Instagram နဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္သင့္တဲ့ နည္းလမ္းအခ်ိဳ႕

[ Zawgyi ]

1. Instagram မွာ Two-Factor Authentication ကို Enable လုပ္ျခင္း

Two-factor authentication ဟာ ကိုယ့္ရဲ႕ account ကို ပိုမို လံုၿခံဳစိတ္ခ်စြာ အသံုးျပဳႏိုင္ေစမယ့္ service တစ္ခုျဖစ္ပါတယ္။ Two-
factor authentication ဟာ ကိုယ့္ account ရဲ႕ password ကို အျခားတစ္ေယာက္က သိေနရင္ေတာင္ ဖုန္းနံပါတ္နဲ႔ ခ်ိတ္ဆက္ ထားတဲ့အတြက္ Tablet, Mobile အစရွိတာေတြကေန လက္ခံရရွိမယ့္ code number ကို ထည့္မသြင္းမခ်င္း log in ျပဳလုပ္ႏိုင္မွာ မဟုတ္ပါဘူး။

Instagram account မွာ Two-factor authentication ကို enable လုပ္ၿပီး အသံုးျပဳခ်င္တယ္ဆိုရင္ Instagram app ကိုဖြင့္ပါ။ ၿပီးရင္ Profile icon ကို ႏွိပ္ပါ။

Profile icon ကို ႏွိပ္ၿပီးရင္ ညာဘက္ေထာင့္ အေပၚနားမွာ စက္သြားပံုစံနဲ႔ options ဆိုတာကို ေတြ႕ရပါမယ္။ Options ကို ႏွိပ္လိုက္ပါ။
ဖုန္းနံပါတ္မထည့္ရေသးဘူးဆိုရင္ Edit Profile ဆိုတာကို ေရြးရပါမယ္။ Edit Profile ထဲကမွ Private Information ဆိုတဲ့ေနရာမွာ မိုဘိုင္းကို ေရြးၿပီး ဖုန္းနံပါတ္ကို ထည့္သြင္းေပးရပါမယ္။ ဖုန္းနံပါတ္ကို ထည့္သြင္းၿပီးရင္ Confirmation code ကို ပို႔ေပးပါလိမ့္မယ္။ ျဖည့္ေပးလိုက္ပါ။

ဖုန္းနံပါတ္ ထည့္သြင္းတဲ့ အဆင့္ၿပီးသြားရင္ Options ထဲကို ျပန္ သြားၿပီး Two-factor authentication ကို ႏွိပ္ပါ။

ၿပီးရင္ Require Security Code ဆိုတဲ့ toggle ကိုOnေပးၿပီး Turn On ဆိုတာကို ႏွိပ္ပါ။

ဒါဆိုရင္ confirmation code လွမ္းပို႔ေပးပါလိမ့္မယ္။ အဆိုပါ code ျဖစ္တဲ့ ဂဏန္းေျခာက္လံုးကို ျဖည့္ေပးၿပီး Done ကို ႏွိပ္လိုက္ပါ။
တကယ္လို႔ confirmation code ေတြ မပို႔ဘူးဆိုရင္ backup code ေတြကို screenshot လုပ္ၿပီးသိမ္းထား ႏိုင္ပါတယ္။ ဒါဆိုရင္ Instagram မွာ two-factor authentication ကို enable လုပ္ၿပီးၿပီျဖစ္ပါတယ္။

(2) Instagram က ကိုယ့္ရဲ႕ Live Video ကို သိမ္းဆည္းျခင္း

အသစ္ျဖန္႔ခ်ိေပးလိုက္တဲ့ Instagram update မွာ ကိုယ္လႊင့္ တင္ထားတဲ့ Live video ကို သိမ္းဆည္းဖို႔အတြက္ feature အသစ္ ထည့္သြင္းေပးလိုက္ပါတယ္။ Instagram version 10.12 မွာ Live video ေတြကို ထုတ္လႊင့္ျပသလို႔ ၿပီးဆံုးတာနဲ႔ ဗီဒီယိုကို တစ္ခါတည္း သိမ္းဆည္းမွာလား ဆိုတာကို ေဖာ္ျပေပးမယ့္ feature ပါဝင္လာပါတယ္။

အရင္က Live လႊင့္တယ္ဆိုရင္ Instagram Store မွာ Live အေနနဲ႔ ျပသေနၿပီး ထုတ္လႊင့္မႈ ၿပီးဆံုးသြားတဲ့အခါမွာ ဗီဒီယိုဖိုင္ဟာ app ထဲမွာ မက်န္ရွိေတာ့ပါဘူး။ အသစ္ျဖန္႔ခ်ိေပးလိုက္တဲ့ update မွာေတာ့ ကိုယ္ Live လႊင့္လိုက္တဲ့ ဗီဒီယိုကိုထုတ္လႊင့္မႈ ၿပီးသြားတဲ့
အခါမွာ ညာဘက္ေထာင့္အေပၚဘက္မွာ save ဆိုတဲ့ ခလုတ္ကိုေဖာ္ျပ ေပးပါလိမ့္မယ္။ အဆိုပါ save ဆိုတဲ့ ခလုတ္ကို ႏွိပ္လိုက္ရင္ ဗီဒီယိုဖိုင္ကို camera roll ထဲမွာ ဗီဒီယိုဖိုင္အေနနဲ႔ သိမ္းဆည္းေပးႏိုင္မွာ ျဖစ္တဲ့အတြက္ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

(3) Snapchat က Snap ေတြကို Instagram Stories ေပၚကို တင္ျခင္း

Snapchat stories နဲ႔ Instagram stories တို႔ဟာ အလြန္ဆင္တူတဲ့ feature တစ္ခုျဖစ္ပါတယ္။ Snapchat ပံုမွန္သံုးစဲြသူမ်ားအေနနဲ႔ Snapchat မွာ ကိုယ္တိုင္ ဖန္တီးထားတဲ့ ပံုတစ္ပံုကို Instagram Stories မွာ အသံုးျပဳခ်င္တယ္ဆိုရင္ ေဖာ္ျပပါနည္းလမ္းအတိုင္း အသံုးျပဳႏိုင္ပါတယ္။

Snapchat က snap တစ္ခုကို Instagram stories ေပၚမွာ အသံုးျပဳဖို႔အတြက္ ပထမဆံုး Snapchat မွာ snap တစ္ခုျပဳလုပ္ပါ။ Snap တစ္ခု ဖန္တီးၿပီးရင္ ဘယ္ဘက္ေအာက္ေျခနားမွာရွိတဲ့ save button ကို ႏွိပ္ပါ။

Save ျပဳလုပ္ၿပီးရင္ snap ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာရွိတဲ့ “ X ” button ကိုႏွိပ္ၿပီး snap ကေန ထြက္လိုက္ပါ။ ဒါဆိုရင္ shutter button ရဲ႕ေအာက္ေျခနားမွာ memories ဆိုတာကို ေတြ႕ရပါမယ္။ ဖန္တီးထားတဲ့ပံုကို memories မွာ ေတြ႕ရပါမယ္။ အဲ့ဒီပံုကို ႏွိပ္လိုက္ပါ။

ပံုကိုႏွိပ္ၿပီး swipe လုပ္လိုက္ရင္ ေအာက္ေျခမွာ export ရယ္ delete ရယ္ ေတြ႕ရပါလိမ့္မယ္။ Export button ကို ႏွိပ္ပါ။ Export လုပ္လိုက္ရင္ ပံုကို iPhone မွာဆိုရင္ Camera roll ေအာက္မွာ သိမ္းဆည္းေပးထားပါလိမ့္မယ္။

Instagram Stories မွာ အသံုးျပဳဖို႔အတြက္ Instagram app ကိုဖြင့္ၿပီး အေပၚဘက္မွာရွိတဲ့ Your Story ကို ႏွိပ္ပါ။ ၿပီးရင္ ကင္မရာ
ေနရာမွာ swipe လုပ္လိုက္ရင္ Camera roll က ပံုေတြကုိ ေတြ႕ရပါ လိမ့္မယ္။ ဒါဆိုရင္ Snapchat ကေန ဖန္တီးထားတဲ့ ပံုကို ေရြးယူၿပီး Instagram stories မွာတင္ႏိုင္ပါၿပီ။

(4) Instagram မွာ Block ထားတဲ့သူကို Unblock ျပဳလုပ္ျခင္း

Instagram မွာ တစ္စုံတစ္ေယာက္ကိုအခ်ိန္တစ္ခုထိ block ထားၿပီး unblock ျပန္လုပ္ခ်င္ရင္ အလြယ္တကူ လုပ္ႏုိင္မွာျဖစ္ပါတယ္။ အဲဒီလို block ထားလိုက္ရင္ေတာ့ အဲဒီသူရဲ႕ Profile, Posts နဲ႔ သူတင္သမွ်ေတြကို ျမင္ေတြ႕ရေတာ့မွာမဟုတ္ပါဘူး။ block လုပ္ ထားမိတဲ့သူကို unblock ျပန္လုပ္မယ္ဆိုရင္ေတာ့ ေအာက္ပါ နည္းလမ္းအတုိင္း ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

ပထမဆုံးဖုန္းထဲက Instagram app ကို ဖြင့္လုိက္ပါ။

ၿပီးရင္ေတာ့ ျမင္ကြင္းညာဘက္ေထာင့္နားက Profile ဆိုတဲ့ icon ပုံေလးကို ထည့္လိုက္ပါ။

Profile ထဲကို ေရာက္သြားရင္ေတာ့ ပုံမွာျပထားတဲ့အတုိင္း ျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားက အစက္သုံးခုဆင့္ထားတဲ့ icon ကို တစ္ခ်က္ႏွိပ္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ Options စနစ္ထဲကို ေရာက္သြားပါ လိမ့္မယ္။ Options စနစ္ထဲမွာ Blocked Users ဆိုတဲ့စာသားကိုရွာၿပီး တစ္ခ်က္ႏွိပ္လိုက္ပါ။

Blocked Users ဆိုတဲ့ စာသားကိုႏွိပ္လုိက္ရင္ေတာ့ မိမိ block ထားတဲ့သူကို ေတြ႕ပါလိမ့္မယ္။ မိမိအေနနဲ႔ unblock ျပန္ လုပ္ခ်င္တဲ့ သူကို ေရြးၿပီးႏွိပ္လိုက္ပါ။

အဲဒါဆိုရင္ေတာ့ မိမိ unblock လုပ္မယ့္ သူရဲ႕ profile ေဘးနားက Unblock ဆိုတဲ့ စာသားပါတဲ့ ခလုတ္ေပၚလာမွာျဖစ္ပါတယ္။ အဲဒီ Unblock ဆုိတဲ့ ခလုတ္ကိုတစ္ခ်က္ႏွိပ္ပါ။

ဒါဆိုရင္ေတာ့ unblock လုပ္မွာ ေသခ်ာလားဆိုတဲ့ အသိေပးခ်က္ ေပၚလာမွာျဖစ္ပါတယ္။ ေသခ်ာတယ္ဆိုရင္ေတာ့ Yes, I’m sure ကို ႏွိပ္လုိက္ပါ။ ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ block ထားတဲ့သူကို unblock ျပဳ လုပ္ၿပီးအရင္အတုိင္း ျပန္ဆက္သြယ္လုိ႔ ရၿပီျဖစ္ပါတယ္။

(5) Instagram ရဲ႕ ရွာေဖြ မႈအႀကံျပဳခ်က္ေတြ ရွင္းလင္းျခင္း

Instagram ရဲ႕ ရွာေဖြမႈ အႀကံျပဳေတြက မိမိအတြက္ သုံးရတာ စိတ္အေႏွာင့္အယွက္ ျဖစ္တယ္လုိ႔ ထင္ရင္ေတာ့ ခုေဖာ္ျပေပးမယ့္ နည္းလမ္းအတုိင္း ရွင္းလင္းႏုိင္မွာ ျဖစ္ပါတယ္။ မိမိအေနနဲ႔ ပုံမွန္တူညီတဲ့ ရွာေဖြမႈေတြ လုပ္ေလ့ရွိတဲ့ သူဆိုရင္ေတာ့ ရွာေဖြအႀကံျပဳခ်က္ေတြကို မရွင္းသင့္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဖုန္းသုံးၿပီးရွာေဖြတဲ့ အခါမွာ ရွာေဖြဆုိင္ရာအႀကံျပဳခ်က္က ဖုန္းရဲ႕ ေသးငယ္ၿပီး စာ႐ိုက္ရတာ ခက္ခဲမႈကို အဆင္ေျပေစဖို႔အတြက္ ထည့္သြင္းေပးထားတဲ့ လုပ္ေဆာင္ခ်က္ျဖစ္လို႔ ျဖစ္ပါတယ္။

Instagram ရဲ႕ ရွာေဖြမႈဆုိင္ရာ အႀကံျပဳခ်က္ကို ရွင္းလင္းဖုိ႔အတြက္ အရင္ဆုံးဖုန္းထဲကေန Instagram app ကို ဖြင့္လုိက္ပါ။ ၿပီးရင္ေတာ့ Profile icon ကို တစ္ခ်က္ႏိွပ္လုိက္ပါ။

Profile ထဲကို ေရာက္သြားပါမယ္။ ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားက အစက္သုံးခုဆင့္ထားတဲ့ menu icon ကို ႏွိပ္ပါ။

iPhone သုံးတဲ့ သူေတြဆိုရင္ ေတာ့ Options စနစ္ထဲကို သြားဖို႔အတြက္ Cog icon လို႔ေခၚတဲ့ ေအာက္ကပုံမွာ ျပထားတဲ့ icon ကို ႏွိပ္ပါ။

Menu ဒါမွမဟုတ္ Cog icon ကို ႏွိပ္လုိက္ရင္ေတာ့ Instagram Options စနစ္ထဲကို ေရာက္သြားျဖစ္ပါတယ္။ Options စနစ္ထဲ ေရာက္သြားရင္ေတာ့ Clear Search History ဆိုတဲ့ စာသားကို ႏွိပ္လုိက္ပါ။

Clear Search History ဆိုတဲ့ စာသားကို ႏွိပ္လုိက္ရင္ေတာ့ ဖ်က္မွာေသခ်ာလားဆိုတဲ့ စာသားတစ္ ခုေပၚလာမွာျဖစ္ၿပီး မိမိအေနနဲ႔ ရွင္းလင္းပစ္မွာေသခ်ာတဲ့အတြက္ Yes, I’m sure ဆုိတဲ့ စာသားကို ေရြးေပးလိုက္ပါ။

အဲလိုရွင္းလင္းပစ္လုိက္ရင္ေတာ့ ေနာက္ထပ္ Instagram မွာ ရွာေဖြရင္ ရွာေဖြမႈအႀကံျပဳခ်က္ေတြ ေပၚလာမွာ မဟုတ္ေတာ့ပါဘူး။

-စည္သူ

[ Unicode ]

1. Instagram မှာ Two-Factor Authentication ကို Enable လုပ်ခြင်း

Two-factor authentication ဟာ ကိုယ့်ရဲ့ account ကို ပိုမို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေမယ့် service တစ်ခုဖြစ်ပါတယ်။ Two-
factor authentication ဟာ ကိုယ့် account ရဲ့ password ကို အခြားတစ်ယောက်က သိနေရင်တောင် ဖုန်းနံပါတ်နဲ့ ချိတ်ဆက် ထားတဲ့အတွက် Tablet, Mobile အစရှိတာတွေကနေ လက်ခံရရှိမယ့် code number ကို ထည့်မသွင်းမချင်း log in ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

Instagram account မှာ Two-factor authentication ကို enable လုပ်ပြီး အသုံးပြုချင်တယ်ဆိုရင် Instagram app ကိုဖွင့်ပါ။ ပြီးရင် Profile icon ကို နှိပ်ပါ။

Profile icon ကို နှိပ်ပြီးရင် ညာဘက်ထောင့် အပေါ်နားမှာ စက်သွားပုံစံနဲ့ options ဆိုတာကို တွေ့ရပါမယ်။ Options ကို နှိပ်လိုက်ပါ။
ဖုန်းနံပါတ်မထည့်ရသေးဘူးဆိုရင် Edit Profile ဆိုတာကို ရွေးရပါမယ်။ Edit Profile ထဲကမှ Private Information ဆိုတဲ့နေရာမှာ မိုဘိုင်းကို ရွေးပြီး ဖုန်းနံပါတ်ကို ထည့်သွင်းပေးရပါမယ်။ ဖုန်းနံပါတ်ကို ထည့်သွင်းပြီးရင် Confirmation code ကို ပို့ပေးပါလိမ့်မယ်။ ဖြည့်ပေးလိုက်ပါ။

ဖုန်းနံပါတ် ထည့်သွင်းတဲ့ အဆင့်ပြီးသွားရင် Options ထဲကို ပြန် သွားပြီး Two-factor authentication ကို နှိပ်ပါ။

ပြီးရင် Require Security Code ဆိုတဲ့ toggle ကိုOnပေးပြီး Turn On ဆိုတာကို နှိပ်ပါ။

ဒါဆိုရင် confirmation code လှမ်းပို့ပေးပါလိမ့်မယ်။ အဆိုပါ code ဖြစ်တဲ့ ဂဏန်းခြောက်လုံးကို ဖြည့်ပေးပြီး Done ကို နှိပ်လိုက်ပါ။
တကယ်လို့ confirmation code တွေ မပို့ဘူးဆိုရင် backup code တွေကို screenshot လုပ်ပြီးသိမ်းထား နိုင်ပါတယ်။ ဒါဆိုရင် Instagram မှာ two-factor authentication ကို enable လုပ်ပြီးပြီဖြစ်ပါတယ်။

(2) Instagram က ကိုယ့်ရဲ့ Live Video ကို သိမ်းဆည်းခြင်း

အသစ်ဖြန့်ချိပေးလိုက်တဲ့ Instagram update မှာ ကိုယ်လွှင့် တင်ထားတဲ့ Live video ကို သိမ်းဆည်းဖို့အတွက် feature အသစ် ထည့်သွင်းပေးလိုက်ပါတယ်။ Instagram version 10.12 မှာ Live video တွေကို ထုတ်လွှင့်ပြသလို့ ပြီးဆုံးတာနဲ့ ဗီဒီယိုကို တစ်ခါတည်း သိမ်းဆည်းမှာလား ဆိုတာကို ဖော်ပြပေးမယ့် feature ပါဝင်လာပါတယ်။

အရင်က Live လွှင့်တယ်ဆိုရင် Instagram Store မှာ Live အနေနဲ့ ပြသနေပြီး ထုတ်လွှင့်မှု ပြီးဆုံးသွားတဲ့အခါမှာ ဗီဒီယိုဖိုင်ဟာ app ထဲမှာ မကျန်ရှိတော့ပါဘူး။ အသစ်ဖြန့်ချိပေးလိုက်တဲ့ update မှာတော့ ကိုယ် Live လွှင့်လိုက်တဲ့ ဗီဒီယိုကိုထုတ်လွှင့်မှု ပြီးသွားတဲ့အခါမှာ ညာဘက်ထောင့်အပေါ်ဘက်မှာ save ဆိုတဲ့ ခလုတ်ကိုဖော်ပြ ပေးပါလိမ့်မယ်။ အဆိုပါ save ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် ဗီဒီယိုဖိုင်ကို camera roll ထဲမှာ ဗီဒီယိုဖိုင်အနေနဲ့ သိမ်းဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(3) Snapchat က Snap တွေကို Instagram Stories ပေါ်ကို တင်ခြင်း

Snapchat stories နဲ့ Instagram stories တို့ဟာ အလွန်ဆင်တူတဲ့ feature တစ်ခုဖြစ်ပါတယ်။ Snapchat ပုံမှန်သုံးစွဲသူများအနေနဲ့ Snapchat မှာ ကိုယ်တိုင် ဖန်တီးထားတဲ့ ပုံတစ်ပုံကို Instagram Stories မှာ အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။

Snapchat က snap တစ်ခုကို Instagram stories ပေါ်မှာ အသုံးပြုဖို့အတွက် ပထမဆုံး Snapchat မှာ snap တစ်ခုပြုလုပ်ပါ။ Snap တစ်ခု ဖန်တီးပြီးရင် ဘယ်ဘက်အောက်ခြေနားမှာရှိတဲ့ save button ကို နှိပ်ပါ။

Save ပြုလုပ်ပြီးရင် snap ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာရှိတဲ့ “ X ” button ကိုနှိပ်ပြီး snap ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် shutter button ရဲ့အောက်ခြေနားမှာ memories ဆိုတာကို တွေ့ရပါမယ်။ ဖန်တီးထားတဲ့ပုံကို memories မှာ တွေ့ရပါမယ်။ အဲ့ဒီပုံကို နှိပ်လိုက်ပါ။

ပုံကိုနှိပ်ပြီး swipe လုပ်လိုက်ရင် အောက်ခြေမှာ export ရယ် delete ရယ် တွေ့ရပါလိမ့်မယ်။ Export button ကို နှိပ်ပါ။ Export လုပ်လိုက်ရင် ပုံကို iPhone မှာဆိုရင် Camera roll အောက်မှာ သိမ်းဆည်းပေးထားပါလိမ့်မယ်။

Instagram Stories မှာ အသုံးပြုဖို့အတွက် Instagram app ကိုဖွင့်ပြီး အပေါ်ဘက်မှာရှိတဲ့ Your Story ကို နှိပ်ပါ။ ပြီးရင် ကင်မရာ
နေရာမှာ swipe လုပ်လိုက်ရင် Camera roll က ပုံတွေကို တွေ့ရပါ လိမ့်မယ်။ ဒါဆိုရင် Snapchat ကနေ ဖန်တီးထားတဲ့ ပုံကို ရွေးယူပြီး Instagram stories မှာတင်နိုင်ပါပြီ။

(4) Instagram မှာ Block ထားတဲ့သူကို Unblock ပြုလုပ်ခြင်း

Instagram မှာ တစ်စုံတစ်ယောက်ကိုအချိန်တစ်ခုထိ block ထားပြီး unblock ပြန်လုပ်ချင်ရင် အလွယ်တကူ လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို block ထားလိုက်ရင်တော့ အဲဒီသူရဲ့ Profile, Posts နဲ့ သူတင်သမျှတွေကို မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ block လုပ် ထားမိတဲ့သူကို unblock ပြန်လုပ်မယ်ဆိုရင်တော့ အောက်ပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံးဖုန်းထဲက Instagram app ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ မြင်ကွင်းညာဘက်ထောင့်နားက Profile ဆိုတဲ့ icon ပုံလေးကို ထည့်လိုက်ပါ။

Profile ထဲကို ရောက်သွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက အစက်သုံးခုဆင့်ထားတဲ့ icon ကို တစ်ချက်နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Options စနစ်ထဲကို ရောက်သွားပါ လိမ့်မယ်။ Options စနစ်ထဲမှာ Blocked Users ဆိုတဲ့စာသားကိုရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

Blocked Users ဆိုတဲ့ စာသားကိုနှိပ်လိုက်ရင်တော့ မိမိ block ထားတဲ့သူကို တွေ့ပါလိမ့်မယ်။ မိမိအနေနဲ့ unblock ပြန် လုပ်ချင်တဲ့ သူကို ရွေးပြီးနှိပ်လိုက်ပါ။

အဲဒါဆိုရင်တော့ မိမိ unblock လုပ်မယ့် သူရဲ့ profile ဘေးနားက Unblock ဆိုတဲ့ စာသားပါတဲ့ ခလုတ်ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ Unblock ဆိုတဲ့ ခလုတ်ကိုတစ်ချက်နှိပ်ပါ။

ဒါဆိုရင်တော့ unblock လုပ်မှာ သေချာလားဆိုတဲ့ အသိပေးချက် ပေါ်လာမှာဖြစ်ပါတယ်။ သေချာတယ်ဆိုရင်တော့ Yes, I’m sure ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ မိမိအနေနဲ့ block ထားတဲ့သူကို unblock ပြု လုပ်ပြီးအရင်အတိုင်း ပြန်ဆက်သွယ်လို့ ရပြီဖြစ်ပါတယ်။

(5) Instagram ရဲ့ ရှာဖွေ မှုအကြံပြုချက်တွေ ရှင်းလင်းခြင်း

Instagram ရဲ့ ရှာဖွေမှု အကြံပြုတွေက မိမိအတွက် သုံးရတာ စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ ထင်ရင်တော့ ခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ပုံမှန်တူညီတဲ့ ရှာဖွေမှုတွေ လုပ်လေ့ရှိတဲ့ သူဆိုရင်တော့ ရှာဖွေအကြံပြုချက်တွေကို မရှင်းသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဖုန်းသုံးပြီးရှာဖွေတဲ့ အခါမှာ ရှာဖွေဆိုင်ရာအကြံပြုချက်က ဖုန်းရဲ့ သေးငယ်ပြီး စာရိုက်ရတာ ခက်ခဲမှုကို အဆင်ပြေစေဖို့အတွက် ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်ဖြစ်လို့ ဖြစ်ပါတယ်။

Instagram ရဲ့ ရှာဖွေမှုဆိုင်ရာ အကြံပြုချက်ကို ရှင်းလင်းဖို့အတွက် အရင်ဆုံးဖုန်းထဲကနေ Instagram app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Profile icon ကို တစ်ချက်နှိပ်လိုက်ပါ။

Profile ထဲကို ရောက်သွားပါမယ်။ ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက အစက်သုံးခုဆင့်ထားတဲ့ menu icon ကို နှိပ်ပါ။

iPhone သုံးတဲ့ သူတွေဆိုရင် တော့ Options စနစ်ထဲကို သွားဖို့အတွက် Cog icon လို့ခေါ်တဲ့ အောက်ကပုံမှာ ပြထားတဲ့ icon ကို နှိပ်ပါ။

Menu ဒါမှမဟုတ် Cog icon ကို နှိပ်လိုက်ရင်တော့ Instagram Options စနစ်ထဲကို ရောက်သွားဖြစ်ပါတယ်။ Options စနစ်ထဲ ရောက်သွားရင်တော့ Clear Search History ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။

Clear Search History ဆိုတဲ့ စာသားကို နှိပ်လိုက်ရင်တော့ ဖျက်မှာသေချာလားဆိုတဲ့ စာသားတစ် ခုပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ ရှင်းလင်းပစ်မှာသေချာတဲ့အတွက် Yes, I’m sure ဆိုတဲ့ စာသားကို ရွေးပေးလိုက်ပါ။

အဲလိုရှင်းလင်းပစ်လိုက်ရင်တော့ နောက်ထပ် Instagram မှာ ရှာဖွေရင် ရှာဖွေမှုအကြံပြုချက်တွေ ပေါ်လာမှာ မဟုတ်တော့ပါဘူး။