Instagram က Stories မွာသုံးစြဲသူ ဖန္တီးထားတဲ့ ႐ုပ္ပုံေတြမွာ သီခ်င္းထည့္သြင္းခြင့္ျပဳတဲ့ feature ကုိ ျဖန္႔ခ်ိလိုက္ပါတယ္။ အဲဒီ featuer ကိုသုံးစြဲသူတခ်ိဳ႕ဆီ စတင္ျဖန္႔ခ်ိေပးမွာ ျဖစ္ပါတယ္။
Instagram Stories ကိုေန႔စဥ္ေန႔တိုင္း အသုံးျပဳေနတဲ့ လူေပါင္း သန္း ၄၀၀ ရွိပါတယ္။ အခု feature ဟာ လူေတြရဲ႕ ဘဝကုိ အေျပာင္းအလဲျဖစ္ေစလာႏိုင္ပါတယ္။
သုံးစြဲသူအေနနဲ႔ story တစ္ခုမွာ သီခ်င္းထည့္သြင္းႏိုင္တဲ့ နည္းလမ္းက တည္ေနရာ ဒါမွမဟုတ္ ရာသီဥတုအခ်က္အလက္ ထည့္သြင္းတဲ့ နည္းလမ္းအတိုင္း ျပဳလုပ္ရပါမယ္။ သုံးစြဲသူဟာ screen ညာဘက္ထိပ္မွာ ေတြ႕ျမင္ရတဲ့ face-sticker icon ကုိႏွိပ္လုိက္ရင္ သီခ်င္းေတြ ထည့္သြင္းႏိုင္ပါတယ္။
သုံးစြဲသူရဲ႕ဓာတ္ပုံဒါမွမဟုတ္ ဗီဒီယိုမွာ သီခ်င္းကုိ ထည့္သြင္းလုိက္တာန႔ဲ ပါဝင္လိုတဲ့ သီခ်င္းအစိတ္အပုိင္းကုိ ေရြးခ်ယ္ႏိုင္ပါတယ္။ တစ္စုံတစ္ေယာက္ သုံးစြဲသူရဲ႕ story ကိုၾကည့္လိုက္တဲ့အခါမွာ သီခ်င္းသံ အလိုအေလ်ာက္ ထြက္လာမွာ ျဖစ္ပါတယ္။
Facebook ဟာ UMG, Sony နဲ႔ Warner ဆီက ခြင့္ျပဳခ်က္ရယူထားတဲ့အတြက္ Instagram မွာ ေရြးခ်ယ္ႏိုင္မယ့္ သီခ်င္းေပါင္းမ်ားစြာ ပါဝင္လာပါတယ္။ လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း သီခ်င္းေတြကို ထပ္မံ ထည့္သြင္းသြားမယ္လို႔ Facebook ကေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ Instagram Stories မွာ ကုိယ္ပုိင္ သီခ်င္းေတြကုိ upload မလုပ္ႏိုင္ပါဘူး။
Instagram Stories မွာသီခ်င္းထည့္သြင္းႏိုင္တဲ့ feature ကိုႏိုင္ငံအနည္းငယ္ကုိပဲ ျဖန္႔ခ်ိေသးတာ ျဖစ္ပါတယ္။ အနာဂတ္မွာေတာ့ တစ္ကမၻာလုံးကို ျဖန္႔ခ်ိမယ္လို႔ သိရပါတယ္။
စိုးထက္
Ref: TheNextWeb
[ Unicode ]
Instagram က Stories မှာသုံးစွဲသူ ဖန်တီးထားတဲ့ ရုပ်ပုံတွေမှာ သီချင်းထည့်သွင်းခွင့်ပြုတဲ့ feature ကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီ featuer ကိုသုံးစွဲသူတချို့ဆီ စတင်ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
Instagram Stories ကိုနေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ လူပေါင်း သန်း ၄၀၀ ရှိပါတယ်။ အခု feature ဟာ လူတွေရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေလာနိုင်ပါတယ်။
သုံးစွဲသူအနေနဲ့ story တစ်ခုမှာ သီချင်းထည့်သွင်းနိုင်တဲ့ နည်းလမ်းက တည်နေရာ ဒါမှမဟုတ် ရာသီဥတုအချက်အလက် ထည့်သွင်းတဲ့ နည်းလမ်းအတိုင်း ပြုလုပ်ရပါမယ်။ သုံးစွဲသူဟာ screen ညာဘက်ထိပ်မှာ တွေ့မြင်ရတဲ့ face-sticker icon ကိုနှိပ်လိုက်ရင် သီချင်းတွေ ထည့်သွင်းနိုင်ပါတယ်။
သုံးစွဲသူရဲ့ဓာတ်ပုံဒါမှမဟုတ် ဗီဒီယိုမှာ သီချင်းကို ထည့်သွင်းလိုက်တာနဲ့ ပါဝင်လိုတဲ့ သီချင်းအစိတ်အပိုင်းကို ရွေးချယ်နိုင်ပါတယ်။ တစ်စုံတစ်ယောက် သုံးစွဲသူရဲ့ story ကိုကြည့်လိုက်တဲ့အခါမှာ သီချင်းသံ အလိုအလျောက် ထွက်လာမှာ ဖြစ်ပါတယ်။
Facebook ဟာ UMG, Sony နဲ့ Warner ဆီက ခွင့်ပြုချက်ရယူထားတဲ့အတွက် Instagram မှာ ရွေးချယ်နိုင်မယ့် သီချင်းပေါင်းများစွာ ပါဝင်လာပါတယ်။ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း သီချင်းတွေကို ထပ်မံ ထည့်သွင်းသွားမယ်လို့ Facebook ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Instagram Stories မှာ ကိုယ်ပိုင် သီချင်းတွေကို upload မလုပ်နိုင်ပါဘူး။
Instagram Stories မှာသီချင်းထည့်သွင်းနိုင်တဲ့ feature ကိုနိုင်ငံအနည်းငယ်ကိုပဲ ဖြန့်ချိသေးတာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ တစ်ကမ္ဘာလုံးကို ဖြန့်ချိမယ်လို့ သိရပါတယ်။
စိုးထက်
Ref: TheNextWeb