Instagram update အသစ္မွာ လူသိပ္မသိေသးတဲ့ ဓာတ္ပံုနဲ႔ကင္မရာ Feature မ်ား

[ Zawgyi ]

Instagram ဆိုတာကေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ား အသံုးမ်ားတဲ့ Socail Media တစ္ခုပဲျဖစ္ပါတယ္။ သူ႔ရဲ႕လုပ္ေဆာင္မႈက Facebook နဲ႔ ကြဲျပားျခားနားေအာင္ ဓာတ္ပံုေတြကို အသားေပးတဲ့ Social Media အျဖစ္ လူသိမ်ားၾကပါတယ္။ အဲဒီထဲမွာက လူေတာ္ေတာ္မ်ားမ်ားက instagram မွာပါဝင္တဲ့ ဓာတ္ပံု Feature အခ်ိဳ႕နဲ႔ ကင္မရာ Feature အခ်ိဳ႕ကို သိရွိသူနည္းပါးၾကပါတယ္။ ဒါေၾကာင့္မို႔ Instagram မွာ လူသိပ္မသိတဲ့ Feature အခ်ိဳ႕ကို စုစည္ေဖာ္ျပေပးလိုက္ပါတယ္။

Instagram Stories ရဲ႕ Face Filter

Instagram မွာ Snapchat သံုးစဲြသူေတြႀကိဳက္ႏွစ္သက္တဲ့ face filter feature ကိုထည့္သြင္းေပးလိုက္ၿပီျဖစ္ပါတယ္။ Instagram Stories မွာ face filter ကိုသံုးစဲြဖို႔အတြက္ Instagram version 10.21 version ျဖစ္ေအာင္ update လုပ္ထားဖို႔လိုပါတယ္။
Face filter ကိုထည့္သြင္းသံုးစဲြဖို႔အတြက္ Instagram app ကိုဖြင့္ပါ။ ၿပီးရင္ Your Stories ဆိုတာကိုႏွိပ္ရပါမယ္။ အဲ့ဒီေနာက္ ညာဘက္ေထာင့္ေဘးနားမွာ face icon ကိုေတြ႕ရပါမယ္။ အဲ့ဒီ icon ကိုႏွိပ္လိုက္ပါ။ Face filter ေတြေပၚလာပါလိမ့္မယ္။ ဒါဆိုရင္ ဓာတ္ပံု ဒါမွမဟုတ္ ဗီဒီယို႐ိုက္ၿပီးတာနဲ႔ filter ေတြကိုထည့္သြင္းႏိုင္ပါၿပီ။

Instagram မွာ ဓာတ္ပံုနဲ႔ဗီဒီယိုဖိုင္ေတြကိုစုၿပီး ပို႔စ္တစ္ခုထဲတင္ျခင္း

Instagram update version အသစ္မွာ ဓာတ္ပံုနဲ႔ ဗီဒီယို ၁၀ ခုကို တစ္ၿပိဳင္နက္တည္းေ႐ြးခ်ယ္ၿပီး post တစ္ခုအေနနဲ႔ အသံုးျပဳႏိုင္မယ့္ Multiple photos and videos ဆိုတဲ့ feature ကိုထည့္သြင္းေပးလာပါတယ္။ ဒီ feature ကိုအသံုးျပဳဖို႔အတြက္ Instagram version 10.9 ျဖစ္ရပါမယ္။

ဓာတ္ပံုနဲ႔ ဗီဒီယို ၁၀ ခုကိုေပါင္းစပ္ၿပီး post တစ္ခုအေနနဲ႔အသံုးျပဳ မယ္ဆိုရင္ Instagram app ကိုဖြင့္ပါ။

ၿပီးရင္ “+” ပံုစံနဲ႔ upload button ကိုႏွိပ္ရပါမယ္။ ဓာတ္ပံုေတြကို ေ႐ြးတဲ့ေနရာမွာ multiple photos ဆိုတဲ့ icon အသစ္ေလးကိုေတြ႕ရပါ မယ္။

အဆိုပါ icon ကိုႏွိပ္ၿပီး ဓာတ္ပံုေတြနဲ႔ ဗီဒီယိုေတြကို ေရြးခ်ယ္ႏိုင္ကာ ဓာတ္ပံုေတြနဲ႔ ဗီဒီယုိေတြကို အစီအစဥ္တက် ျပင္ဆင္လိုတယ္ဆိုရင္
ေတာ့ ပံုကိုဖိထားၿပီး အစီအစဥ္အလိုက္ ေနရာခ်ထားႏိုင္ပါတယ္။

ဓာတ္ပံုေတြနဲ႔ဗီဒီယိုေတြကို ေရြးခ်ယ္ေပးၿပီးၿပီဆိုရင္ Next ဆိုတဲ့ခလုတ္ကိုႏွိပ္ပါ။ Caption ေနရာမွာ post အတြက္ အေၾကာင္းအရာတစ္ခု ထည့္သြင္းၿပီး OK ကိုႏွိပ္ပါ။

Instagram post တက္သြားရင္ မိမိအေပါင္းအသင္းေတြက post မွာပါဝင္တဲ့ ဓာတ္ပံုနဲ႔ဗီဒီယိုေတြကို swipe ျပဳလုပ္ၿပီး ၾကည့္႐ႈႏိုင္ၿပီျဖစ္ ပါတယ္။

Instagram မွာ Stories Hashtags နဲ႔ Location ကိုသံုးျခင္း

Instagram Stories မွာ Hashtags နဲ႔ Location ေတြကိုသံုးစဲြဖို႔ အတြက္ အသစ္ထြက္ရွိတဲ့ update မွာ ထည့္သြင္းေပးလာပါတယ္။ Story ေတြကို Hashtags နဲ႔ Locations ေတြထည့္သြင္းထားျခင္းျဖင့္ သက္ဆိုင္ရာေနရာမွာ ကိုယ့္ရဲ႕ Story ကုိၾကည့္ႏိုင္ပါတယ္။

Instagram stories မွာ Hashtags ကိုထည့္သြင္းဖို႔အတြက္ဆိုရင္ Your Story ဆိုတဲ့ေနရာကိုႏွိပ္ရပါမယ္။ ၿပီးရင္ကိုယ္႐ိုက္ခ်င္တဲ့ ဓာတ္ပံု ဒါမွမဟုတ္ ဗီဒီယိုကို႐ိုက္လိုက္ပါ။ ႐ိုက္ၿပီးသြားရင္ အေပၚဘက္ညာဘက္ေထာင့္နားမွာ Sticker icon နဲ႔ Text icon ကို ေတြ႕ရပါမယ္။

Text icon ကိုႏွိပ္ၿပီး # sign ကိုေရြးကာ keyword ကိုထည့္ေပးရပါမယ္။ ဥပမာ ဓာတ္ပံုတစ္ပံုကို႐ိုက္ၿပီး #onthetable ဆိုတဲ့ keywoard နဲ႔ထည့္ေပးလိုက္ပါ။ ၿပီးရင္ Done ကိုႏွိပ္ၿပီး Next လုပ္ပါ။ Send To ဆိုတဲ့ေနရာမွာ Your Story ဆိုတာကိုေရြးခ်ယ္ေပးၿပီး send ဆိုတာကို ႏွိပ္ရပါမယ္။

ဒါဆိုရင္ Your Story မွာ hashtags နဲ႔ဖန္တီးထားတဲ့ ပံုကိုေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ရွာေဖြခ်င္တယ္ဆိုရင္ Search button
ကိုႏွိပ္ပါ။ Search box မွာ #onthetable ဆိုၿပီးရွာၾကည့္လိုက္ရင္ #onthetable ဆိုတဲ့ story ေတြမ်ားစြာကိုေတြ႕ရပါမယ္။ အေပၚမွာေဖာ္ျပထားတဲ့ Hashtags ring ကိုႏွိပ္လိုက္ရင္ ကိုယ့္ရဲ႕ story ကိုေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Location ကို Story မွာ ထည့္သြင္းမယ္ဆိုရင္ Location service ကိုဖြင့္ထားရပါမယ္။ ၿပီးရင္ Your Story အေပၚဘက္က camera icon ကိုႏွိပ္ပါ။  ဓာတ္ပံု ဒါမွမဟုတ္ ဗီဒီယို႐ိုက္ကူးၿပီး Sticker icon မွာ Location ဆိုတဲ့ sticker ကိုႏွိပ္ပါ။ ဒါဆိုရင္ ကိုယ့္ရဲ႕ location ေတြကို ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ ဥပမာ Yangon ဆိုတဲ့ Location ကိုေရြးေပးလိုက္ၿပီး story မွာတင္ရမွာျဖစ္ပါတယ္။ Search
button ကိုေရြးလိုက္ရင္ Yangon ဆိုတဲ့ Location ring ကိုေတြ႕ရပါမယ္။ အဆိုပါ location ring မွာ ကိုယ့္ရဲ႕ story ကို အျခားသူေတြက ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Instagram က ကိုယ့္ရဲ႕ Live Video ကိုသိမ္းဆည္းျခင္း

အသစ္ျဖန္႔ခ်ိေပးလိုက္တဲ့ Instagram update မွာ ကိုယ္လႊင့္တင္ထားတဲ့ Live video ကိုသိမ္းဆည္းဖို႔အတြက္ feature အသစ္ထည့္သြင္းေပးလိုက္ပါတယ္။ Instagram version 10.12 မွာ Live video ေတြကို ထုတ္လႊင့္ျပသလို႔ၿပီးဆံုးတာနဲ႔ ဗီဒီယိုကို တစ္ခါတည္းသိမ္းဆည္းမွာလား ဆိုတာကိုေဖာ္ျပေပးမယ့္ feature ပါဝင္လာပါတယ္။

အရင္က Live လႊင့္တယ္ဆိုရင္ Instagram Store မွာ Live အေနနဲ႔ ျပသေနၿပီး ထုတ္လႊင့္မႈၿပီးဆံုးသြားတဲ့အခါမွာ ဗီဒီယိုဖိုင္ဟာ app ထဲမွာ မက်န္ရွိေတာ့ပါဘူး။ အသစ္ျဖန္႔ခ်ိေပးလိုက္တဲ့ update မွာေတာ့ ကိုယ္ Live လႊင့္လိုက္တဲ့ဗီဒီယိုကို ထုတ္လႊင့္မႈၿပီးသြားတဲ့အခါမွာ ညာဘက္ေထာင့္အေပၚဘက္မွာ save ဆိုတဲ့ခလုတ္ကို ေဖာ္ျပေပးပါလိမ့္မယ္။ အဆိုပါ save ဆိုတဲ့ခလုတ္ကိုႏွိပ္လိုက္ရင္ ဗီဒီယိုဖိုင္ကို camera roll ထဲမွာ ဗီဒီယိုဖိုင္အေနနဲ႔ သိမ္းဆည္းေပးႏိုင္မွာျဖစ္တဲ့အတြက္ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

-စည္သူ

================

[ Unicode ]

Instagram update အသစ်မှာ လူသိပ်မသိသေးတဲ့ ဓာတ်ပုံနဲ့ကင်မရာ Feature များ

================

Instagram ဆိုတာကတော့ လူငယ်တော်တော်များများ အသုံးများတဲ့ Socail Media တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုက Facebook နဲ့ ကွဲပြားခြားနားအောင် ဓာတ်ပုံတွေကို အသားပေးတဲ့ Social Media အဖြစ် လူသိများကြပါတယ်။ အဲဒီထဲမှာက လူတော်တော်များများက instagram မှာပါဝင်တဲ့ ဓာတ်ပုံ Feature အချို့နဲ့ ကင်မရာ Feature အချို့ကို သိရှိသူနည်းပါးကြပါတယ်။ ဒါကြောင့်မို့ Instagram မှာ လူသိပ်မသိတဲ့ Feature အချို့ကို စုစည်ဖော်ပြပေးလိုက်ပါတယ်။

Instagram Stories ရဲ့ Face Filter

Instagram မှာ Snapchat သုံးစွဲသူတွေကြိုက်နှစ်သက်တဲ့ face filter feature ကိုထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ Instagram Stories မှာ face filter ကိုသုံးစွဲဖို့အတွက် Instagram version 10.21 version ဖြစ်အောင် update လုပ်ထားဖို့လိုပါတယ်။
Face filter ကိုထည့်သွင်းသုံးစွဲဖို့အတွက် Instagram app ကိုဖွင့်ပါ။ ပြီးရင် Your Stories ဆိုတာကိုနှိပ်ရပါမယ်။ အဲ့ဒီနောက် ညာဘက်ထောင့်ဘေးနားမှာ face icon ကိုတွေ့ရပါမယ်။ အဲ့ဒီ icon ကိုနှိပ်လိုက်ပါ။ Face filter တွေပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုရိုက်ပြီးတာနဲ့ filter တွေကိုထည့်သွင်းနိုင်ပါပြီ။

Instagram မှာ ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုစုပြီး ပို့စ်တစ်ခုထဲတင်ခြင်း

Instagram update version အသစ်မှာ ဓာတ်ပုံနဲ့ ဗီဒီယို ၁၀ ခုကို တစ်ပြိုင်နက်တည်းရွေးချယ်ပြီး post တစ်ခုအနေနဲ့ အသုံးပြုနိုင်မယ့် Multiple photos and videos ဆိုတဲ့ feature ကိုထည့်သွင်းပေးလာပါတယ်။ ဒီ feature ကိုအသုံးပြုဖို့အတွက် Instagram version 10.9 ဖြစ်ရပါမယ်။

ဓာတ်ပုံနဲ့ ဗီဒီယို ၁၀ ခုကိုပေါင်းစပ်ပြီး post တစ်ခုအနေနဲ့အသုံးပြု မယ်ဆိုရင် Instagram app ကိုဖွင့်ပါ။

ပြီးရင် “+” ပုံစံနဲ့ upload button ကိုနှိပ်ရပါမယ်။ ဓာတ်ပုံတွေကို ရွေးတဲ့နေရာမှာ multiple photos ဆိုတဲ့ icon အသစ်လေးကိုတွေ့ရပါ မယ်။

အဆိုပါ icon ကိုနှိပ်ပြီး ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရွေးချယ်နိုင်ကာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အစီအစဉ်တကျ ပြင်ဆင်လိုတယ်ဆိုရင်
တော့ ပုံကိုဖိထားပြီး အစီအစဉ်အလိုက် နေရာချထားနိုင်ပါတယ်။

ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ရွေးချယ်ပေးပြီးပြီဆိုရင် Next ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။ Caption နေရာမှာ post အတွက် အကြောင်းအရာတစ်ခု ထည့်သွင်းပြီး OK ကိုနှိပ်ပါ။

Instagram post တက်သွားရင် မိမိအပေါင်းအသင်းတွေက post မှာပါဝင်တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို swipe ပြုလုပ်ပြီး ကြည့်ရှုနိုင်ပြီဖြစ် ပါတယ်။

Instagram မှာ Stories Hashtags နဲ့ Location ကိုသုံးခြင်း

Instagram Stories မှာ Hashtags နဲ့ Location တွေကိုသုံးစွဲဖို့ အတွက် အသစ်ထွက်ရှိတဲ့ update မှာ ထည့်သွင်းပေးလာပါတယ်။ Story တွေကို Hashtags နဲ့ Locations တွေထည့်သွင်းထားခြင်းဖြင့် သက်ဆိုင်ရာနေရာမှာ ကိုယ့်ရဲ့ Story ကိုကြည့်နိုင်ပါတယ်။

Instagram stories မှာ Hashtags ကိုထည့်သွင်းဖို့အတွက်ဆိုရင် Your Story ဆိုတဲ့နေရာကိုနှိပ်ရပါမယ်။ ပြီးရင်ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုကိုရိုက်လိုက်ပါ။ ရိုက်ပြီးသွားရင် အပေါ်ဘက်ညာဘက်ထောင့်နားမှာ Sticker icon နဲ့ Text icon ကို တွေ့ရပါမယ်။

Text icon ကိုနှိပ်ပြီး # sign ကိုရွေးကာ keyword ကိုထည့်ပေးရပါမယ်။ ဥပမာ ဓာတ်ပုံတစ်ပုံကိုရိုက်ပြီး #onthetable ဆိုတဲ့ keywoard နဲ့ထည့်ပေးလိုက်ပါ။ ပြီးရင် Done ကိုနှိပ်ပြီး Next လုပ်ပါ။ Send To ဆိုတဲ့နေရာမှာ Your Story ဆိုတာကိုရွေးချယ်ပေးပြီး send ဆိုတာကို နှိပ်ရပါမယ်။

ဒါဆိုရင် Your Story မှာ hashtags နဲ့ဖန်တီးထားတဲ့ ပုံကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရှာဖွေချင်တယ်ဆိုရင် Search button
ကိုနှိပ်ပါ။ Search box မှာ #onthetable ဆိုပြီးရှာကြည့်လိုက်ရင် #onthetable ဆိုတဲ့ story တွေများစွာကိုတွေ့ရပါမယ်။ အပေါ်မှာဖော်ပြထားတဲ့ Hashtags ring ကိုနှိပ်လိုက်ရင် ကိုယ့်ရဲ့ story ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

Location ကို Story မှာ ထည့်သွင်းမယ်ဆိုရင် Location service ကိုဖွင့်ထားရပါမယ်။ ပြီးရင် Your Story အပေါ်ဘက်က camera icon ကိုနှိပ်ပါ။ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုရိုက်ကူးပြီး Sticker icon မှာ Location ဆိုတဲ့ sticker ကိုနှိပ်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ location တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ Yangon ဆိုတဲ့ Location ကိုရွေးပေးလိုက်ပြီး story မှာတင်ရမှာဖြစ်ပါတယ်။ Search
button ကိုရွေးလိုက်ရင် Yangon ဆိုတဲ့ Location ring ကိုတွေ့ရပါမယ်။ အဆိုပါ location ring မှာ ကိုယ့်ရဲ့ story ကို အခြားသူတွေက တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Instagram က ကိုယ့်ရဲ့ Live Video ကိုသိမ်းဆည်းခြ

အသစ်ဖြန့်ချိပေးလိုက်တဲ့ Instagram update မှာ ကိုယ်လွှင့်တင်ထားတဲ့ Live video ကိုသိမ်းဆည်းဖို့အတွက် feature အသစ်ထည့်သွင်းပေးလိုက်ပါတယ်။ Instagram version 10.12 မှာ Live video တွေကို ထုတ်လွှင့်ပြသလို့ပြီးဆုံးတာနဲ့ ဗီဒီယိုကို တစ်ခါတည်းသိမ်းဆည်းမှာလား ဆိုတာကိုဖော်ပြပေးမယ့် feature ပါဝင်လာပါတယ်။

အရင်က Live လွှင့်တယ်ဆိုရင် Instagram Store မှာ Live အနေနဲ့ ပြသနေပြီး ထုတ်လွှင့်မှုပြီးဆုံးသွားတဲ့အခါမှာ ဗီဒီယိုဖိုင်ဟာ app ထဲမှာ မကျန်ရှိတော့ပါဘူး။ အသစ်ဖြန့်ချိပေးလိုက်တဲ့ update မှာတော့ ကိုယ် Live လွှင့်လိုက်တဲ့ဗီဒီယိုကို ထုတ်လွှင့်မှုပြီးသွားတဲ့အခါမှာ ညာဘက်ထောင့်အပေါ်ဘက်မှာ save ဆိုတဲ့ခလုတ်ကို ဖော်ပြပေးပါလိမ့်မယ်။ အဆိုပါ save ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ရင် ဗီဒီယိုဖိုင်ကို camera roll ထဲမှာ ဗီဒီယိုဖိုင်အနေနဲ့ သိမ်းဆည်းပေးနိုင်မှာဖြစ်တဲ့အတွက် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-စည်သူ