INTO Queen’s University Belfast မှ ပရိုဂရမ်များကို အွန်လိုင်းမှ အခမဲ့သင်ကြားပေးမည်

Pandemic ကာလအတွင်း ကုန်ကျစရိတ် အသက်သာဆုံးနဲ့ ယူကေပညာသင်ယူခြင်းကို လက်တွေ့အကောင်အထည်ဖော်ချင်တဲ့ ကျောင်းသူ/သားတွေအတွက် INTO Queen’s University Belfastက ပရိုဂရမ်တွေကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၆ ရက် မှ နိုဝင်ဘာလ ၂ဝ ရက် အထိ အွန်လိုင်းကနေ အခမဲ့တက်ရောက် သင်ကြားခွင့်ပေးသွားမယ်လို့ Crown Education မှသိရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီနဲ့ ဧပြီ ကျောင်းဖွင့်ချိန် လျှောက်ထားမယ့်သူတွေ အတွက် မြန်မာငွေကျပ် ၆၈ သိန်းနဲ့ညီမျှတဲ့ ပညာသင်ဆုနဲ့ INTO Queen’s University Belfast Ambassador တစ်ဦးအဖြစ်လည်း ခန့်အပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာ (၁၀) တန်းအောင်မြင်ပြီးစ သူတွေ၊ GCE ‘O’ level, ‘A’ level, Grade-12, Secondary 3/4 ကျောင်းသူ/သားတွေ၊ HND, Abe, NCCကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံက တက္ကသိုလ်အသီးသီးမှာ တက်ရောက်လျက်ရှိတဲ့ ကျောင်းသူ/သားတွေ တက်ရောက်သင့်ပါတယ်။

သင်တန်းတွေကတော့ နိုဝင်ဘာ ၁၆ ရက် မှာ Topic : Generic Session_Explore Northern Ireland and Queen’s University Belfast ကို ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အထိ လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်မှာ Topic : Generic Session_Online/Blended learning at INTO Queen’s, Q&A with demonstration ကို ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အထိလည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်မှာ Topic : Academic English_English Class (Actual Class) ကို ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲ အထိလည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် မှာ Topic : International Year One in Engineering  _Fluid Mechanics (Actual Class) ကို ညနေ ၂ နာရီခွဲမှ ၃ နာရီခွဲအထိ လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်မှာTopic : International Foundation in Architecture_Architecture (Actual Class) ကို ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အထိလည်းကောင်း၊ နိုဝင်ဘာ ၂ဝ ရက် မှာ Topic : International Foundation_Math for Engineering (Actual Class) ကို ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲ အထိလည်းကောင်း Topic : International Year One in Management & Finance_Economics (Taster Class) ကို ညနေ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ် အထိလည်းကောင်း၊ Topic : International Year One in Engineering_Digital System Design (Actual Class) ကို ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ လည်းကောင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
INTO Queen’s University Belfastရဲ့ Actual Class နဲ့ Taster Class တွေအတွက် bit.ly/into_qub လင့်ခ်ကနေ စာရင်းပေးသွင်းပြီး အခမဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««