Instagram Stories လိုမျိုး Memories လုပ်ဆောင်ချက်သစ်ကို Google Photos ထည့်သွင်း

Google Photos ဟာ Instagram Stories နဲ့ဆင်ပြီး ပုံစံတစ်မျိုးနဲ့ နှစ်ပတ်လည် ဓာတ်ပုံဟောင်းတွေနဲ့ ဗီဒီယိုဟောင်းတွေကို စုစည်းပေးတဲ့ tool အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ tool အသစ်အမည်က Memories ဖြစ်ပြီး စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

Google Photos က အရင်တုန်းက ဓာတ်ပုံတွေကို rediscover this day အမည်နဲ့ ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။ အခုဆိုရင် သုံးစွဲသူရဲ့ ဓာတ်ပုံ gallery ထိပ်မှာ အဝိုင်းလေးနဲ့ ဓာတ်ပုံတွေရဲ့ နှစ်ပတ်လည်အမျိုးမျိုးကို ပြသပေးသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူက အဝိုင်းလေးကို tap လုပ်လိုက်တာနဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ပြသပေးပြီး လွန်ခဲ့တဲ့ ၁ နှစ်က ဓာတ်ပုံတွေအပြင် ကိုယ်ပိုင် Google Photos archive ရှိသလောက်မှာ ပြသပေးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုအားလုံးကို memory အဖြစ် ပြသပေးမှာ မဟုတ်ပါဘူး၊ သုံးစွဲသူရဲ့ ထူးခြားမှုအမျိုးမျိုးအပေါ် အခြေခံပြီး algorithms ကရွေးချယ်မှာ ဖြစ်တယ်လို့ Google Photos ဦးဆောင်သူ ဒေးဗစ်လစ်ဘ်ကပြောခဲ့ပါတယ်။ “အတူတူဖန်တီးထားတဲ့ မှတ်ဉာဏ်ဆိုတာ မရှိပါဘူး” လို့ လစ်ဘ်ပြောခဲ့ပါတယ်။ သုံးစွဲသူက Memories ကလူတွေ ဒါမှမဟုတ် အချိန်ကာလတွေကို hide လုပ်ထားနိုင်သလို feature ကိုလည်းပိတ်ထားနိုင်ပါတယ်။

စိုးထက်
Ref: TheVerge