Introduction to OKR ခေါင်းစဉ်ဖြင့် အွန်လိုင်းသင်တန်းကို မည်သူမဆို အခမဲ့ တက်ရောက်နိုင်

Introduction to OKR ခေါင်းစဉ်နဲ့ အွန်လိုင်းသင်တန်းကို ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ Facebook Live နဲ့ Zoom Meeting ကနေ တစ်ဆင့် ဖွင့်လှစ်သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်။

သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူတွေအနေနဲ့ Facebook လင့်ခ်ဖြစ်တဲ့ https://fb.me/e/Wqaqon9C မှလည်းကောင်း၊ Zoom လင့်ခ်ဖြစ်တဲ့ https://bit.ly/introOKRJan21 မှလည်းကောင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Live အနေနဲ့ သင်ကြားသွားမယ့် သင်တန်းက အချိန် ၂ နာရီသာ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းမှာ ဦးသောင်းစုငြိမ်း၊ CEO, Information Matrix, Mr. Nicolas Delange, Managing Partner, Yever နဲ့ Maddy, Analyst, Yever တို့က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းမှ အခမဲ့ သင်ကြားပေးမယ့် Introduction to OKR ခေါင်းစဉ်နဲ့ အွန်လိုင်းသင်တန်းကို သင်တန်းပုံစံ စိတ်ပါဝင်စားစွာ တက်ရောက်မေးမြန်း ဆွေးနွေးလိုသူတွေကို Zoom Meeting (http://bit.ly/introOKRJan21) မှ မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ဒါ့အပြင် Zoom ကနေ သင်တန်းတက်ရောက်ခြင်းဖြင့် မြန်မာဘာသာနဲ့ OKR အကြောင်း ရေးသားထားတဲ့ e-Book တစ်ခုရရှိနိုင်မှာဖြစ်သလို “Measure What Matters” e-Book နှစ်အုပ်ပေးအပ်သွားမယ့် Lucky Draw အစီစဥ်မှာလည်း ပါဝင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Zoom ကနေ တစ်ဆင့် သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်တဲ့သူတွေအနေနဲ့သာ အဆိုပါအခွင့်အရေးတွေကို ရရှိနိုင်မှာဖြစ်ပြီး Registration ကို ဇန်နဝါရီ ၁၉ရက်၊ ညနေ ၅ နာရီအထိ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို http://bit.ly/38VUQ2W မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««