Instagram လိုမျိုး feature တစ်မျိုးကို Facebook စမ်းသပ်

Facebook မှာ ဗီဒီယိုကြည့်ရှုတဲ့အခါ full-screen mode နဲ့ scroll down လုပ်ပြီး ကြည့်ရပါတယ်။ အခုအခါမှာတော့ Facebook ဟာ ဓာတ်ပုံတွေကိုလည်း အလားတူ အတွေ့အကြုံအတိုင်း ကြည့်ရှုနိုင်မယ့် feature တစ်ခုကို စမ်းသပ်နေပါတယ်။ Facebook ဟာ “Popular Photos” လို့အမည်ရတဲ့ ဓာတ်ပုံတွေအတွက် feature တစ်ခုကို တည်ဆောက်ပေးထားပါတယ်။

အခု setting မှာ သုံးစွဲသူက ဓာတ်ပုံကို tap လုပ်လိုက်ရင် နောက်ခံအနက်နဲ့ full-screen mode ဖြစ်သွားပါမယ်။ နောက်တော့ သုံးစွဲသူက scroll down ဒါမှမဟုတ် swipe လုပ်ပြီး ဓာတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။

Popular Photos မှာ Facebook ရဲ့ algorithm ကစီစဉ်ထားတဲ့ သူငယ်ချင်းတွေနဲ့ အခြား public post တွေကို မြင်တွေ့ရပါမယ်။

Facebook အနေနဲ့ feature အတွင်းက ဓာတ်ပုံကပ်ရှင်တွေမှာ စကားလုံး ၆၅ ခုအထိပဲ ပြသပေးမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena