Instagram ရဲ႕ ခန္႔မွန္းတန္ေၾကး ေဒၚလာ ၁၀၀ ဘီလ်ံေက်ာ္ရွိလာ

[ Zawgyi ]

Instagram ဟာ သီးသန္႔ကုမၸဏီတစ္ခုသာ ျဖစ္မယ္ဆိုရင္ ကုမၸဏီရဲ႕ခန္႔မွန္းေျခတန္ဖိုးက ေဒၚလာ ၁၀၀ ဘီလ်ံေက်ာ္တယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

Facebook ဟာ ၂၀၁၂ ခုႏွစ္က Instagram ကို ေဒၚလာ ၁ ဘီလ်ံနဲ႔ ဝယ္ယူခဲ့ၿပီးေနာက္ မၾကာေသးခင္က လစဥ္သုံးစြဲသူအေရအတြက္ ၁ ဘီလ်ံအထိ ရွိလာပါတယ္။

Instagram ဟာ Facebook ထက္ သုံးစြဲသူသစ္ေတြကုိ ဆြဲေဆာင္ႏိုင္တဲ့အတြက္ လာမယ့္ငါးႏွစ္အတြင္း လစဥ္သုံးစြဲသူ ၂ ဘီလ်ံေက်ာ္ ရွိလာႏိုင္တယ္လို႔ Bloomberg ေလ့လာဆန္းစစ္သူက ေျပာပါတယ္။ Instagram ဟာ Facebook နဲ႔မတူဘဲ အေမရိကန္မွာ သုံးစြဲမႈႏႈန္း ဆက္လက္တုိးတက္ေနပါတယ္။

Instagram ဟာ ၂၀၁၇ ခုႏွစ္တုန္းက Facebook ရဲ႕ဝင္ေငြစာရင္းမွာ ၁၀.၆ ရာခိုင္ႏႈန္း ပါဝင္ခဲ့ၿပီး လာမယ့္တစ္ႏွစ္ေက်ာ္အတြင္း ၁၆ ရာခိုင္ႏႈန္းအထိ ပါဝင္လာႏိုင္ပါတယ္။

Instagram ဟာ ၿပီးခဲ့တဲ့အပတ္က ဗီဒီယိုက႑ကုိျမႇင့္တင္ဖုိ႔ IGTV ကိုထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ IGTV ဟာ platform ေပၚက content ဖန္တီးသူကုိ အသားေပးေဖာ္ျပေပးမယ့္ သီးသန္႔မိုဘိုင္း app တစ္ခုလညး္ ျဖစ္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Instagram ဟာ သီးသန့်ကုမ္ပဏီတစ်ခုသာ ဖြစ်မယ်ဆိုရင် ကုမ္ပဏီရဲ့ခန့်မှန်းခြေတန်ဖိုးက ဒေါ်လာ ၁၀၀ ဘီလျံကျော်တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

Facebook ဟာ ၂၀၁၂ ခုနှစ်က Instagram ကို ဒေါ်လာ ၁ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက် မကြာသေးခင်က လစဉ်သုံးစွဲသူအရေအတွက် ၁ ဘီလျံအထိ ရှိလာပါတယ်။

Instagram ဟာ Facebook ထက် သုံးစွဲသူသစ်တွေကို ဆွဲဆောင်နိုင်တဲ့အတွက် လာမယ့်ငါးနှစ်အတွင်း လစဉ်သုံးစွဲသူ ၂ ဘီလျံကျော် ရှိလာနိုင်တယ်လို့ Bloomberg လေ့လာဆန်းစစ်သူက ပြောပါတယ်။ Instagram ဟာ Facebook နဲ့မတူဘဲ အမေရိကန်မှာ သုံးစွဲမှုနှုန်း ဆက်လက်တိုးတက်နေပါတယ်။

Instagram ဟာ ၂၀၁၇ ခုနှစ်တုန်းက Facebook ရဲ့ဝင်ငွေစာရင်းမှာ ၁၀.၆ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး လာမယ့်တစ်နှစ်ကျော်အတွင်း ၁၆ ရာခိုင်နှုန်းအထိ ပါဝင်လာနိုင်ပါတယ်။

Instagram ဟာ ပြီးခဲ့တဲ့အပတ်က ဗီဒီယိုကဏ္ဍကိုမြှင့်တင်ဖို့ IGTV ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ IGTV ဟာ platform ပေါ်က content ဖန်တီးသူကို အသားပေးဖော်ပြပေးမယ့် သီးသန့်မိုဘိုင်း app တစ်ခုလညး် ဖြစ်ပါတယ်။

စိုးထက်
Ref: CNET