Instagram ကို TikTok ကျော်တက်နိုင်ဟု Snap တည်ထောင်သူပြောကြား

TikTok ဟာ ကမ္ဘာ့တတိယမြောက်အကြီးဆုံး လူမှုကွန်ရက် Instagram ကိုကျော်တက်နို်ငတဲ့ အခြေအနေရှိနေပြီလို့ Snap တည်ထောင်သူ အီဗန်စပီဂျယ်က ပြောခဲ့ပါတယ်။

အီဗန်စပီဂျယ်ရဲ့ Snapchat ဟာ ၈ နှစ်လုံးလုံး အကြီးဆုံး လူမှုကွန်ရက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အခုအခါမှာတော့ ဗီဒီယိုအတိုလေးတွေဝေမျှနိုင်တဲ့ TikTok ဟာ အဲဒီအခြေအနေမှာ ရှိနေပါပြီ။
အီဗန်စပီဂျယ်ဟာ TikTok နဲ့ပတ်သက်တဲ့မှတ်ချက်ကို Digital Life Design (DLD) မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် TikTok ကိုသဘောကျတယ်။ အကြီးစားပရိသတ်တစ်ယောက်ပါ။ မူလတည်ဆောက်မှု လူမှုရေးမီဒီယာက stauts ဖြစ်ပြီး ကိုယ်ဟာ ဘယ်သူဖြစ်တယ်ဆိုတာ ကိုယ်စားပြုကြပါတယ်။ ခင်ဗျားက ဘယ်လောက်မိုက်ပြီး like နဲ့ comment တွေရရှိတယ်” လို့ အီဗန်စပီဂျယ်က ပြောခဲ့ပါတယ်။

သုံးစွဲသူတွေ TikTok မှာ content ဖန်တီးတာက လူမှုရေးအခြေအနေထက် အရည်အသွေးကို ပြသရတယ်လို့ အီဗန်စပီဂျယ်က ပြောခဲ့ပါတယ်။ “လူတွေက ၂ နာရီလောက်အသုံးပြုပြီး အကသစ်ကို သင်ယူတာ ဒါမှမဟုတ် ဇာတ်လမ်းပြောဖို့ ဖန်တီးမှုရှိတဲ့နည်းလမ်းသစ်ကို စဉ်းစားကြပါတယ်။ အခြားလူတွေကို ဖျော်ဖြေဖို့ မီဒီယာကို ဖန်တီးနေပါတယ်၊ အခုအချက်တွေက Instagram ကိုကျော်လွန်ဖို့ သော့ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ အရည်အသွေးပြသမှု အခြေခံ content တွေက status အခြေခံ content ထက်စိတ်ဝင်စားဖို့ ပိုမိုကောင်းလာမယ်” လို့ အီဗန်စပီဂျယ်က ပြောခဲ့ပါတယ်။

စိုးထက်
Ref: TheNextWeb