Instagram မှာ block ထားတဲ့သူကို unblock ဘယ်လို ပြန်လုပ်မလဲ

Instagram မှာ တစ်စုံတစ်ယောက်ကို အချိန်တစ်ခုထိ block ထားပြီး unblock ပြန်လုပ်ချင်ရင် အလွယ်တကူ လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို block ထားလိုက်ရင်တော့ အဲဒီသူရဲ့ Profile, Posts နဲ့ သူတင်သမျှတွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ block လုပ်ထားမိတဲ့သူကို unblock ပြန်လုပ်မယ်ဆိုရင်တော့ အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး ဖုန်းထဲက Insta-gram app ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ မြင်ကွင်းညာဘက်ထောင့်နားက Profile ဆိုတဲ့ icon ပုံလေးကို ထည့်လိုက်ပါ။

Profile ထဲကိုရောက်သွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက အစက်သုံးခု ဆင့်ထားတဲ့ icon ကို တစ်ချက်နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Options စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ Options စနစ်ထဲမှာ Blocked Users ဆိုတဲ့ စာသားကိုရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

Blocked Users ဆိုတဲ့ စာသားကိုနှိပ်လိုက်ရင်တော့ မိမိ block ထားတဲ့သူကို တွေ့ပါလိမ့်မယ်။ မိမိအနေနဲ့ unblock ပြန်လုပ်ချင်တဲ့သူကို ရွေးပြီးနှိပ်လိုက်ပါ။

အဲဒါဆိုရင်တော့ အောက်က ပုံအတိုင်း မိမိ unblock လုပ်မယ့် သူရဲ့ profile ဘေးနားက Unblock ဆိုတဲ့စာသားပါတဲ့ ခလုတ် ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ Unblock ဆိုတဲ့ခလုတ်ကို တစ်ချက်နှိပ်ပါ။

ဒါဆိုရင်တော့ unblock လုပ်မှာသေချာလားဆိုတဲ့ အသိပေးချက် ပေါ်လာမှာဖြစ်ပါတယ်။ သေချာတယ် ဆိုရင်တော့ Yes, I’m sure ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိအနေနဲ့ block ထားတဲ့သူကို unblock ပြုလုပ်ပြီး အရင်အတိုင်း ပြန်ဆက်သွယ်လို့ရပြီ ဖြစ်ပါတယ်။

ရဲထွဋ်ဝင်း