Inside

အခုတစ္ခါေတာ့ Platform စံုစံုနဲ႔ကစားႏိုင္မယ့္ စြန္႔စားခန္းဂိမ္းတစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဂိမ္းကိုလွ်ိဳ႕ဝွက္သည္းဖိုဆန္ဆန္ ဖန္တီးထားမႈက ေတာ္ေတာ္ေလး ဆန္းေနပါတယ္။

အထူးသျဖင့္ ဂိမ္းရဲ႕ အခန္းအမ်ားစုက အေမွာင္ခန္းမ်ားတယ္၊ ဇာတ္လမ္းသြားတစ္ေလွ်ာက္ အသံလံုးဝ ေဖ်ာက္ထားၿပီး တိတ္ဆိတ္မႈမ်ားတယ္။ ဇာတ္ေကာင္ ေလးကို နာမည္ေပးမထားဘဲ Single ပံုစံနဲ႔ပဲ အေမွာင္ခန္းေတြထဲမွာ တစ္ခန္းၿပီးတစ္ခန္း မိမိရွင္သန္ေရးအတြက္ ဇာတ္လမ္းသြား ကစားရမွာပါ။ ဇာတ္ေကာင္အေနနဲ႔ လမ္းေလွ်ာက္သြားလာရမယ္၊ ေျပးႏုိင္တယ္၊ ေရကူးႏုိင္တယ္၊ အျမင့္ေတြကို တြယ္ကပ္တက္ႏုိင္တယ္၊ အနီးနားက ပစၥည္းေတြကို လိုအပ္ရင္ ယူသံုးႏုိင္မွာပါ။

The Swapper ဂိမ္းနဲ႔ ဆင္တူၿပီး ကစားသူအေနနဲ႔ အခန္းတစ္ခန္းေအာင္ျမင္မွာ မဟုတ္ဘဲ အဆင့္တစ္ဆင့္ ေအာင္ျမင္ၿပီး တိုင္း Item အသစ္ရမယ္၊ ဒီItem ေတြကို စုထားၿပီးသူလည္း စြမ္းရည္ေတြတက္လာပါ လိမ့္မယ္။ အခန္းတစ္ခန္းခ်င္းစီိကိုဝင္ၿပီး Unlock ျဖစ္ေအာင္ ေက်ာ္ျဖတ္ရမွာလည္း ျဖစ္ပါတယ္။ ဇာတ္ေကာင္အေနနဲ႔ တိုက္ခိုက္ေရးဂိမ္းမဟုတ္လို႔ ရန္သူမရွိဘူးလို႔ ထင္ရေပမယ့္ အခန္းတိုင္းမွာ
စိန္ေခၚမႈေတြရွိေနမွာပါ။ လံုၿခံဳေရး စနစ္ပံုစံ တပ္ဆင္ထားတဲ့ စက္ေတြ၊ ေခြးေတြ၊ အျမင့္၊ ေထာင္ေခ်ာက္ေတြထဲကို က်ေရာက္မႈ ေတြေၾကာင့္ ေသဆံုးႏုိင္ပါတယ္။ ေသဆံုးမႈအတြက္ကေတာ့ ဂိမ္းကိုအစက ျပန္စစရာမလိုဘဲေရာက္တဲ့ အခန္းကေန ျပန္ကစားရမွာပါ။
ဒီဂိမ္းက ၂၀၁၆ ဇြန္လကတည္းက Xbox One အတြက္ ထြက္ရွိခဲ့တာျဖစ္ေပမယ့္ ေနာက္ေတာ့ PC အတြက္ေရာ PS4 အတြက္၊ အခုေတာ့ Nintendo Switch အတြက္ပါ ကစားႏုိင္ေအာင္ ထြက္ရွိလာတာ ေတြ႕ရပါ တယ္။ ၂၀၁၀ ခုႏွစ္ကထြက္ရွိခဲ့တဲ့ Limbo နဲ႔ ဆင္တူလို႔ ေဝဖန္မႈ နည္းနည္း ခံေနရေပမယ့္ ဇာတ္လမ္းသြားနဲ႔ အခန္းဆက္ ဖန္တီးမႈ ပိုအားေကာင္းလာလို႔ သေဘာက်စရာပါ။ အထူးသျဖင့္ အေဆာက္အဦထဲမွာပဲ လည္ေနတဲ့ ဂိမ္းမဟုတ္ဘဲ အျပင္ပတ္ဝန္းက်င္ ပံုစံမွာပါ သြားလာကစားရမႈ ပါဝင္လာပါတယ္။

ဂိမ္းအစမွာ အခန္းတြင္း ဝင္ေရာက္သြားလာရမႈနဲ႔မစဘဲ ေကာင္ေလးရဲ႕ ေနာက္ကိုေခြးေတြ အေစာင့္အၾကပ္ေတြ လုိက္ဖမ္းမႈကေန စတယ္၊ ေတာထဲကေနေမြး ျမဴေရးၿခံေတြထဲျဖတ္ၿပီး လြတ္ေအာင္ ေျပးရမယ္၊ အဲဒီကေနမွ ဓာတ္ေရာင္ျခည္ သင့္ေနတဲ့စက္႐ံုေတြ၊ အေဆာက္အဦ ေတြထဲျဖတ္သန္းၿပီး အခန္းတစ္ခန္းခ်င္းစီပံုစံနဲ႔ ေအာင္ျမင္ၿပီး ဆံုးေအာင္ဆက္ကစားရမွာ ျဖစ္ပါတယ္။ အခုဂိမ္းက ဖန္တီးမႈ႐ိုး ရွင္းေပမယ့္ ကစားသူကို စိတ္ဝင္စားေအာင္ ဆြဲေဆာင္ႏုိင္မႈေတာ္ေတာ္ကို အားေကာင္းပါတယ္။ IGN လို ဂိမ္းသံုးသပ္ သူေတြက ေပးမွတ္ ၁၀ မွတ္အတြက္ အ မွတ္ ျပည့္ေတာင္ ေပးထားတာပါ။အ ျခားဂိမ္းသံုးသပ္သူအမ်ားစုရဲ႕အေကာင္းဆံုး မွတ္ခ်က္ေတြလည္း ရထားတဲ့ စြန္႔စားခန္းဂိမ္းတစ္ပါပဲ။ ဒီႏွစ္ထဲမွာလည္းကစား သူႏွစ္သက္မႈအမ်ားဆံုး ဂိမ္းဆုနဲ႔ ႐ုပ္ထြက္ဖန္တီးမႈ အေကာင္း ဆံုးဆု ၂ ဆုကိုပါ ရထားတဲ့ ဂိမ္းလည္း ျဖစ္ပါတယ္။

– သက္ႏိုင္ဦး (UCSL)

[ Unicode ]

အခုတစ်ခါတော့ Platform စုံစုံနဲ့ကစားနိုင်မယ့် စွန့်စားခန်းဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းကိုလျှို့ဝှက်သည်းဖိုဆန်ဆန် ဖန်တီးထားမှုက တော်တော်လေး ဆန်းနေပါတယ်။

အထူးသဖြင့် ဂိမ်းရဲ့ အခန်းအများစုက အမှောင်ခန်းများတယ်၊ ဇာတ်လမ်းသွားတစ်လျှောက် အသံလုံးဝ ဖျောက်ထားပြီး တိတ်ဆိတ်မှုများတယ်။ ဇာတ်ကောင် လေးကို နာမည်ပေးမထားဘဲ Single ပုံစံနဲ့ပဲ အမှောင်ခန်းတွေထဲမှာ တစ်ခန်းပြီးတစ်ခန်း မိမိရှင်သန်ရေးအတွက် ဇာတ်လမ်းသွား ကစားရမှာပါ။ ဇာတ်ကောင်အနေနဲ့ လမ်းလျှောက်သွားလာရမယ်၊ ပြေးနိုင်တယ်၊ ရေကူးနိုင်တယ်၊ အမြင့်တွေကို တွယ်ကပ်တက်နိုင်တယ်၊ အနီးနားက ပစ္စည်းတွေကို လိုအပ်ရင် ယူသုံးနိုင်မှာပါ။

The Swapper ဂိမ်းနဲ့ ဆင်တူပြီး ကစားသူအနေနဲ့ အခန်းတစ်ခန်းအောင်မြင်မှာ မဟုတ်ဘဲ အဆင့်တစ်ဆင့် အောင်မြင်ပြီး တိုင်း Item အသစ်ရမယ်၊ ဒီItem တွေကို စုထားပြီးသူလည်း စွမ်းရည်တွေတက်လာပါ လိမ့်မယ်။ အခန်းတစ်ခန်းချင်းစီိကိုဝင်ပြီး Unlock ဖြစ်အောင် ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်အနေနဲ့ တိုက်ခိုက်ရေးဂိမ်းမဟုတ်လို့ ရန်သူမရှိဘူးလို့ ထင်ရပေမယ့် အခန်းတိုင်းမှာ
စိန်ခေါ်မှုတွေရှိနေမှာပါ။ လုံခြုံရေး စနစ်ပုံစံ တပ်ဆင်ထားတဲ့ စက်တွေ၊ ခွေးတွေ၊ အမြင့်၊ ထောင်ချောက်တွေထဲကို ကျရောက်မှု တွေကြောင့် သေဆုံးနိုင်ပါတယ်။ သေဆုံးမှုအတွက်ကတော့ ဂိမ်းကိုအစက ပြန်စစရာမလိုဘဲရောက်တဲ့ အခန်းကနေ ပြန်ကစားရမှာပါ။
ဒီဂိမ်းက ၂၀၁၆ ဇွန်လကတည်းက Xbox One အတွက် ထွက်ရှိခဲ့တာဖြစ်ပေမယ့် နောက်တော့ PC အတွက်ရော PS4 အတွက်၊ အခုတော့ Nintendo Switch အတွက်ပါ ကစားနိုင်အောင် ထွက်ရှိလာတာ တွေ့ရပါ တယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Limbo နဲ့ ဆင်တူလို့ ဝေဖန်မှု နည်းနည်း ခံနေရပေမယ့် ဇာတ်လမ်းသွားနဲ့ အခန်းဆက် ဖန်တီးမှု ပိုအားကောင်းလာလို့ သဘောကျစရာပါ။ အထူးသဖြင့် အဆောက်အဦထဲမှာပဲ လည်နေတဲ့ ဂိမ်းမဟုတ်ဘဲ အပြင်ပတ်ဝန်းကျင် ပုံစံမှာပါ သွားလာကစားရမှု ပါဝင်လာပါတယ်။

ဂိမ်းအစမှာ အခန်းတွင်း ဝင်ရောက်သွားလာရမှုနဲ့မစဘဲ ကောင်လေးရဲ့ နောက်ကိုခွေးတွေ အစောင့်အကြပ်တွေ လိုက်ဖမ်းမှုကနေ စတယ်၊ တောထဲကနေမွေး မြူရေးခြံတွေထဲဖြတ်ပြီး လွတ်အောင် ပြေးရမယ်၊ အဲဒီကနေမှ ဓာတ်ရောင်ခြည် သင့်နေတဲ့စက်ရုံတွေ၊ အဆောက်အဦ တွေထဲဖြတ်သန်းပြီး အခန်းတစ်ခန်းချင်းစီပုံစံနဲ့ အောင်မြင်ပြီး ဆုံးအောင်ဆက်ကစားရမှာ ဖြစ်ပါတယ်။ အခုဂိမ်းက ဖန်တီးမှုရိုး ရှင်းပေမယ့် ကစားသူကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်မှုတော်တော်ကို အားကောင်းပါတယ်။ IGN လို ဂိမ်းသုံးသပ် သူတွေက ပေးမှတ် ၁၀ မှတ်အတွက် အ မှတ် ပြည့်တောင် ပေးထားတာပါ။အ ခြားဂိမ်းသုံးသပ်သူအများစုရဲ့အကောင်းဆုံး မှတ်ချက်တွေလည်း ရထားတဲ့ စွန့်စားခန်းဂိမ်းတစ်ပါပဲ။ ဒီနှစ်ထဲမှာလည်းကစား သူနှစ်သက်မှုအများဆုံး ဂိမ်းဆုနဲ့ ရုပ်ထွက်ဖန်တီးမှု အကောင်း ဆုံးဆု ၂ ဆုကိုပါ ရထားတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

– သက်နိုင်ဦး (UCSL)