Instagram နဲ့ Facebook Messenger အပြန်အလှန် စာပို့နိုင်မယ့် လုပ်ဆောင်ချက်

Facebook ဟာ platform အမျိုးမျိုးအပေါ်မှာ message ပို့နိုင်မယ့် လုပ်ဆောင်ချက်ကို သုံးစွဲသူတချို့ဆီ ထောက်ပံ့ပေးနေပါပြီ။ Instagram ရဲ့ တိုက်ရိုက် မက်ဆေ့ချ်ပေးပို့နိုင်တဲ့ DM စနစ်ကို အပြောင်းအလဲ ပြုလုပ်ထားပြီး Messenger လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားပါတယ်။

Instagram messaging tool တွေမှာ message တွေကို ဖျောက်တာ၊ selfie sticker နဲ့ emoji အပြင် chat color တွေလည်း ပါဝင်လာနိုင်ပြီး မလိုတဲ့ message တွေကို ပိတ်ပင်တာနဲ့ Watch Together လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။

သုံးစွဲသူတွေက Facebook ရဲ့ အခု လုပ်ဆောင်ချက် update ကိုလည်း ရွေးချယ်နိုင်သလို ဖယ်ရှားလို့လည်း ရပါတယ်။ အခု update ကိုအသုံးပြုဖို့ အတင်းအကျပ် အားပေးသွားမှာ မဟုတ်ပါဘူး။ အခု cross-platform စာပို့စနစ်မှာ Instagram နဲ့ Messenger ပေါ်က သုံးစွဲသူတွေက ပရိုဖိုင်အမျိုးမျိုးနဲ့ app ၂ ခုစလုံး တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါမယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««