Internet Journal Readers’ Survey ကံထူးရှင်ကိုဆုချီးမြှင့်

Internet Journal Readers’ Survey ကံထူးရှင်အား ဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်တာနက်ဂျာနယ် ရုံးတည်ရှိရာ ဒိုင်းမွန်းစင်တာ၊ အဆောက်အဦ(E)၊ ပထမထပ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ Internet Journal Readers’ Survey ဖြေဆိုပြီး ကံထူးခဲ့တဲ့ မုံရွာမှ ကိုပြည်ဖြိုး(ကိုယ်စား) ကို Bphone မှ တာဝန်ရှိသူတစ်ဦးက ဗီယက်နမ်နိုင်ငံထုတ် Bphone 3 စမတ်ဖုန်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
Internet Journal Readers’ Survey ကို နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီအထိ အွန်လိုင်းမှ တစ်ဆင့် ကောက်ခံခဲ့ပြီး အချက်အလက် ပြည့်စုံစွာ ဖြေဆိုထားသူများထဲမှ ဗီယက်နမ်နိုင်ငံထုတ် Bphone 3 စမတ်ဖုန်းကံထူးရှင်ကို online random number စနစ်ဖြင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

-အောင်သူ