
[ Zawgyi ]





-ဝေဝေ

[ Unicode ]

ဂျပန်နိုင်ငံ The Association for Overseas Technical Cooperation and Sustainable Partnerships (AOTS) က ကြီးမှူးတဲ့ Industrial Relations and Human Resource Management for Executive [ERHE] သင်တန်းတက်ရောက်ရန် ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

သင်တန်းရဲ့ ရည်ရွယ်ချက်မှာ ဂျပန်လူမျိုးများကျင့်သုံးလျက်ရှိတဲ့ IR and HRM နည်းစနစ်တွေကို ၎င်းတို့ကုမ္ပဏီများရဲ့ ကိုယ်ပိုင်နည်းစနစ်များ၊ အလုပ်အမှုဆောင် စီမံခန့်ခွဲမှုရှုထောင့်မှ ပြဿနာများကို ဖြေရှင်းရှာဖွေမှုများအား နှိုင်းယှဉ်ပြီး နားလည် သဘောပေါက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံ ရှိသူများ၊ အသက် ၃၀ နှစ်မှ ၆၀ အတွင်းရှိသူ၊ မန်နေဂျာရာထူး (သို့) အဆင့်မြင့်ရာထူးနဲ့ လုပ်ကိုင်နေသူ၊ အင်္ဂလိပ်စာ 4 Skills ကျွမ်းကျင်သူများ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းလျှောက်ထားလိုသူတွေထဲမှာ ကုန်သည်စက်မှုအသင်းချုပ်မှ သင်တန်းသား ၁ ဦး (သို့) ၂ ဦးကို ရွေးချယ်စေလွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဒီနေရာမှာ လျှောက်လွှာပြည့်စုံစွာ ဖြည့်စွက်ပြီး သြဂုတ်လ ၂၁ ရက် နောက်ဆုံးထားကာ အသင်းချုပ် HRD ဌာနသို့ လာရောက်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၁ ၂၃၁၄၃၄၄- ၄၉ (လိုင်းခွဲ၊ ၁၃၃၊ ၁၃၄) (သို့) [email protected] သို့ မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ