Industrial Seminar on Travel & Tour Operations in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

Temasek International College ကဦးစီးတဲ့ ဟိုတယ်နဲ့ခရီးသွားကဏ္ဍအကြောင်း အတွေ့အကြုံ ဗဟုသုတများကို ဆွေးနွေးနိုင်ရန် “Industrial Seminar on Travel & Tour Operations in Myanmar” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်က Melia Hotel (Function Ballroom 6) မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာတော့ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံက အတွေ့အကြုံရင့်ဆရာ၊ ဆရာမများက မြန်မာနိုင်ငံရဲ့လူထုအခြေပြုခရီးသွားဖွံ့ဖြိုးရေး၊ လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သင်တန်းကျောင်းများရဲ့ အခန်းကဏ္ဍနဲ့ ရှေ့ဆက်ရမယ့်ခြေလှမ်းတွေ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွက် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုတွေနဲ့ မဟာဗျူဟာများ၊ မြန်မာ Tour Operator များရဲ့ အခန်းကဏ္ဍနဲ့တာဝန်များ စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။