Instagram ရဲ့ news feed မှာ post တွေကို ရေပြင်ညီပုံစံ ပြောင်းလဲဖော်ပြခဲ့

[ Zawgyi ]





စိုးထက်
Ref: TheVerge

[ Unicode ]

Instagram ဟာ သုံးစွဲသူတချို့အတွက် ပုံတွေကို ရေပြင်ညီကြည့်ရှုနိုင်တဲ့ feed ကို စတင်စမ်းသပ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ app ရဲ့ Explore ကဏ္ဍမှာ အောက်တိုဘာလအတွင်း အဲဒီ feature ကိုစမ်းသပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအခါမှာ Instagram ဟာ သုံးစွဲသူရဲ့ အဓိက feed တွေမှာ ကျယ်ကျယ်ပြန့်ပြန့် စတင်စမ်းသပ်ခဲ့ပါတယ်။

အခုစမ်းသပ်လိုက်တဲ့ feed အသစ်ဟာ post တွေအားလုံးကို Instagram story တစ်ခုအဖြစ် ပြသပေးမှာ ဖြစ်ပါတယ်။ စမ်းသပ်လိုက်တဲ့ ရေပြင်ညီ feed အသစ်ကြောင့် သုံးစွဲသူအားလုံး အထိတ်တလန့်ဖြစ်ကုန်ပါတယ်။
ရေပြင်ညီ feed နဲ့အတူ ဓာတ်ပုံတစ်ပုံချင်းစီနဲ့ ကြော်ငြာတစ်ခုချင်းစီကို ကြည့်ရှုဖို့ အချိန်ရလာပြီး comment တွေကိုလည်း ပိုမိုမြင်တွေ့နိုင်ပါတယ်။ Instagram က post တစ်ခုချင်းစီ အပေါ်ဘက်ဆွဲပြီး ကြည့်ရှုနိုင်ပါသေးတယ်။

Instagram ရဲ့စာမျက်နှာဖွဲ့စည်းပုံ အသစ်ရဲ့ အားနည်းချက်ကတော့ post တစ်ခုချင်းစီပဲ ကြည့်ရှုနိုင်ပါတယ်။ စာမျက်နှာဖွဲ့စည်းပုံအသစ်မှာ story တွေကို အလွယ်တကူကြည့်ရှုနိုင်ပြီး swipe down လုပ်နိုင်တဲ့ ဘားမှာ story တွေကို ကြည့်နိုင်ပါတယ်။

Ref: TheVerge