International Girls in ICT Day အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကြီးမှူးကျင်းပတဲ့ International Girls in ICT Day အခမ်းအနားကို ဧပြီလ ၂၅ ရက်က MICT Park ရှိ Kanaung Hub မှာကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ မြန်မာပြည်မှာ လက်တွေ့အသုံးဝင်တဲ့ Mobile Application တစ်ခုဖြစ်ဖို့အတွက် လိုအပ် တဲ့အချက်အလက်များနဲ့ လိုက်နာရမယ့် အချက်အလက်တွေကို လက်တွေ့ စဉ်းစားစေပြီး အမျိုးသမီး Technopreneur များမှ တဖွဲ့ချင်းစီ ဆွေးနွေးပေးခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ ကျောင်းသူများ အချင်းချင်း ကလည်း နည်းပညာဗဟုသုတများ ဖလှယ်ခွင့်ရခဲ့ကြပြီး အိုင်တီကဏ္ဍမှာ အမျိုးသမီးများရဲ့ အရေးပါပုံနဲ့ စွမ်းဆောင်ရည်တို့ကို လေ့လာခွင့်ရခဲ့ကြကာ အသိပညာများကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

-ဝေဝေ