Instagram ဝက်ဘ်ဆိုက်မှာ message ပေးပို့နိုင်တော့မည်

Instagram ဟာ ဝက်ဘ်ဆိုက်မှာ တိုက်ရိုက် message ပေးပို့နိုင်မယ့် လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်ပါတယ်။ Instagram ဟာ ကမ္ဘာတစ်ဝန်းက သုံးစွဲသူ အနည်းငယ်အတွက် ဝက်ဘ်ဆိုက်မှာ DMs လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။

အဲဒီ feature က လုပ်ငန်းတွေ၊ ကျော်ကြားသူတွေနဲ့ message အသုံးပြုမှု များပြားသူတွေအတွက် အလွန်အသုံးဝင်လာမှာ ဖြစ်ပါတယ်။ အခုဖြန့်ချိမှုက စမ်းသပ်မှုတစ်ခုလို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ လာမယ့်ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမယ်လို့ ပြောထားပါတယ်။

အခု direct message လုပ်ဆောင်ချက်ဟာ မိုဘိုင်းလိုမျိုး browser မှာလည်း အသုံးပြုနိုင်ပါမယ်။ သုံးစွဲသူက DM မျက်နှာပြင် ဒါမှမဟုတ် profile စာမျက်နှာကနေ စကားပြောတာအပြင် group အသစ်တွေလည်း ဖန်တီးနိုင်ပါတယ်။ Message ကို like လုပ်မယ်ဆိုရင် tap နှစ်ခါလုပ်နိုင်ပြီး desktop ကဓာတ်ပုံတွေ ဝေမျှတာနဲ့ မဖတ်ရှုရသေးတ့ message အရေအတွက်ကိုလည်း တွေ့နိုင်ပါတယ်။

သုံးစွဲသူ browser အတွင်းက Instagram ဝက်ဘ်ဆိုက်တစ်ခုလုံးအတွက် သတိပေးချက်ရယူထားရင် Desktop DM သတိပေးချက်ကို လက်ခံရရှိပါမယ်။ စမ်းသပ်မှုအတွင်း သတိပေးချက်ကို အကြိမ်ကြိမ် ပြုလုပ်သွားမယ်လို့ Instagram ကပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge