Introduction to Cyber Security ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

ကမ္ဘာနဲ့တစ်ဝှမ်း ဆိုင်ဘာခြိမ်းခြောက်မှုများ တိုးတက်များပြားလာရာ သိသင့်သိထိုက်တဲ့ Security ပိုင်းဆိုင်ရာ ကာကွယ်နိုင်မယ့် နည်းလမ်းများအကြောင်း ပြောပြပေးသွားမယ့် “ Introduction to Cyber Security ” ပညာရေးဆွေးနွေးပွဲ ကျင်းပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေနွေးပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲထိ Novotel Hotel (Bagan Room) မှာလည်းကောင်း၊ နိုဝင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲထိ Mandalay Swan Hotel (Yadanar Room) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာပါ။

ဆွေးနွေးပွဲမှာ James Cook University Singapore မှာ ပညာသင်ကြားပေးနေတဲ့ Associate Professor Dr.Roberto Dillon က ကျောင်းသား၊ ကျောင်းသူများအတွက် Cybersecurity နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Cybersecurity ဆိုတာဘာလဲ၊ Cybersecurity Professional တစ်ဦ: ဘယ်လိုဖြစ်နိုင်သလဲ၊ မိမိရဲ့ Data တွေကို Cyber attack မှ ဘယ်လိုကာကွယ်မလဲ၊ မည်သူတွေက Hackers များ ဖြစ်နိုင်သလဲ၊ သတင်းအချက်အလက် ခိုးယူခြင်းဆိုတာ ဘာလဲ၊ အစရှိတဲ့ အကြောင်းအရာတွေအပြင် ပညာသင်ဆုတွေ အကြောင်းကိုပါ ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

ပွဲ တက်ရောက်လိုသူတွေအနေနဲ့ STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း (၀၉) ၅၁၅၁ ၀၀၈၊ (၀၉) ၇၃၂၄၂၄၀၄၊ (မန္တလေးရုံး)၊ ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ ကို ဆက်သွယ် မေးမြန်းတက်ရောက်နိုင်ပါတယ်။

-သန္တာ