Instagram Group ေတြကို ပ႐ိုတစ္ေယာက္လိုသုံးမယ္

အရင္တုန္းကေတာ့ Instagram မွာ တုိက္႐ိုက္မက္ ေဆ့ခ်္ေပးပို႔ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ မပါဝင္ပါဘူး။ မိမိအေနနဲ႔ ဓာတ္ပုံေတြကိုသာ Post လုပ္တာနဲ႔ Comment ေပးတာေတြမ်ဳိးေလာက္သာ လုပ္ေဆာင္ႏုိင္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး တိုက္႐ိုက္ဆက္သြယ္ႏုိင္တာမ်ဳိး အရင္က မရွိပါဘူး။ ခုဆိုရင္ေတာ့ တုိက္႐ိုက္မက္ေဆ့ခ်္ေတြကို သုံးစြဲသူေတြအခ်င္းခ်င္း ေပးပုိ႔ႏုိင္ၿပီျဖစ္ပါတယ္။ ပုံမွန္သုံးစြဲသူေတြအေနနဲ႔ တိုက္႐ုိက္မက္ေဆ့ခ်္ေတြကို သူငယ္ခ်င္းေတြနဲ႔ မွ်ေဝႏိုင္မွာျဖစ္တဲ့အျပင္ Group Chat ေတြကိုလည္း ေပးပို႔ႏိုင္မွာျဖစ္ပါတယ္။
Instagram ရဲ႕ Group ကုိ ပ႐ိုတစ္ေယာက္လို အသုံးျပဳႏုိင္မယ့္ နည္းလမ္း ၇ ခုကုိ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Group တစ္ခုဖြဲ႔ျခင္း

အျခားဆိုရွယ္နက္ဝက္ခ္နဲ႔ Chat app ေတြလိုမ်ဳိး Instagram ေပၚမွာ Group တစ္ခုတည္ေထာင္တာက သာမန္သုံးစြဲသူအတြက္ သိပ္ၿပီးမ႐ိုးရွင္းလွပါဘူး။ ဘာလို႔လဲဆိုေတာ့ သူမွာ Group ဖြဲ႔ဖို႔ ခလုတ္သီးသန္႔ မပါဝင္ပါဘူး။

Instagram မွာက Group တစ္ခုဖြဲ႔ဖို႔အတြက္ တစ္ဦးထက္ပိုတဲ့သူကို ေရြးခ်ယ္လိုက္တာနဲ႔ အဖြဲ႔ Group တစ္ခုကို တည္ေဆာက္ၿပီး သားျဖစ္သြားမွာ ျဖစ္ပါတယ္။ အဲဒီသူေတြကို ေရြးခ်ယ္ၿပီး တုိက္႐ိုက္မက္ေဆ့ခ်္ ပို႔လိုက္႐ုံပဲျဖစ္ပါတယ္။ Instagram မွာ တိုက္႐ိုက္မက္ ေဆ့ခ်္ပို႔တဲ့ icon ကို ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားက အေပါင္း လကၡဏာ ( + ) ကို တစ္ခ်က္ႏွိပ္လိုက္ပါ။

ႏွိပ္ၿပီးရင္ေတာ့ အနည္းဆုံး ၂ ဦးနဲ႔ ၂ ဦးထက္ပိုၿပီး မိမိမက္ေဆ့ခ်္ ပို႔ခ်င္တဲ့သူေတြကို ေရြးလိုက္ပါ။ ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္ ေအာက္ေျခေထာင့္နားက Send ဆိုတာကို ႏွိပ္လုိက္ပါ။

အဲလိုပို႔လိုက္ရင္ေတာ့ Instagram မွာ အဖြဲ႔တစ္ခုဖြဲ႔စည္း ၿပီးသားျဖစ္သြားမွာ ျဖစ္ပါတယ္။

(၂) Group အဖြဲ႔ကို နာမည္ ေျပာင္းျခင္း

ပုံမွန္အေနနဲ႔ Instagram မွာ အဖြဲ႔ထဲမွပါတဲ့သူေတြနာမည္ကို အဖြဲ႔နာမည္အေနနဲ႔ ေတြ႔ရမွာပါ။ မိမိအေနနဲ႔ အဖြဲ႔နာမည္ကို ေျပာင္းခ်င္ဖို႔အတြက္ေတာ့ ေအာက္ကပုံ မွာျပထားတဲ့အတုိင္း အဖြဲ႔ရဲ႕ နာမည္အစုံပါတဲ့ ေနရာကိုႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာျဖစ္ၿပီး ျမႇားျပထားတဲ့ေနရာမွာ မိမိအေနနဲ႔ ေပးခ်င္တဲ့အဖြဲ႔နာမည္ကို ႐ိုက္ထည့္ေပးရမွာ ျဖစ္ပါတယ္။

ၿပီးရင္ေတာ့ ျမင္ကြင္းညာဘက္ အေပၚေထာင့္နားက Done ဆိုတာ ကို ႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ အဖြဲ႔နာမည္ကို ေျပာင္းလဲၿပီးျဖစ္ပါတယ္။ Instagram မွာေတာ့ အဖြဲ႔ရဲ႕ ဓာတ္ပုံကို ေျပာင္းလဲႏိုင္မွာ မဟုတ္ပါဘူး။ အဖြဲ႔ကို တည္ေထာင္သူရဲ႕ ပုံကိုသာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

(၃) အဖြဲ႔ဝင္အသစ္ထပ္ ထည့္ျခင္း

အဖြဲ႔ဝင္သစ္ထပ္ထည့္ဖို႔အတြက္ အဖြဲ႔နာမည္ေနရာကို ႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာျဖစ္ၿပီး + Add People ဆိုတဲ့ စာသားကိုႏွိပ္ၿပီး မိမိထပ္ၿပီး အဖြဲ႔ဝင္သစ္ကို ထပ္ထည့္ႏုိင္မွာျဖစ္ပါတယ္။

(၄) ပို႔ၿပီးသားမက္ေဆ့ခ်္ကို ျပန္ဖ်က္ျခင္း

Instagram မွာ မိမိအေနနဲ႔ မွားပို႔လိုက္တဲ့ မက္ေဆ့ခ်္ကို ျပန္ၿပီးျပန္ဖ်က္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို မိမိရဲ႕ပါဆင္နယ္ အေကာင့္မွာေကာ Group မွာပါ လုပ္ေဆာင္ႏုိင္ပါတယ္။ မက္ေဆ့ခ်္ကို ျပန္ဖ်က္ဖို႔အတြက္ မိမိအေနနဲ႔ ျပန္ဖ်က္ခ်င္တဲ့ မက္ေဆ့ခ်္ကို စကၠန္႔အနည္းငယ္ ဖိထားလိုက္ပါ။ ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး Unsend message ဆိုတဲ့ စာသားကို ႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ ပို႔လိုက္တဲ့ မွားယြင္းပို႔လိုက္မိတဲ့ မက္ေဆ့ခ်္ကို ျပန္ဖ်က္ေပးမွာျဖစ္ပါတယ္။

(၅) ဗီဒီယုိ Chat ေျပာျခင္း

Instagram မွာ တစ္ဦးခ်င္း ဗီဒီယုိ Chat ေျပာႏုိင္မယ့္အျပင္ အဖြဲ႔ထဲကေနလည္း Group Chat အေနနဲ႔ ဗီဒီယို chat ေျပာဆိုႏုိင္မွာ ျဖစ္ပါတယ္။ အဲလုိေျပာဖို႔အတြက္ အဖြဲ႔နာမည္ရဲ႕ ညာဘက္ေဘးနား က ဗီဒီယုိကင္မရာ icon ေလးကို ႏွိပ္ၿပီး ေျပာဆိုႏုိင္မွာ ျဖစ္ပါတယ္။

(၆) အဖြဲ႔ကို Mute လုပ္ျခင္း

မက္ေဆ့ခ်္ App တုိင္းရဲ႕ Group အဖြဲ႔လုိက္ Chat ေတြက အသိေပးမႈေတြ အၿမဲတက္ေနတာက အနည္းငယ္စိတ္႐ႈပ္ဖို႔ ေကာင္းပါတယ္။ အဲဒီအတြက္ အဖြဲ႔ေတြကို Mute လုပ္ၿပီး အသိေပးခ်က္ေတြ မတက္ေအာင္ လုပ္ေဆာင္ထားႏုိင္ပါတယ္။ အဖြဲ႔နာမည္ေနရာကို ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လုိက္ၿပီးရင္ေတာ့ ေအာက္ကပုံထဲကအတုိင္း Mute Messages ဆိုတဲ့ စာသားေဘးနားက ခလုတ္ေလးကို ဖြင့္ထားေပး လုိက္ပါ။ ဒါဆိုရင္ေတာ့ အဖြဲ႔ကို Mute လုပ္ေပးထားမွာ ျဖစ္ပါတယ္။

(၇) အဖြဲ႔ကေန ထြက္ျခင္း

အဖြဲ႔ကေန အၿပီးပိုင္ထြက္မယ္ ဆိုရင္ေတာ့ အဖြဲ႔နာမည္ကို ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ Leave Conversation ဆိုတာကို ႏွိပ္လုိက္ပါ။ ဒါဆိုရင္ေတာ့ အဖြဲ႔ကေန အၿပီးအပိုင္ ထြက္လိုက္ၿပီပဲ ျဖစ္ပါတယ္။

 

မွတ္သားထားရမွာက Instagram ရဲ႕အဖြဲ႔တစ္ခုမွာ လူဦးေရ ၃၂ ဦးသာ ထည့္သြင္းႏိုင္မွာပါ။ အဖြဲ႔ဝင္တုိင္းက အဖြဲ႔ဝင္သစ္ေတြကို ထပ္ထည့္ႏုိင္ပါတယ္။ ကိုယ္တုိင္ဖြဲ႔လုိက္တဲ့ အဖြဲ႔ကအဖြဲ႔ဝင္ေတြကို ျပန္ဖယ္ထုတ္ႏုိင္မွာ မဟုတ္ပါဘူး။ အဖြဲ႔၀င္ေတြကိုယ္ တုိင္ထြက္မွပဲ အဖြဲ႔ကေန ထုတ္လို႔ရမွာပါ။ အဖြဲ႔ ကေန ထြက္ၿပီးရင္ေတာ့ ျပန္ဝင္ဖုိ႔ အတြက္ Group အဖြဲ႔ထဲက လူေတြကို ျပန္ထည့္ေပးဖုိ႔အတြက္ ေတာင္းဆိုရမွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

အရင်တုန်းကတော့ Instagram မှာ တိုက်ရိုက်မက် ဆေ့ချ်ပေးပို့နိုင်တဲ့ လုပ်ဆောင်ချက် မပါဝင်ပါဘူး။ မိမိအနေနဲ့ ဓာတ်ပုံတွေကိုသာ Post လုပ်တာနဲ့ Comment ပေးတာတွေမျိုးလောက်သာ လုပ်ဆောင်နိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး တိုက်ရိုက်ဆက်သွယ်နိုင်တာမျိုး အရင်က မရှိပါဘူး။ ခုဆိုရင်တော့ တိုက်ရိုက်မက်ဆေ့ချ်တွေကို သုံးစွဲသူတွေအချင်းချင်း ပေးပို့နိုင်ပြီဖြစ်ပါတယ်။ ပုံမှန်သုံးစွဲသူတွေအနေနဲ့ တိုက်ရိုက်မက်ဆေ့ချ်တွေကို သူငယ်ချင်းတွေနဲ့ မျှဝေနိုင်မှာဖြစ်တဲ့အပြင် Group Chat တွေကိုလည်း ပေးပို့နိုင်မှာဖြစ်ပါတယ်။
Instagram ရဲ့ Group ကို ပရိုတစ်ယောက်လို အသုံးပြုနိုင်မယ့် နည်းလမ်း ရ ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Group တစ်ခုဖွဲ့ခြင်း

အခြားဆိုရှယ်နက်ဝက်ခ်နဲ့ Chat app တွေလိုမျိုး Instagram ပေါ်မှာ Group တစ်ခုတည်ထောင်တာက သာမန်သုံးစွဲသူအတွက် သိပ်ပြီးမရိုးရှင်းလှပါဘူး။ ဘာလို့လဲဆိုတော့ သူမှာ Group ဖွဲ့ဖို့ ခလုတ်သီးသန့် မပါဝင်ပါဘူး။

Instagram မှာက Group တစ်ခုဖွဲ့ဖို့အတွက် တစ်ဦးထက်ပိုတဲ့သူကို ရွေးချယ်လိုက်တာနဲ့ အဖွဲ့ Group တစ်ခုကို တည်ဆောက်ပြီး သားဖြစ်သွားမှာ ဖြစ်ပါတယ်။ အဲဒီသူတွေကို ရွေးချယ်ပြီး တိုက်ရိုက်မက်ဆေ့ချ် ပို့လိုက်ရုံပဲဖြစ်ပါတယ်။ Instagram မှာ တိုက်ရိုက်မက် ဆေ့ချ်ပို့တဲ့ icon ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက အပေါင်း လက္ခဏာ ( + ) ကို တစ်ချက်နှိပ်လိုက်ပါ။

နှိပ်ပြီးရင်တော့ အနည်းဆုံး ၂ ဦးနဲ့ ၂ ဦးထက်ပိုပြီး မိမိမက်ဆေ့ချ် ပို့ချင်တဲ့သူတွေကို ရွေးလိုက်ပါ။ ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက် အောက်ခြေထောင့်နားက Send ဆိုတာကို နှိပ်လိုက်ပါ။

အဲလိုပို့လိုက်ရင်တော့ Instagram မှာ အဖွဲ့တစ်ခုဖွဲ့စည်း ပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

(၂) Group အဖွဲ့ကို နာမည် ပြောင်းခြင်း

ပုံမှန်အနေနဲ့ Instagram မှာ အဖွဲ့ထဲမှပါတဲ့သူတွေနာမည်ကို အဖွဲ့နာမည်အနေနဲ့ တွေ့ရမှာပါ။ မိမိအနေနဲ့ အဖွဲ့နာမည်ကို ပြောင်းချင်ဖို့အတွက်တော့ အောက်ကပုံ မှာပြထားတဲ့အတိုင်း အဖွဲ့ရဲ့ နာမည်အစုံပါတဲ့ နေရာကိုနှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး မြှားပြထားတဲ့နေရာမှာ မိမိအနေနဲ့ ပေးချင်တဲ့အဖွဲ့နာမည်ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ မြင်ကွင်းညာဘက် အပေါ်ထောင့်နားက Done ဆိုတာ ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အဖွဲ့နာမည်ကို ပြောင်းလဲပြီးဖြစ်ပါတယ်။ Instagram မှာတော့ အဖွဲ့ရဲ့ ဓာတ်ပုံကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အဖွဲ့ကို တည်ထောင်သူရဲ့ ပုံကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) အဖွဲ့ဝင်အသစ်ထပ် ထည့်ခြင်း

အဖွဲ့ဝင်သစ်ထပ်ထည့်ဖို့အတွက် အဖွဲ့နာမည်နေရာကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး + Add People ဆိုတဲ့ စာသားကိုနှိပ်ပြီး မိမိထပ်ပြီး အဖွဲ့ဝင်သစ်ကို ထပ်ထည့်နိုင်မှာဖြစ်ပါတယ်။

(၄) ပို့ပြီးသားမက်ဆေ့ချ်ကို ပြန်ဖျက်ခြင်း

Instagram မှာ မိမိအနေနဲ့ မှားပို့လိုက်တဲ့ မက်ဆေ့ချ်ကို ပြန်ပြီးပြန်ဖျက်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို မိမိရဲ့ပါဆင်နယ် အကောင့်မှာကော Group မှာပါ လုပ်ဆောင်နိုင်ပါတယ်။ မက်ဆေ့ချ်ကို ပြန်ဖျက်ဖို့အတွက် မိမိအနေနဲ့ ပြန်ဖျက်ချင်တဲ့ မက်ဆေ့ချ်ကို စက္ကန့်အနည်းငယ် ဖိထားလိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Unsend message ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိအနေနဲ့ ပို့လိုက်တဲ့ မှားယွင်းပို့လိုက်မိတဲ့ မက်ဆေ့ချ်ကို ပြန်ဖျက်ပေးမှာဖြစ်ပါတယ်။

(၅) ဗီဒီယို Chat ပြောခြင်း

Instagram မှာ တစ်ဦးချင်း ဗီဒီယို Chat ပြောနိုင်မယ့်အပြင် အဖွဲ့ထဲကနေလည်း Group Chat အနေနဲ့ ဗီဒီယို chat ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲလိုပြောဖို့အတွက် အဖွဲ့နာမည်ရဲ့ ညာဘက်ဘေးနား က ဗီဒီယိုကင်မရာ icon လေးကို နှိပ်ပြီး ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

(၆) အဖွဲ့ကို Mute လုပ်ခြင်း

မက်ဆေ့ချ် App တိုင်းရဲ့ Group အဖွဲ့လိုက် Chat တွေက အသိပေးမှုတွေ အမြဲတက်နေတာက အနည်းငယ်စိတ်ရှုပ်ဖို့ ကောင်းပါတယ်။ အဲဒီအတွက် အဖွဲ့တွေကို Mute လုပ်ပြီး အသိပေးချက်တွေ မတက်အောင် လုပ်ဆောင်ထားနိုင်ပါတယ်။ အဖွဲ့နာမည်နေရာကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ပြီးရင်တော့ အောက်ကပုံထဲကအတိုင်း Mute Messages ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို ဖွင့်ထားပေး လိုက်ပါ။ ဒါဆိုရင်တော့ အဖွဲ့ကို Mute လုပ်ပေးထားမှာ ဖြစ်ပါတယ်။

(၇) အဖွဲ့ကနေ ထွက်ခြင်း

အဖွဲ့ကနေ အပြီးပိုင်ထွက်မယ် ဆိုရင်တော့ အဖွဲ့နာမည်ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ Leave Conversation ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အဖွဲ့ကနေ အပြီးအပိုင် ထွက်လိုက်ပြီပဲ ဖြစ်ပါတယ်။

မှတ်သားထားရမှာက Instagram ရဲ့အဖွဲ့တစ်ခုမှာ လူဦးရေ ၃၂ ဦးသာ ထည့်သွင်းနိုင်မှာပါ။ အဖွဲ့ဝင်တိုင်းက အဖွဲ့ဝင်သစ်တွေကို ထပ်ထည့်နိုင်ပါတယ်။ ကိုယ်တိုင်ဖွဲ့လိုက်တဲ့ အဖွဲ့ကအဖွဲ့ဝင်တွေကို ပြန်ဖယ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။ အဖွဲ့ဝင်တွေကိုယ် တိုင်ထွက်မှပဲ အဖွဲ့ကနေ ထုတ်လို့ရမှာပါ။ အဖွဲ့ ကနေ ထွက်ပြီးရင်တော့ ပြန်ဝင်ဖို့ အတွက် Group အဖွဲ့ထဲက လူတွေကို ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုရမှာ ဖြစ်ပါတယ်။