Instagram Desktop မှာ message တွေပေးပို့နိုင်ပြီ

Instagram က ဧပြီ ၁၀ ရက်၊ သောကြာနေ့မှာတော့ desktop ပေါ်မှာ message တွေတိုက်ရိုက် ဖတ်ရှု၊ ပေးပို့နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

Instagram သုံးစွဲသူတွေက အဆက်မပြတ်တောင်းဆိုတဲ့ feature ကိုတော့ desktop မှာအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Instagram ဟာ အခု feature ကိုလုပ်ကိုင်ခဲ့ပြီး ဇန်နဝါရီနောက်ပိုင်း အကန့်အသတ်နဲ့ စမ်းသပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကတော့ အခု feature ကြောင့် လူတွေ၊ ဗီဒီယိုဖန်တီးသူတွေနဲ့ လုပ်ငန်းတွေက message တွေကိုသုံးနိုင်တဲ့အတွက် အရေးပါတဲ့ သူငယ်ချင်းတွေနဲ့ follower တွေနဲ့ မပြတ်ဆက်သွယ်နိုင်ပါမယ်” လို့ Instagram ကပြောခဲ့ပါတယ်။

Instagram Desktop သုံးစွဲသူတွေက ညာဘက်ထောင့်မှာ DM icon ကိုမြင်ရပါမယ်။ အဲဒီကနေတစ်ဆင့် သုံးစွဲသူက ကွန်ပျူတာကနေ ဓာတ်ပုံတွေ၊ စာသားတွေ ပေးပို့နိုင်ပါတယ်။

-စိုးထက်
Ref: DigitalTrends