Intel ပရိုဆက်ဆာအသစ်တွေ ပါဝင်တဲ့ LG Gram 2021 laptop

LG ဟာ ၂၀၂၁ ခုနှစ်အတွက် Gram Laptop အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ Gram laptop အသစ်ဟာ ဒီဇိုင်းပိုင်းနဲ့ အတွင်းပိုင်းကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ LG ဟာ Gram laptop အသစ် ၅ မျိုးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီမော်ဒယ်ထဲမှာ clamshell ဒီဇိုင်းက ၃ ခု (Gram 17, Gram 16 နဲ့ Gram 14) အပြင် နှစ်မျိုးသုံး မော်ဒယ် ၂ ခု (Gram 2-in-1 16 နဲ့ Gram 2-in-1 14) တို့ပါဝင်လာမယ်။

LG ဟာ Gram laptop လက္ခဏာကိုတော့ မပြောင်းလဲထားပါဘူး။ LG Gram laptop တွေဟာ အလွန်ပေါ့ပါးတာကြောင့် နာမည်ကြီးပါတယ်။ Gram 17 အလေးချိန်က ၂.၉၈ ပေါင်ရှိပြီး မနှစ်ကထွက်ခဲ့တဲ့ မော်ဒယ်နဲ့ အတူတူပါပဲ။ မျက်နှာပြင် ၁၇ လက်မအရွယ် latop ဟာ အလေးချိန် ၃ ပေါင်အောက်ပဲ ရှိပါတယ်။ Gram 16 ကတော့ အလေးချိန် ၂.၆၂ ပေါင်နဲ့ Gram 14 ကတော့ အလေးချိန် ၂.၂ ပေါင်ပဲ ရှိပါတယ်။ Gram 17 ၂၀၂၁ ခုနှစ် ဗားရှင်းမှာတော့ 16:10 display ပါဝင်လာပါတယ်။ အခု clamshell မော်ဒယ်အသစ်မှာ ဘက်လေးဘက် ဘေးဘောင်ပါးလွှာ ဒီဇိုင်းကို အသုံးပြုထားတဲ့အတွက် screen-to-body ratio ကတော့ ၉၀ ရာခိုင်နှုန်း အထိ ရှိလာပါတယ်။

LG ဟာ Gram laptop အသစ်တွေမှာ keyboard နဲ့ touchpad တွေကိုတော့ သက်သောင့်သက်သာနဲ့ လုပ်ငန်းတွင်ကျယ်အောင် ချဲ့ထားပါတယ်။

Gram laptop တွေမှာတော့ Intel ရဲ့ (၁၁) ခုမြောက်မျိုးဆက် Core ပရိုဆက်ဆာတွေနဲ့ Iris Xe graphics ဒါမှမဟုတ် UHD graphics တို့ပါဝင်လာပါတယ်။ LG Gram laptop တွေဟာ Intel ရဲ့ Evo ပရိုဂရမ်ကတစ်ဆင့် အတည်ပြုထားတဲ့အတွက် ဘက်ထရီ ၉ နာရီ အသုံးခံပြီး sleep ကနေ အမြန်အသုံးပြုနိုင်ပါတယ်။

LG ထုတ်ပြန်ချက်အရ Gram 17, Gram 16 နဲ့ 16 2-in-1 မော်ဒယ်တွေက ၁၉.၅ နာရီအထိ အသုံးပြုနိုင်ပါတယ်။ LG ဟာ LG Gram မော်ဒယ်သစ်တွေ ပြသခဲ့ပေမယ့် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««