Instagram ကို 1MB လျှင် တစ်ကျပ်နှုန်းဖြင့်အသုံးပြုနိုင်ရန် MPT ပြုလုပ်

Instagram အသုံးပြုသူတွေအတွက် 1MB ကို တစ်ကျပ်နှုန်းပဲ ကျသင့်မယ့် အစီအစဉ်တစ်ခုကို MPT က ပြုလုပ်လိုက်ပါတယ်။

အောက်တိုဘာ ၃ ရက်ကနေစပြီးအသုံးပြုနိုင်မယ်လို့သိရပါတယ်။ အရင် Social Pack ကိုပြောင်းလဲလိုက်တာဖြစ်ပြီး အခြား Application တွေဖြစ်တဲ့ Facebook, Line နဲ့ Viber တွေကိုတော့ အရင်နှုန်းထားအတိုင်းအသုံးပြုနိုင်မယ်လို့သိရပါတယ်။ “မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲသူလူဦးရေ ၄ ယောက်မှာ ၁ ယောက်က အင်တာနက်ကို နေ့စဉ်နဲ့အမျှ အသုံးပြုနေကြပြီးတော့ အများစုကတော့ သူတို့ရဲ့ လူမှုကွန်ရက်ကို အများဆုံးအသုံးပြုကြပါတယ်၊ အခုဆို Instagram တို့လို နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေကို ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်စေဖို့ ကျွန်တော်တို့ရဲ့ Social Pack အစီအစဉ်ကို အသစ်တစ်ဖန်ပြန်လည် ဆောင်ရွက်လိုက်တာပါ” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကဆိုပါတယ်။

ဆွေသဟာနဲ့ ရှယ်ပြော အစီအစဉ်ကိုရယူထားတဲ့ GSM, WCDMA နဲ့ LTE+ ကွန်ရက် စနစ်သုံးမိုဘိုင်းဖုန်း အသုံးပြုသူအားလုံးအနေနဲ့ အဲဒီ Applications တွေကို သတ်မှတ် ထားပြီးသားဒေတာပမာဏတွေ နဲ့ ၂၄ နာရီ၊ ၇ ရက်၊ ရက် ၃၀ စသည်ဖြင့် ရွေးချယ်အသုံးပြုနိုင် မှာဖြစ်ပါတယ်။

-ထွန်းထွန်း