International Bandwidth သုံးစြဲမႈမ်ား ပိုမိုေလ်ာ့က်ႏုိင္ေရး National Internet Exchange Point (IXP) တစ္ခုတည္ေထာင္ရန္စီစဥ္

[ Zawgyi ]

International Bandwidth သုံးစြဲမႈေတြ ပိုမိုေလ်ာ့က်ႏုိင္ေရး National Internet Exchange Point (IXP) တစ္ခုတည္ေထာင္ရန္ စီစဥ္ေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနကေန သိရပါတယ္။

ျမန္မာနိုင္ငံမွာ ဆက္သြယ္ေရးဝန္ေဆာင္မႈ လုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ Internet Service Provider (ISP) ေတြ ပိုမိုမ်ားျပားလာတာနဲ႔အမွ် Local Traffic ေတြကို International Route သို႔ မေရာက္ေစဘဲ ျပည္တြင္းမွာသာ ခ်ိတ္ဆက္ အသုံးျပဳနိုင္ေစျခင္းျဖင့္ International Bandwidth သုံးစြဲမႈေတြ ပိုမိုေလ်ာ့က်နိုင္ေစေရးအတြက္ National Internet Exchange Point (IXP) တစ္ခုအား တည္ေထာင္သြားမွာ ျဖစ္ေၾကာင္းထုတ္ျပန္ပါတယ္။ Internet Service Provider (ISP) ေတြအေနနဲ႔လည္း မိမိတို႔ရဲ႕ အစီအစဥ္နဲ႔ Internet Exchange Point (IXP) တစ္ခု ဖြဲ႕စည္းတည္ေထာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရပါတယ္။

ဝန္ႀကီးဌာနအေနနဲ႔ စနစ္က်ၿပီး ေရရွည္တည္တံ့ေသာ National Internet Exchange Point (IXP) တစ္ခု ျဖစ္ေစဖို႔ အတြက္ IXP ကို ဝန္ႀကီးဌာနမွ ဦးေဆာင္ကာ ကုန္က်စရိတ္ကို Member မ်ားမွ အခ်ိဳးက် ခြဲေဝက်ခံမယ့္ အက်ိဳးအျမတ္ရယူျခင္း မရွိေသာ အဖြဲ႕အစည္း (Non-Profit Organization) ပုံစံျဖင့္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။ အမ်ားျပည္သူသေဘာထား မွတ္ခ်က္ေတာင္းခံနိုင္ေရး (Public Consultation) အတြက္ စီစဥ္ ေဆာင္ရြက္ေနေၾကာင္းလည္း အသိေပးေၾကညာ ထားပါတယ္။

-ထြန္းထြန္း

[ Unicode ]

International Bandwidth သုံးစွဲမှုတွေ ပိုမိုလျော့ကျနိုင်ရေး National Internet Exchange Point (IXP) တစ်ခုတည်ထောင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Internet Service Provider (ISP) တွေ ပိုမိုများပြားလာတာနဲ့အမျှ Local Traffic တွေကို International Route သို့ မရောက်စေဘဲ ပြည်တွင်းမှာသာ ချိတ်ဆက် အသုံးပြုနိုင်စေခြင်းဖြင့် International Bandwidth သုံးစွဲမှုတွေ ပိုမိုလျော့ကျနိုင်စေရေးအတွက် National Internet Exchange Point (IXP) တစ်ခုအား တည်ထောင်သွားမှာ ဖြစ်ကြောင်းထုတ်ပြန်ပါတယ်။ Internet Service Provider (ISP) တွေအနေနဲ့လည်း မိမိတို့ရဲ့ အစီအစဉ်နဲ့ Internet Exchange Point (IXP) တစ်ခု ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ စနစ်ကျပြီး ရေရှည်တည်တံ့သော National Internet Exchange Point (IXP) တစ်ခု ဖြစ်စေဖို့ အတွက် IXP ကို ဝန်ကြီးဌာနမှ ဦးဆောင်ကာ ကုန်ကျစရိတ်ကို Member များမှ အချိုးကျ ခွဲဝေကျခံမယ့် အကျိုးအမြတ်ရယူခြင်း မရှိသော အဖွဲ့အစည်း (Non-Profit Organization) ပုံစံဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ အများပြည်သူသဘောထား မှတ်ချက်တောင်းခံနိုင်ရေး (Public Consultation) အတွက် စီစဉ် ဆောင်ရွက်နေကြောင်းလည်း အသိပေးကြေညာ ထားပါတယ်။