Instagram မှာ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ချိန် တိုးချဲ့

Instagram ကတော့ live ဗီဒီယို လုပ်ဆောင်ချက်ကို တိုးတက်အောင် ဆောင်ရွက်နေပါတယ်။ အခုဆိုရင် Instagram မှာ live ပြုလုပ်မှုနဲ့ ဗီဒီယိုတွေကို save လုပ်တာ ပိုမို လွယ်ကူလာပါတယ်။

Instagram ရဲ့အပြောင်းအလဲကြောင့် မိနစ် ၆၀ကျော်ကြာ ခွင့်ပြုထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးက Instagram အသုံးပြုသူတွေဆီ ဖြန့်ချိထားပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် တိုက်ရိုက်ထုတ်လွှင့်မှုတွေကို Stories နဲ့ Post လိုမျိုး archive မှာ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် download လုပ်ပြီး အခြားပလက်ဖောင်းမှာ တင်နိုင်ပါတယ်။ Instagram က IGTV မှာ “Live Now” ကဏ္ဍကိုလည်း ထည့်သွင်းထားလိုက်ပါပြီ။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««