Infinix Note 8 နဲ့ Note 8i ထွက်ရှိ

Infinix Note 8 နဲ့ Note 8i ဖုန်းတွေ တရားဝင် ထွက်လာပါပြီ။ အဲဒီဖုန်းတွေမှာ MediaTek Helio G80 chipset ပါဝင်လာပါတယ်။

Infinix Note 8 မှာ မျက်နှာပြင် ၆.၉၅ လက်မ 720x 1640 LCD touchscreen နဲ့ dual punch hole ထဲမှာ selfie ကင်မရာ 16MP နဲ့ depth sensor အသုံးပြုထားပါတယ်။ ကျောဘက်ကင်မရာကတော့ 64MP ဖြစ်ပြီး 2MP macro နဲ့ 2MP depth sensor အပြင် 2MP “AI Lens” လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ကင်မရာ ၄ လုံးအပေါ်မှာ LED flash လည်း ပါဝင်လာပါတယ်။

ဖုန်းမှာတော့ RAM 6GB နဲ့ 128GB storage အပြင် ဘက်ထရီ 5,200mAh ပါဝင်ပြီး 18W အားသွင်းစနစ်နဲ့ ဖြစ်ပါတယ်။ Android 10 အသုံးပြုထားကာ မီးခိုး၊ အပြာနဲ့ အစိမ်း ဆိုပြီး ထုတ်လုပ်ထားပါတယ်။

Infinix Note 8i ကတော့ ၆.၆၈ လက်မ LCD ဖြစ်ပြီး ရုပ်ထွက်အရည်အသွေးလည်း တူညီပါတယ်။ ဒါပေမဲ့ ရှေ့ကင်မရာမှာတော့ ဒုတိယတစ်လုံး မပါတော့ဘဲ 8MP ပဲပါဝင်လာပါတယ်။ ကျောဘက်ကင်မရာကတော့ 48MP ပဲဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena