဟာ လပေါင်းများစွာ beta အဖြစ် စမ်းသပ်ပြီး iOS နဲ့ Android အတွက် ဖြန့်လိုက်ပါတယ်။

iPhone 11 ဒါမှမဟုတ် Samsung Galaxy Z Flip ဖုန်းသစ်တွေ ဒါမှမဟုတ် Motorola Moto G6 ဒါမှမဟုတ် iPhone 6S ဖုန်းဟောင်းတွေမှာ LucidPix ကိုအသုံးပြုပြီး 3D ဓာတ်ပုံ ရိုက်နိုင်ပါမယ်။ 3D ဓာတ်ပုံရိုက်ကူးဖို့ အထူးတွဲဖက်ပစ္စည်း ဒါမှမဟုတ် ကျောဘက်ကင်မရာတွေ မလိုပါဘူး။ LucidPix ဟာ artificial intelligence ကိုအသုံးပြုပြီး 3D ဓာတ်ပုံကို သရုပ်ဖော်ပေးပါတယ်။

3D ဆိုတဲ့ စကားလုံးကို မြင်လိုက်ရင် 3D တီဗီနဲ့ ဖုန်းတွေ စိတ်ထဲရောက်လာမယ်။ အစောပိုင်းကာလမှာ 3D ဟာ စိတ်လှုပ်ရှားစရာ ထုတ်ကုန်သစ်အဖြစ် သတ်မှတ်ခံခဲ့ကြရပါတယ်။ အခုကာလမှာတော့ ထုတ်ဖော်ပြသမှုအတွက် tool အသစ်တစ်ခု ဖြစ်လာပါတယ်။ LucidPix ကိုဖန်တီးတဲ့ Lucid ကုမ္ပဏီက 3D ကိုဖန်တီးမှု အရာတစ်ခုအဖြစ် အသုံးချနေပါတယ်။

LucidPix က 2D ဓာတ်ပုံတွေကို 3D အသွင်ပြောင်းပေးတယ်။ ပြောင်းလဲထားတဲ့ ရုပ်ပုံတွေကို app ရဲ့ community ဒါမှမဟုတ် 3D ဓာတ်ပုံထောက်ပံ့ပေးတဲ့ Facebook လိုမျိုး အခြား platform တွေမှာ ဝေမျှနိုင်တယ်။ Facebook ပေါ်မှာ 3D ဓာတ်ပုံတွေ ဝေမျှနိုင်တဲ့ group အကြီးစားရှိပါတယ်။ LucidPixe ဟာ 3D ဓာတ်ပုံတွေကို အလွယ်တကူ ဖန်တီး အသုံးချနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

စိုးထက်
Ref: CNET