Infobip မှ omnichannel cloud contact center solution နှင့် AI Chatbot နည်းပညာများကို မြန်မာပြည်စျေးကွက်ကို မိတ်ဆက်

ကမ္ဘာလုံးဆိုင်ရာ cloud ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Infobip မှ ၎င်းတို့ရဲ့ Conversations ခေါ် ဒစ်ဂျစ်တယ် cloud ဆက်သွယ်မှုစင်တာနည်းပညာသစ်ကို မိတ်ဆက်လိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် omnichannel solution နဲ့ အေးဂျင့်များအတွက် single interface ကို အသုံးပြုကာ Conversations မှတစ်ဆင့် customer များဆီသို့ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်သလို တစ်ဆက်တည်းမှာပင် chatbot တည်ဆောက်တဲ့ platform ဖြစ်တဲ့ Answers ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ ၎င်းကို ဉာဏ်ရည်တု (AI) အသုံးပြုခြင်းနဲ့ keywords အခြေပြု chatbots မှတစ်ဆင့် Facebook Messenger, Viber , Live Chat နဲ့ SMS ကဲ့သို့သော အဓိက စာတိုပေးပို့ရေးပလက်ဖောင်းတွေမှာ Conversations နဲ့ အတူ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

“မြန်မာနိုင်ငံမှာ လူအများအပြားက နည်းပညာကို ပိုမို ကျွမ်းကျင်လာတာနဲ့အမျှ ဆက်သွယ်ရေးပညာရပ်မှာ engagement ထိတွေ့မှုတွေနဲ့ ပတ်သက်ရင် omnichannel ချဉ်းကပ်မှုကို ရှောင်လွှဲလို့ မရပါဘူး။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အားလုံးရဲ့ရှေ့မှာ ရှိနေဖို့အတွက် အကောင်းဆုံး customer support ပေးနိုင်ဆိုရင် ခေတ်ကာလ တိုးတက်ပြောင်းလဲလာမှုကို အကျွမ်းဝင်ပြီးသား modern-day customer တွေကို စိတ်ကျေနပ်မှုပေးနိုင်ရန် customer တွေ ရွေးချယ်လာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေပေါ်ကနေ လျင်မြန်စွာ လိုက်လျောညီထွေ တုံ့ပြန်လုပ်ဆောင်နိုင်ရပါမယ်။ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အလုပ်ဖြစ်ရုံသာမက အားလုံးနဲ့ ချိတ်ဆက်ပြီး အဆင်ပြေချောမွေ့စွာ ပြောင်းလဲလုပ်ဆောင်နိုင်မယ့် အကူးအပြောင်းတစ်ခု၊ လက်လှမ်းမီမယ့် platform တစ်ခုကို ရှာဖွေနေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်တော့ Conversations နဲ့ Answers ဟာ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူတစ်ဦးချင်းစီထံ ဦးတည်တဲ့ စျေးကွက်ရှာဖွေမှုတွေက မြန်မာနိုင်ငံက သုံးစွဲသူများကို ပိုမို ဆွဲဆောင်နိုင်လာသည်နှင့်အမျှ customer များရဲ့ နှစ်သက်မှုနဲ့ အပြုအမူသဘာဝကို သိရှိခြင်းစွမ်းရည်ဟာ လူတစ်ဦးချင်းစီထံ ချဉ်းကပ်ရာမှာ ကူညီပါလိမ့်မယ်” လို့ Infobip Myanmar ရဲ့ Country Manager ဖြစ်သူ Fiona (ခင်ငြိမ်းသူ) က ပြောပါတယ်။

Conversations platform ကို စွမ်းဆောင်ရည်အမြင့်ဆုံး ရောက်ရှိစေရန် ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာစံနှုန်းများအရ အဆင့်မြှင့်တင်ထားကြောင်း၊ အွန်လိုင်း cloud စနစ်မှတစ်ဆင့် call center အေးဂျင့်များ အနေဖြင့် မည်သည့်နေရာမှ မဆို စနစ်အတွင်းသို့ ဝင်ရောက်ခြင်းနှင့် customer များနှင့် အပြန်အလှန်ပြောဆိုမှုကို ရပ်တန့်ထားသောနေရာမှ ပြန်လည် စတင်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန် Conversations က ခွင့်ပြုမည်ဖြစ်ကြောင်း၊ hardware စက်ပစ္စည်း သို့မဟုတ် ကြိုတင်ပြင်ဆင် တပ်ဆင်ခြင်းများ သီးခြားလုပ်ဆောင်ရန် မလိုအပ်ကြောင်း၊ အေးဂျင့်များအနေဖြင့် မက်ဆေ့ခ်ျပို့သည့် လမ်းကြောင်းများနှင့် အပြန်အလှန်ပြောဆိုမှု မှတ်တမ်းများမှ တစ်ဆင့် တစ်ကြိမ်လျှင် မေးမြန်းမှု တစ်ခုထက်ပိုသော ဆက်သွယ်မှုများကို တစ်နေရာတည်းမှ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။

Conversations တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြတဲ့ dashboard မှာ မှတ်တမ်းများ ထည့်သွင်းထားကြောင်း၊ မိမိရဲ့ customer များနဲ့ အေးဂျင့်များရဲ့ လုပ်ဆောင်မှုများကို စောင့်ကြည့်နိုင်ခွင့် ရရှိမှာဖြစ်ကြောင်း၊ အပြန်အလှန်အနေဖြင့် Answers မှ ၎င်းရဲ့ chatbot တည်ဆောက်မှု platform နဲ့ အတူ ကုမ္ပဏီများအနေဖြင့် ဉာဏ်ရည်တု (AI)နဲ့ keywords အခြေပြု chatbot များ တည်ဆောက်ရန်၊ စမ်းသပ်ရန်နှင့် လက်တွေ့အသုံးပြုရန်၊ Conversations မှတစ်ဆင့် စီမံခန့်ခွဲရန် အကောင်းဆုံးဝန်ဆောင်မှုများကို ထပ်တိုး လုပ်ဆောင်မှုအဖြစ် ပေးအပ်မှာဖြစ်ကြောင်း၊ အေးဂျင့်များအနေဖြင့် ပိုမို ရှုပ်ထွေးသော မေးမြန်းချက်များကို အလေးထား အာရုံစိုက် တုံ့ပြန်နိုင်မှာဖြစ်ကြောင်း၊ chatbot များတွင် ပထမဆုံးသော မေးမြန်းမှုမှတစ်ဆင့် ၂၄ နာရီ ၇ ရက်ပတ်လည် အထောက်အပံ့ပေးနိုင်မှုက customer များ ပျော်ရွှင်ကျေနပ်စေရန်နှင့် ပုံမှန် သို့မဟုတ် ‘မကြာခဏလက်ခံရရှိသော’ မေးခွန်းများအား ချက်ချင်း တုံ့ပြန်ဖြေဆိုပေးခြင်းအားဖြင့် customer experience ကို ကျေနပ်အားရမှု တိုးတက်စေမှာဖြစ်ကြောင်း သိရပါတယ်။

Infobip ရဲ့ Conversations နဲ့ Answers အကြောင်းကို www.infobip.com/products/conversations နဲ့ https://www.infobip.com/products/answers မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««