Innovative Robot Project Competition ပြိုင်ပွဲကျင်းပမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ရဲ့ လမ်းညွှန်မှုနဲ့ Asia Pacific Tele Community မှ ပေးအပ်တဲ့ အထောက်အပံ့နဲ့ ကျင်းပမယ့် Innovative Robot Project Competition ပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကာ နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ MICT Park ရှိ conference hall မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေနဲ့ နည်းပညာတီထွင်ဆန်းသစ်မှုများ၊ ကျောင်းတွင်းအဖွဲ့အစည်း Teamwork လုပ်ဆောင်မှုများ၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံနည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရက်များ၊ ဝေဖန်ဆန်းစစ်ခြင်း၊ ပူးပေါင်းဆောင်ရွက် ဖလှယ်မှုတွေကို ပြိုင်ပွဲမှတစ်ဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

APT Young Professionals and students programme 2020 Innovative Robot Project Competition ပြိုင်ပွဲမှာ junior Innovative Robot Project competition နဲ့ senior Innovative Robot Project Competition ဆိုပြီး ကဏ္ဍနှစ်မျိုး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ၊ စည်းကမ်းချက်တွေကို MCPA ဝက်ဘ်aဆိုက် www.mcpamyanmar.org နဲ့ APT Facebook စာမျက်နှာ https://www.facebook.com/APT-Young-Professional-2020-109913724169134 မှာ download ရယူကာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲလျှောက်လွှာတွေကို စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့ ညနေ ၄ နာရီ​ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင်(၉)၊ မြေညီထပ် ၊ MICT Park ကို လူကိုယ်တိုင်ဖြစ်စေ ၊ အီးမေးလ်လိပ်စာ office@mcpamyanmar.org နဲ့ aptyoungprofessional12@gmail.com သို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။

APT Young Professionals and students programme 2020 အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ၊ သိပ္ပံနှင့် နည်းပညာအသစ်အဆန်းများကို လေ့လာသူများ၊ ICT ဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေးနယ်ပယ်မှ သင်တန်းကျောင်းများနှင့် အစိုးရ ပညာရေးဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများမှ လာရောက်လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««