Intel ခ်စ္ပ္သံုးထားတဲ့ 5G PC ေတြကို လာမယ့္ႏွစ္မွာ ေထာက္ပံ့သြားမယ့္ Sprint

[ Zawgyi ]

လာမယ့္ႏွစ္မွာ Intel ခ်စ္ပ္သံုးထားတဲ့ 5G PC ေတြကို ေထာက္ပံ့ေပးသြားမယ္လို႔ Sprint က ေၾကညာလိုက္ပါတယ္။

ဒါ့အျပင္ Intel ခ်စ္ပ္သံုး Acer နဲ႔ Asus အမွတ္တံဆိပ္ 5G PC ေတြကိုလည္း တည္ေဆာက္ေနတယ္လို႔ အဆိုပါကုမၸဏီႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။ လက္တြဲေဆာင္ရြက္မယ့္ကုမၸဏီ ေျခာက္ခုထဲမွာ Microsoft, Dell, HP နဲ႔ Lenovo တို႔လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ ဒီကုမၸဏီေတြဟာ လာမယ့္ႏွစ္မွာ 5G laptop ေတြနဲ႔ 2-in-1 ေတြကို ျဖန္႔ခ်ိသြားမွာျဖစ္ပါတယ္။

ဒါဟာ connected PC နယ္ပယ္မွာ Qualcomm နဲ႔ယွဥ္ၿပိဳင္ဖို႔ ႐ုန္းကန္ေနရတဲ့ Intel အတြက္ သတင္းေကာင္းျဖစ္ပါတယ္။

5G ကို သိပ္မၾကာခင္မွာ အသံုးျပဳႏိုင္ေတာ့မွာျဖစ္ေပမယ့္ Intel က 4G ပါဝင္တဲ့ ကြန္ပ်ဴတာေတြကို ဆက္လက္ထုတ္လုပ္ေနဆဲ ျဖစ္ပါတယ္။ Intel ဟာ 5G ကြန္ပ်ဴတာေတြကို မျဖန္႔ခ်ိမီ Dell, Asus, Acer နဲ႔ HP တို႔ရဲ႕ 4G-connected PC ဆယ္မ်ိဳးကို ဒီႏွစ္အတြင္း မိတ္ဆက္သြားဖို႔ စီစဥ္ေနပါတယ္။ ေစ်းကြက္ထဲမွာေတာ့ Intel ခ်စ္ပ္သံုးထားတဲ့ 4G ကြန္ပ်ဴတာ ၂၅ မ်ိဳး ျဖန္႔ခ်ိထားပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

လာမယ့်နှစ်မှာ Intel ချစ်ပ်သုံးထားတဲ့ 5G PC တွေကို ထောက်ပံ့ပေးသွားမယ်လို့ Sprint က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် Intel ချစ်ပ်သုံး Acer နဲ့ Asus အမှတ်တံဆိပ် 5G PC တွေကိုလည်း တည်ဆောက်နေတယ်လို့ အဆိုပါကုမ္ပဏီနှစ်ခုက ပြောကြားခဲ့ပါတယ်။ လက်တွဲဆောင်ရွက်မယ့်ကုမ္ပဏီ ခြောက်ခုထဲမှာ Microsoft, Dell, HP နဲ့ Lenovo တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီတွေဟာ လာမယ့်နှစ်မှာ 5G laptop တွေနဲ့ 2-in-1 တွေကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။

ဒါဟာ connected PC နယ်ပယ်မှာ Qualcomm နဲ့ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတဲ့ Intel အတွက် သတင်းကောင်းဖြစ်ပါတယ်။

5G ကို သိပ်မကြာခင်မှာ အသုံးပြုနိုင်တော့မှာဖြစ်ပေမယ့် Intel က 4G ပါဝင်တဲ့ ကွန်ပျူတာတွေကို ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ Intel ဟာ 5G ကွန်ပျူတာတွေကို မဖြန့်ချိမီ Dell, Asus, Acer နဲ့ HP တို့ရဲ့ 4G-connected PC ဆယ်မျိုးကို ဒီနှစ်အတွင်း မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။ စျေးကွက်ထဲမှာတော့ Intel ချစ်ပ်သုံးထားတဲ့ 4G ကွန်ပျူတာ ၂၅ မျိုး ဖြန့်ချိထားပါတယ်။

-နောင်နောင်
Ref: TheVerge