Inspiron အမွတ္တံဆိပ္ ပထမဆံုး consumer Chromebook ကို Dell မိတ္ဆက္

Dell ဟာ ကုမၸဏီရဲ႕ ပထမဆံုး consumer Chromebook ကို Inspiron အမွတ္တံဆိပ္နဲ႔ မိတ္ဆက္လိုက္ပါတယ္။

ဒါဟာ Inspiron အမွတ္တံဆိပ္ ပထမဆံုး consumer Chromebook ျဖစ္ၿပီး ပရီမီယံ ဒီဇိုင္းအသြင္အျပင္၊ တမူထူးျခားတဲ့ ေအာက္ခံထည္နဲ႔ integrated pen တစ္ေခ်ာင္းတို႔ ပါဝင္ပါတယ္။

“ေက်ာင္းေတြမွာ Chromebook ေတြသံုးေနတဲ့ ကေလးငယ္ေတြကို ပစ္မွတ္ထားထားပါတယ္။ ဒီကေလးေတြက အထက္တန္းေက်ာင္းနဲ႔ ေကာလိပ္ေတြကို ေရာက္ရိွလာတဲ့အခါမွာ ပရီမီယံ consumer device တစ္ခုလို ခံစားရၿပီး သံုးေနက် Chrome application ေတြနဲ႔ အသံုးျပဳႏိုင္ေစမယ့္ ထုတ္ကုန္တစ္ခုကို အသံုးျပဳေစခ်င္တဲ့ဆႏၵ ကၽြန္ေတာ္တို႔မွာ ရိွပါတယ္” လို႔ Dell ဒုဥကၠ႒ျဖစ္သူ Raza Haider က ေျပာၾကားခဲ့ပါတယ္။

ဒီ Chromebook ေတြကို ေမာ္ဒယ္အခ်ိဳ႕နဲ႔ ရရိွႏိုင္ပါတယ္။ Inspiron 7480 မွာ ၁၄ လက္မ screen နဲ႔ 2-in-1 laptop-tablet hybrid လုပ္ေဆာင္ခ်က္ ပါဝင္ပါတယ္။ ဒီေမာ္ဒယ္ကို ေအာက္တိုဘာ ၂၃ မွာ ေဒၚလာ ၆၀၀ နဲ႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Intel 8th Gen Core i3 processor နဲ႔ 4GB memory ပါဝင္ၿပီး flash storage ကို 128GB အထိ ရရိွႏိုင္ပါတယ္။ ဘက္ထရီနဲ႔ ၁၀ နာရီၾကာ သံုးႏိုင္ပါတယ္။ Backlit keyboard တစ္ခုနဲ႔ stylus တစ္ခု ပါဝင္ပါတယ္။

Inspiron 3181 ကေတာ့ ၁၁.၆ လက္မ Chromebook ျဖစ္ၿပီး ေဒၚလာ ၁၈၀ နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ဒီထုတ္ကုန္မွာ ဘက္ထရီကို ၁၃ နာရီၾကာ အသံုးျပဳႏုိင္ပါတယ္။ Intel Celeron processor, Intel integrated graphics, 4GB memory, 16GB flash memory တို႔နဲ႔ အသံုးျပဳႏုိင္ပါတယ္။ ေနာက္ဗားရွင္းတစ္ခုက 2-in-1 tablet လုပ္ေဆာင္ခ်က္ပါဝင္ၿပီး ေဒၚလာ ၂၈၀ က်သင့္မယ္လို႔ သိရပါတယ္။

Ref: VentureBeat

[ Unicode ]

Dell ဟာ ကုမ္ပဏီရဲ့ ပထမဆုံး consumer Chromebook ကို Inspiron အမှတ်တံဆိပ်နဲ့ မိတ်ဆက်လိုက်ပါတယ်။

ဒါဟာ Inspiron အမှတ်တံဆိပ် ပထမဆုံး consumer Chromebook ဖြစ်ပြီး ပရီမီယံ ဒီဇိုင်းအသွင်အပြင်၊ တမူထူးခြားတဲ့ အောက်ခံထည်နဲ့ integrated pen တစ်ချောင်းတို့ ပါဝင်ပါတယ်။

“ကျောင်းတွေမှာ Chromebook တွေသုံးနေတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားထားပါတယ်။ ဒီကလေးတွေက အထက်တန်းကျောင်းနဲ့ ကောလိပ်တွေကို ရောက်ရှိလာတဲ့အခါမှာ ပရီမီယံ consumer device တစ်ခုလို ခံစားရပြီး သုံးနေကျ Chrome application တွေနဲ့ အသုံးပြုနိုင်စေမယ့် ထုတ်ကုန်တစ်ခုကို အသုံးပြုစေချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိပါတယ်” လို့ Dell ဒုဥက္ကဋ္ဌဖြစ်သူ Raza Haider က ပြောကြားခဲ့ပါတယ်။

ဒီ Chromebook တွေကို မော်ဒယ်အချို့နဲ့ ရရှိနိုင်ပါတယ်။ Inspiron 7480 မှာ ၁၄ လက်မ screen နဲ့ 2-in-1 laptop-tablet hybrid လုပ်ဆောင်ချက် ပါဝင်ပါတယ်။ ဒီမော်ဒယ်ကို အောက်တိုဘာ ၂၃ မှာ ဒေါ်လာ ၆၀၀ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။ Intel 8th Gen Core i3 processor နဲ့ 4GB memory ပါဝင်ပြီး flash storage ကို 128GB အထိ ရရှိနိုင်ပါတယ်။ ဘက်ထရီနဲ့ ၁၀ နာရီကြာ သုံးနိုင်ပါတယ်။ Backlit keyboard တစ်ခုနဲ့ stylus တစ်ခု ပါဝင်ပါတယ်။

Inspiron 3181 ကတော့ ၁၁.၆ လက်မ Chromebook ဖြစ်ပြီး ဒေါ်လာ ၁၈၀ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီထုတ်ကုန်မှာ ဘက်ထရီကို ၁၃ နာရီကြာ အသုံးပြုနိုင်ပါတယ်။ Intel Celeron processor, Intel integrated graphics, 4GB memory, 16GB flash memory တို့နဲ့ အသုံးပြုနိုင်ပါတယ်။ နောက်ဗားရှင်းတစ်ခုက 2-in-1 tablet လုပ်ဆောင်ချက်ပါဝင်ပြီး ဒေါ်လာ ၂၈၀ ကျသင့်မယ်လို့ သိရပါတယ်။

Ref: VentureBeat