International Baccalaureate Diploma Programme (IBDP) ႏွင့္ပတ္သက္၍ Mr.Andrew Melnyk ႏွင့္ ေတြ႕ဆုံျခင္း

[ Zawgyi]

IB ဆိုတာ International Baccalaureate Diploma Pro-gramme (IBDP) ဆိုတဲ့ ၂ ႏွစ္တာ သင္ယူရတဲ့ ပညာေရးစနစ္ပဲ ျဖစ္ပါတယ္။ ဒီပညာေရးစနစ္ကုိ အသက္ ၁၆ ႏွစ္ကေန ၁၉ ႏွစ္
အတြင္း ေက်ာင္းသား၊ေက်ာင္းသူမ်ားသာ တက္ေရာက္ခြင့္ရမွာ ျဖစ္ကာ Programme ၿပီးဆံုးပါက ကမၻာတစ္ဝွမ္းရွိ တကၠသိုလ္အမ်ားစုက လက္ခံေပးတဲ့ အရည္အခ်င္းမီ အထက္တန္းေအာင္ Diploma လက္မွတ္ကို ရရွိမွာပါ။ ေက်ာင္းသားေတြအေနနဲ႔လည္း IB Diploma ကို ထူးထူးခြၽန္ခြၽန္ေအာင္ ျမင္ခဲ့မယ္ဆိုရင္ မိမိႏွစ္သက္ရာ တကၠသိုလ္မ်ားမွ သက္ဆုိင္ရာ ပညာသင္ဆု အမ်ိဳးမ်ိဳးကို ရရွိႏိုင္သည့္ အခြင့္အေရး ပိုမ်ားလာမယ္လို့ သိရပါတယ္။ International Baccalaureate Diploma Programme (IBDP) နဲ႔ ပတ္သက္ၿပီး အင္တာနက္ဂ်နယ္စာဖတ္ ပရိသတ္ေတြ အေသးစိတ္ သိရွိႏိုင္ဖို႔ SKT International College ရဲ႕ ေက်ာင္းအုပ္ျဖစ္သူ Mr.Andrew Melnyk နဲ႔ ေတြ႕ဆုံေမးျမန္းျဖစ္ခဲ့ပါတယ္။

IB Program ကိုေလ့လာခ်င္တဲ့သူေတြအတြက္ ေျပာျပေပးပါဦး။

IB Program က ၆ ဘာသာ ေလ့လာရတယ္။ အနည္းဆုံး One Science ယူရတယ္။ Science မွာမွ Chemistry, Physics, Biology ဆိုၿပီး ၃ ခုရွိတယ္။ ၃ ခုထဲက တစ္ခု အနည္းဆုံးယူရမယ္။ ၿပီးရင္ Mathematics က အနည္းဆုံး ၁ ခုယူရမယ္။ ၿပီးရင္ Arts မွာမွ Music နဲ႔ Arts ဆိုၿပီး ရွိတယ္။ အ့ဲ ၂ ခုထဲက ကိုယ္ႀကိဳက္ႏွစ္သက္ရာ တစ္ခုယူရမယ္။ အဲထဲက Branch ေတြျပန္ခြဲသြားရင္ Theory of Knowledge, Community Services နဲ႔ Extended Essay ေတြပါ၀င္ပါတယ္။ သူကေတာ့ Research Paper လိုမ်ိဳး အမ်ားႀကီးေရးရတယ္။ အဲထဲက Topic တစ္ခု၊ သူတို႔သင္ရတဲ့စာထဲကမွ ႀကိဳက္တဲ့တစ္ခုကို ယူၿပီးေတာ့ စာတမ္းျပဳစုရတယ္။ စာတမ္းျပဳစုတဲ့သူမွသာ IB ကို Graduate ျဖစ္တယ္။ စာေမးပြဲကေတာ့ ဒီကဆရာေတြ စစ္တာ မဟုတ္ဘူး။ ဆြစ္ဇာလန္ကေန ေမးခြန္းလာေပးတာကို ေက်ာင္းသားေတြကေျဖဆိုရတယ္။ ေမးခြန္းကို စာေမးပြဲခန္းထဲမေရာက္ခင္မွာ ဖြင့္ဖတ္တာလုပ္လို႔မရဘူး။ IB တက္ထားတဲ့ သူအေနနဲ႔ တျခားေက်ာင္းေတြ ခ်ိိတ္ဆက္တဲ့အခါ လြယ္လြယ္ကူကူ ခ်ိတ္ဆက္ႏိုင္တယ္။ IB က ေထာက္ပံ့ေပးလိုက္တဲ့ Skill ေတြက ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိလာမယ္။ ကိုယ္အေတြးျမင္ကို ေဖာ္ျပေပးႏိုင္တယ္။ အလုပ္အကိုင္အခြင့္အလမ္းလည္း ေကာင္းေကာင္းရႏိုင္တယ္။

ဒီႏွစ္ ပညာသင္ႏွစ္မွာ ေက်ာင္းအေနနဲ႔ ဘာေတြျပဳျပင္ ေျပာင္းလဲမႈေတြလုပ္ခဲ့ပါသလဲ။

အဓိကေက်ာင္းမွာ သင္ၾကား ေနတာက Cambridge Curri-culum နဲ႔ သြားေနတာပါ။ Cam-bridge Curriculum မွာ က IGCSE နဲ႔ International Baccalaureate Programme (IB) ဆိုၿပီး ၂ ခုရွိပါတယ္။ အဲထဲမွာ မွ IGCSE က တစ္ကမၻာလုံးမွာရွိတဲ့ ေက်ာင္း ေပါင္း တစ္ေသာင္းေက်ာ္က offer လုပ္တယ္။ ေက်ာင္းသားေပါင္း တစ္သိန္းတစ္ေသာင္း ေလာက္အထိ သက္ေရာက္ေနတယ္။ IGCSE Curriculum နဲ႔ၿပီးထားတဲ့ ေက်ာင္းသားေတြအေနနဲ႔ တစ္ကမၻာလုံးမွာရွိတဲ့ ဘယ္ University မဆို join ႏိုင္တယ္။ အဲဒါက Grade 9-10 အတြက္ Program ပါ။ Grade 9-10 ၿပီးသြားတဲ့ ေက်ာင္းသားေတြအေနနဲ႔ Grade 11-12 အတြက္ International Baccalaureate Programme (IB) ဆိုတဲ့ Program ရွိတယ္။ အဲ Program ကေတာ့ တစ္ကမၻာလုံးမွာ ရွိတဲ့ Top Program ေတြထဲကတစ္ခုျဖစ္ပါတယ္။ အဲဒီ Pro-gram တက္ေရာက္ဖို႔ေတာ့ ႀကိဳးစားမႈေတြ အမ်ားႀကီးလိုအပ္မွာပါ။ Knowledge ေတြအမ်ားႀကီးလိုအပ္မယ္။ အဲ့ထဲမွာမွ ဘာေတြ offer ေပးထားလဲဆိုေတာ့ first language ရွိမယ္။ Second language ရွိမယ္။ Math, Sciences, Arts, Societies နဲ႔ Theory of Knowledge ပါမယ္။ ဒါက
ေတာ့ IB ရဲ႕ Curriculum ပါ။ ဒီထဲမွာမွ IB ၿပီးသြားတဲ့ ေက်ာင္းသားေတြကတစ္ခု ျဖစ္လာတယ္။ အဲဒါက တစ္ကမၻာလုံးကလူေတြနဲ႔ လည္း Communicate ေကာင္း ေကာင္းလုပ္ႏိုင္တယ္။

ေက်ာင္းရဲ႕ သင္႐ိုးေတြနဲ႔ ပတ္သက္ၿပီးလည္း  ေျပာျပေပးပါ။

IB တက္ထားတဲ့ ေက်ာင္းသားေတြအေနနဲ႔ ကိုယ္ေျပာင္းလဲတဲ့ ႏိုင္ငံျခားတကၠသိုလ္ ဥပမာနယူးေယာက္ကို ေျပာင္းလဲသြားတယ္ ဆိုရင္လည္း သူ႔ရဲ႕သင္႐ိုးညႊန္းတမ္းက ေယဘုယ်အားျဖင့္ အတူတူပဲျဖစ္တယ္။ University တစ္ခုသြားတယ္ဆိုရင္ IB တက္ ခဲ့တဲ့ေက်ာင္းသားဆိုရင္ IB မတက္ခဲ့တဲ့ ေက်ာင္းသားနဲ႔ယွဥ္ရင္ ပိုုႀကိဳက္တယ္။ ဘာလုိ႔လဲဆိုရင္ IB မွာ ေသခ်ာေလ့က်င့္ထားတဲ့အတြက္ ျဖစ္တယ္။

ေက်ာင္းအေနနဲ႔ေရာဘယ္လို Activity ေတြကို ျပဳလုပ္ေနပါသလဲ။

ေက်ာင္းမွာ Activities ေတြေတာ့ အမ်ားႀကီးရွိပါတယ္။ အခုေလာေလာဆယ္ေတာ့ Swim-ming Rope, Olympiads ၿပိဳင္ပြဲ ေတြ၊ Olympiads Math, Science Week and Science Knowledge Competition, Spelling Bee နဲ႔အျခား Activities Club ေတြ လည္း အမ်ားႀကီး ရွိပါတယ္။က ေလးေလးေတြအတြက္က စၿပီးရွိပါတယ္။ Spelling Bee ကေတာ့
အေရွ႕ေတာင္အာရွႏိုင္ငံ မေလးရွား၊ စင္ကာပူ၊ ထိုင္း အဲဒီႏိုင္ငံက လူေတြကလာၿပီး ၿပိဳင္ၾကတယ္။

အျခားဘယ္လို Exchange Program ေတြလုပ္ေနတာမ်ိဳး ေတြရွိပါသလား။

အခုေလာေလာဆယ္ေတာ့ မရွိေသးဘူး။ ဒါေပမဲ့ ကေနဒါမွာရွိတဲ့ ေက်ာင္းတစ္ေက်ာင္း ေယာက်ၤားေလးေတြပဲ သီးသန္႔တက္တဲ့ ေက်ာင္းကေတာ့ ဆက္သြယ္ထားတာရွိတယ္။ ဒီေက်ာင္း မွာလာၿပီး ၁ လတိတိ ဒီေက်ာင္းမွာတင္တဲ့ သင္ခန္းစာေတြကို ေလ့လာဖို႔ရွိတယ္။ ၿပီးေတာ့ အေပးအယူအေနနဲ႔ သူတို႔လာတဲ့ ေက်ာင္းသားအေရအတြက္နဲ႔ထပ္တူ သူတို႔ေက်ာင္းမွာလည္း ၁ လ သင္ခန္းစာေလ့လာဖို႔ ျပန္ပို႔သြားဖုိ႔ရွိတယ္။ ေနာက္ထပ္ ေက်ာင္းတစ္ေက်ာင္းလည္း ဆက္သြယ္ထားတာရွိပါတယ္။

ေက်ာင္းရဲ႕ အဓိက စိန္ေခၚ မႈေတြကေရာ ဘာေတြရွိပါသလဲ။

အဓိက စိန္ေခၚမႈကေတာ့ ေက်ာင္းက ၃ ႏွစ္ကေလးကေန ၁၉ ႏွစ္အရြယ္အထိကို လက္ခံ သင္ၾကားေပးေနတယ္။ အသက္အရြယ္ခ်င္းမတူသလို ေပးရတဲ့ ဆားဗစ္ေတြကလည္း မတူဘူး။ သင္ၾကားေပးရတဲ့ သင္႐ိုးညႊန္းတမ္းေတြကလည္း မတူဘူး။ အဲလိုအခ်ိန္က်ေတာ့ ဘယ္ဟာကို အာ႐ံုစိုက္ရလည္း ဆိုေတာ့ KG ကေန တက္လာတဲ့ကေလးက ဒီဘက္ Pri-mary ကို ကူးလာမယ္။ Primary ကေန Secondary ကေန High School အဲလို Process အတိုင္းသြားႏုိင္ဖို႔ ေက်ာင္းရဲ႕ Quality က်မသြားဖို႔ကို ထိန္းသိမ္းရတယ္။ အဲဟာ တကယ္ကို Challenge တစ္ခုပါ။ အဲလိုျဖစ္ဖို႔အတြက္လည္း ေက်ာင္းမွာရွိတဲ့ ဆရာမေတြအားလုံးက ႀကိဳးစားၿပီးေတာ့ တစ္စုတစ္စည္းတည္း အလုပ္လုပ္ေနရတယ္။

-‌ ေဝေဝ

[ Unicode ]

IB ဆိုတာ International Baccalaureate Diploma Pro-gramme (IBDP) ဆိုတဲ့ ၂ နှစ်တာ သင်ယူရတဲ့ ပညာရေးစနစ်ပဲ ဖြစ်ပါတယ်။ ဒီပညာရေးစနစ်ကို အသက် ၁၆ နှစ်ကနေ ၁၉ နှစ်
အတွင်း ကျောင်းသား၊ကျောင်းသူများသာ တက်ရောက်ခွင့်ရမှာ ဖြစ်ကာ Programme ပြီးဆုံးပါက ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်အများစုက လက်ခံပေးတဲ့ အရည်အချင်းမီ အထက်တန်းအောင် Diploma လက်မှတ်ကို ရရှိမှာပါ။ ကျောင်းသားတွေအနေနဲ့လည်း IB Diploma ကို ထူးထူးချွန်ချွန်အောင် မြင်ခဲ့မယ်ဆိုရင် မိမိနှစ်သက်ရာ တက္ကသိုလ်များမှ သက်ဆိုင်ရာ ပညာသင်ဆု အမျိုးမျိုးကို ရရှိနိုင်သည့် အခွင့်အရေး ပိုများလာမယ်လို့ သိရပါတယ်။ International Baccalaureate Diploma Programme (IBDP) နဲ့ ပတ်သက်ပြီး အင်တာနက်ဂျနယ်စာဖတ် ပရိသတ်တွေ အသေးစိတ် သိရှိနိုင်ဖို့ SKT International College ရဲ့ ကျောင်းအုပ်ဖြစ်သူ Mr.Andrew Melnyk နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

IB Program ကိုလေ့လာချင်တဲ့သူတွေအတွက် ပြောပြပေးပါဦး။

IB Program က ၆ ဘာသာ လေ့လာရတယ်။ အနည်းဆုံး One Science ယူရတယ်။ Science မှာမှ Chemistry, Physics, Biology ဆိုပြီး ၃ ခုရှိတယ်။ ၃ ခုထဲက တစ်ခု အနည်းဆုံးယူရမယ်။ ပြီးရင် Mathematics က အနည်းဆုံး ၁ ခုယူရမယ်။ ပြီးရင် Arts မှာမှ Music နဲ့ Arts ဆိုပြီး ရှိတယ်။ အဲ့ ၂ ခုထဲက ကိုယ်ကြိုက်နှစ်သက်ရာ တစ်ခုယူရမယ်။ အဲထဲက Branch တွေပြန်ခွဲသွားရင် Theory of Knowledge, Community Services နဲ့ Extended Essay တွေပါ၀င်ပါတယ်။ သူကတော့ Research Paper လိုမျိုး အများကြီးရေးရတယ်။ အဲထဲက Topic တစ်ခု၊ သူတို့သင်ရတဲ့စာထဲကမှ ကြိုက်တဲ့တစ်ခုကို ယူပြီးတော့ စာတမ်းပြုစုရတယ်။ စာတမ်းပြုစုတဲ့သူမှသာ IB ကို Graduate ဖြစ်တယ်။ စာမေးပွဲကတော့ ဒီကဆရာတွေ စစ်တာ မဟုတ်ဘူး။ ဆွစ်ဇာလန်ကနေ မေးခွန်းလာပေးတာကို ကျောင်းသားတွေကဖြေဆိုရတယ်။ မေးခွန်းကို စာမေးပွဲခန်းထဲမရောက်ခင်မှာ ဖွင့်ဖတ်တာလုပ်လို့မရဘူး။ IB တက်ထားတဲ့ သူအနေနဲ့ တခြားကျောင်းတွေ ချိိတ်ဆက်တဲ့အခါ လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်တယ်။ IB က ထောက်ပံ့ပေးလိုက်တဲ့ Skill တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်။ ကိုယ်အတွေးမြင်ကို ဖော်ပြပေးနိုင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ကောင်းကောင်းရနိုင်တယ်။

ဒီနှစ် ပညာသင်နှစ်မှာ ကျောင်းအနေနဲ့ ဘာတွေပြုပြင် ပြောင်းလဲမှုတွေလုပ်ခဲ့ပါသလဲ။

အဓိကကျောင်းမှာ သင်ကြား နေတာက Cambridge Curri-culum နဲ့ သွားနေတာပါ။ Cam-bridge Curriculum မှာ က IGCSE နဲ့ International Baccalaureate Programme (IB) ဆိုပြီး ၂ ခုရှိပါတယ်။ အဲထဲမှာ မှ IGCSE က တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်း ပေါင်း တစ်သောင်းကျော်က offer လုပ်တယ်။ ကျောင်းသားပေါင်း တစ်သိန်းတစ်သောင်း လောက်အထိ သက်ရောက်နေတယ်။ IGCSE Curriculum နဲ့ပြီးထားတဲ့ ကျောင်းသားတွေအနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ် University မဆို join နိုင်တယ်။ အဲဒါက Grade 9-10 အတွက် Program ပါ။ Grade 9-10 ပြီးသွားတဲ့ ကျောင်းသားတွေအနေနဲ့ Grade 11-12 အတွက် International Baccalaureate Programme (IB) ဆိုတဲ့ Program ရှိတယ်။ အဲ Program ကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Top Program တွေထဲကတစ်ခုဖြစ်ပါတယ်။ အဲဒီ Pro-gram တက်ရောက်ဖို့တော့ ကြိုးစားမှုတွေ အများကြီးလိုအပ်မှာပါ။ Knowledge တွေအများကြီးလိုအပ်မယ်။ အဲ့ထဲမှာမှ ဘာတွေ offer ပေးထားလဲဆိုတော့ first language ရှိမယ်။ Second language ရှိမယ်။ Math, Sciences, Arts, Societies နဲ့ Theory of Knowledge ပါမယ်။ ဒါက
တော့ IB ရဲ့ Curriculum ပါ။ ဒီထဲမှာမှ IB ပြီးသွားတဲ့ ကျောင်းသားတွေကတစ်ခု ဖြစ်လာတယ်။ အဲဒါက တစ်ကမ္ဘာလုံးကလူတွေနဲ့ လည်း Communicate ကောင်း ကောင်းလုပ်နိုင်တယ်။

ကျောင်းရဲ့ သင်ရိုးတွေနဲ့ ပတ်သက်ပြီးလည်း  ပြောပြပေးပါ။

IB တက်ထားတဲ့ ကျောင်းသားတွေအနေနဲ့ ကိုယ်ပြောင်းလဲတဲ့ နိုင်ငံခြားတက္ကသိုလ် ဥပမာနယူးယောက်ကို ပြောင်းလဲသွားတယ် ဆိုရင်လည်း သူ့ရဲ့သင်ရိုးညွှန်းတမ်းက ယေဘုယျအားဖြင့် အတူတူပဲဖြစ်တယ်။ University တစ်ခုသွားတယ်ဆိုရင် IB တက် ခဲ့တဲ့ကျောင်းသားဆိုရင် IB မတက်ခဲ့တဲ့ ကျောင်းသားနဲ့ယှဉ်ရင် ပိုုကြိုက်တယ်။ ဘာလို့လဲဆိုရင် IB မှာ သေချာလေ့ကျင့်ထားတဲ့အတွက် ဖြစ်တယ်။

ကျောင်းအနေနဲ့ရောဘယ်လို Activity တွေကို ပြုလုပ်နေပါသလဲ။

ကျောင်းမှာ Activities တွေတော့ အများကြီးရှိပါတယ်။ အခုလောလောဆယ်တော့ Swim-ming Rope, Olympiads ပြိုင်ပွဲ တွေ၊ Olympiads Math, Science Week and Science Knowledge Competition, Spelling Bee နဲ့အခြား Activities Club တွေ လည်း အများကြီး ရှိပါတယ်။က လေးလေးတွေအတွက်က စပြီးရှိပါတယ်။ Spelling Bee ကတော့
အရှေ့တောင်အာရှနိုင်ငံ မလေးရှား၊ စင်ကာပူ၊ ထိုင်း အဲဒီနိုင်ငံက လူတွေကလာပြီး ပြိုင်ကြတယ်။

အခြားဘယ်လို Exchange Program တွေလုပ်နေတာမျိုး တွေရှိပါသလား။

အခုလောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမဲ့ ကနေဒါမှာရှိတဲ့ ကျောင်းတစ်ကျောင်း ယောကျင်္ားလေးတွေပဲ သီးသန့်တက်တဲ့ ကျောင်းကတော့ ဆက်သွယ်ထားတာရှိတယ်။ ဒီကျောင်း မှာလာပြီး ၁ လတိတိ ဒီကျောင်းမှာတင်တဲ့ သင်ခန်းစာတွေကို လေ့လာဖို့ရှိတယ်။ ပြီးတော့ အပေးအယူအနေနဲ့ သူတို့လာတဲ့ ကျောင်းသားအရေအတွက်နဲ့ထပ်တူ သူတို့ကျောင်းမှာလည်း ၁ လ သင်ခန်းစာလေ့လာဖို့ ပြန်ပို့သွားဖို့ရှိတယ်။ နောက်ထပ် ကျောင်းတစ်ကျောင်းလည်း ဆက်သွယ်ထားတာရှိပါတယ်။

ကျောင်းရဲ့ အဓိက စိန်ခေါ် မှုတွေကရော ဘာတွေရှိပါသလဲ။

အဓိက စိန်ခေါ်မှုကတော့ ကျောင်းက ၃ နှစ်ကလေးကနေ ၁၉ နှစ်အရွယ်အထိကို လက်ခံ သင်ကြားပေးနေတယ်။ အသက်အရွယ်ချင်းမတူသလို ပေးရတဲ့ ဆားဗစ်တွေကလည်း မတူဘူး။ သင်ကြားပေးရတဲ့ သင်ရိုးညွှန်းတမ်းတွေကလည်း မတူဘူး။ အဲလိုအချိန်ကျတော့ ဘယ်ဟာကို အာရုံစိုက်ရလည်း ဆိုတော့ KG ကနေ တက်လာတဲ့ကလေးက ဒီဘက် Pri-mary ကို ကူးလာမယ်။ Primary ကနေ Secondary ကနေ High School အဲလို Process အတိုင်းသွားနိုင်ဖို့ ကျောင်းရဲ့ Quality ကျမသွားဖို့ကို ထိန်းသိမ်းရတယ်။ အဲဟာ တကယ်ကို Challenge တစ်ခုပါ။ အဲလိုဖြစ်ဖို့အတွက်လည်း ကျောင်းမှာရှိတဲ့ ဆရာမတွေအားလုံးက ကြိုးစားပြီးတော့ တစ်စုတစ်စည်းတည်း အလုပ်လုပ်နေရတယ်။