Intel mobile CPU သစ္ေတြနဲ႔ အဆင့္ျမွင့္ထားတဲ့ XPS 13 2-in-1 စီးရီးသစ္ေတြကို Dell မိတ္ဆက္

[ Zawgyi ]

မၾကာခင္ ဘာလင္ၿမိဳ႕မွာက်င္းပမယ့္ IFA 2018 မွာ Dell ဟာ အဆင့္ျမွင့္ထားတဲ့ laptop ေတြကို မိတ္ဆက္ျပသသြားဖို႔ အသင့္ရိွေနပါတယ္။

Dell ဟာ Inspiron 7000 သစ္နဲ႔ 5000 2-in-1 update အျပင္ ေစ်းသက္သာတဲ့ XPS 13 အပါအဝင္ XPS 13 စီးရီးသစ္ေတြကိုပါ မိတ္ဆက္ျပသခဲ့ပါတယ္။

ပထမဆံုးအေနနဲ႔ XPS 13 ကို အခုအခါ ေစ်းသက္သာစြာနဲ႔ ရရိွႏိုင္ၿပီျဖစ္ပါတယ္။ ဒီ laptop မွာ Intel Core i3 processor ကိုအသံုးျပဳထားပါတယ္။ အဆိုပါ Core i3 ေမာ္ဒယ္သစ္ကို အခုအခါ ၈၉၉ ေဒၚလာနဲ႔ ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။

XPS 13 2-in-1 ေမာ္ဒယ္မွာေတာ့ Intel ရဲ႕ 8th Gen Core Y processor သစ္ေတြကို အသံုးျပဳထားပါတယ္။ ဒါ့အျပင္ i5-8200Y ကေန i7-8500Y အထိ option အမ်ိဳးမ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ RAM ကို 16GB အထိ ရရိွႏိုင္ၿပီး display ေတြကိုလည္း ၁၃.၃ လက္မ FHD နဲ႔ QHD touch display ဆိုၿပီး ရရိွႏိုင္ပါတယ္။

အဆိုပါ ခ်စ္ပ္သစ္ဟာ ဘက္ထရီသက္တမ္းကို ပိုမိုေကာင္းမြန္ေစၿပီး အားတစ္ႀကိမ္သြင္း႐ံုနဲ႔ ၁၅ နာရီၾကာ အသံုးျပဳႏုိင္တယ္လို႔ သိရပါတယ္။ Fanless ဒီဇိုင္းျဖစ္တာေၾကာင့္ laptop ရဲ႕ အထူကို ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

အဆင့္ျမွင့္ထားတဲ့ XPS 13 2-in-1 ကို စက္တင္ဘာ ၁၁ ရက္မွာ ၉၉၉.၉၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref: WindowsCentral

[ Unicode ]

မကြာခင် ဘာလင်မြို့မှာကျင်းပမယ့် IFA 2018 မှာ Dell ဟာ အဆင့်မြှင့်ထားတဲ့ laptop တွေကို မိတ်ဆက်ပြသသွားဖို့ အသင့်ရှိနေပါတယ်။

Dell ဟာ Inspiron 7000 သစ်နဲ့ 5000 2-in-1 update အပြင် စျေးသက်သာတဲ့ XPS 13 အပါအဝင် XPS 13 စီးရီးသစ်တွေကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ XPS 13 ကို အခုအခါ စျေးသက်သာစွာနဲ့ ရရှိနိုင်ပြီဖြစ်ပါတယ်။ ဒီ laptop မှာ Intel Core i3 processor ကိုအသုံးပြုထားပါတယ်။ အဆိုပါ Core i3 မော်ဒယ်သစ်ကို အခုအခါ ၈၉၉ ဒေါ်လာနဲ့ ရောင်းချနေပြီ ဖြစ်ပါတယ်။

XPS 13 2-in-1 မော်ဒယ်မှာတော့ Intel ရဲ့ 8th Gen Core Y processor သစ်တွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် i5-8200Y ကနေ i7-8500Y အထိ option အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ RAM ကို 16GB အထိ ရရှိနိုင်ပြီး display တွေကိုလည်း ၁၃.၃ လက်မ FHD နဲ့ QHD touch display ဆိုပြီး ရရှိနိုင်ပါတယ်။

အဆိုပါ ချစ်ပ်သစ်ဟာ ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန်စေပြီး အားတစ်ကြိမ်သွင်းရုံနဲ့ ၁၅ နာရီကြာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Fanless ဒီဇိုင်းဖြစ်တာကြောင့် laptop ရဲ့ အထူကို လျှော့ချနိုင်ခဲ့ပါတယ်။

အဆင့်မြှင့်ထားတဲ့ XPS 13 2-in-1 ကို စက်တင်ဘာ ၁၁ ရက်မှာ ၉၉၉.၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: WindowsCentral