Instagram လိုမျိုး Shop tab ကို Facebook ထည့်သွင်းမယ်

Facebook ဟာ e-commerce လုပ်ငန်းအပေါ် ရင်းနှီးထားပြီး အဓိက app အတွင်း ဈေးဝယ်နိုင်မယ့် Shop tab ကိုထည့်သွင်းပါမယ်။ Facebook ရဲ့လုပ်ဆောင်ချက်က Instagram အတွင်းက လုပ်ဆောင်ချက်နဲ့ တူပါတယ်။ အမေရိကန်မှာ စမ်းသပ်မှုအဖြစ် Facebook Shop ကိုဖြန့်ချိလိုက်ပါတယ်။ အဓိက Facebook app အတွင်း လူတွေက ထုတ်ကုန်တွေကို ဝယ်ယူနိုင်ပါမယ်။

တစ်ချိန်တည်းမှာပဲ Facebook ဟာ Shops ထုတ်ကုန်ကို တိုးချဲ့နေပြီး ဒီနှစ်အစောပိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ Facebook နဲ့ Instagram မှာ ထုတ်ကုန်တွေ ရောင်းချနိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လုပ်ငန်းတွေအားလုံး အသုံးပြုနိုင်သလို လုပ်ဆောင်ချက်မှာ customization ရွေးချယ်ခွင့်၊ message နဲ့ ရလဒ်ကိုတိုင်းတာမယ့် insight တို့ပါဝင်လာပါတယ်။ ရောင်းချသူတွေက Messenger, Instagram Direct နဲ့ WhatsApp ကတစ်ဆင့် ဝယ်ယူသူတွေနဲ့ ဆက်သွယ်နိုင်ပါမယ်။

ကုန်ပစ္စည်းရောင်းချသူက ဈေးဝယ်အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်ပြီး ဝယ်ယူသူတွေက Facebook ဒါမှမဟုတ် Instagram ပေါ်ကတစ်ဆင့် တိုက်ရိုက်ဝယ်ယူနိုင်ပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို  နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««