Introduction to Secretary Career သင်တန်းကို အွန်လိုင်းမှ အခမဲ့သင်ကြားပေးမည်

Myanmar Secretary School မှ Introduction to Secretary Career (၁၀) ရက်သင်တန်းကို အွန်လိုင်းမှ အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်း ၁၀ ရက်ပြီးဆုံးပါက Letter of Participation ကို ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Secretary School ရဲ့ Lead Trainer Teacher Yu Maung Maung Aung က အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ Live ကနေတစ်ဆင့် သင်ကြားပို့ချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှ တစ်ဆင့် လူတွေမသိသေးတဲ့ Secretary Career အကြောင်း၊ Secretary တွေ ဘာလုပ်ရပါသလဲ၊ Secretary တစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘာတွေဖြစ်မလဲ၊ Secretary တစ်ဦးမှာ ရှိထားသင့်တဲ့ အရည်အချင်းတွေ၊ Secretary တစ်ဦး ဖြစ်ရခြင်းရဲ့ အကျိုးအမြတ်တွေ၊ Secretary တစ်ဦးအတွက် အလုပ်အကိုင် အခွင့်အရေးတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေဟာ https://www.facebook.com/groups/2644245098965813/?ref=share Myanmar Secretary Community ဆိုတဲ့ Group ကို Join ပြီး Introduction to Secretary Career 10 Days Free Cours ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ သင်တန်းကို ဧပြီလ ၁ ရက်မှ စတင်မှာဖြစ်ပြီး နေ့စဉ် ညနေ ၇ နာရီ မှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၆၉၃၅၈၃၃၅၃ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်

-သန္တာ