‘incognito’ mode နဲ႔ အင္တာနက္သံုးစြဲမႈအေပၚ အသိလြဲမွားမႈမ်ားစြာရွိေနေၾကာင္း သုေတသီမ်ားဆို

[ Zawgyi ]

Browser မွာပါဝင္တဲ့ incognito mode ဟာ လူအမ်ားစုထင္သေလာက္ လုံၿခဳံမႈမရွိပါဘူး။ ခ်ီကာဂိုတကၠသုိလ္နဲ႔ ဟန္ႏိုဗာၿမိဳ႕ လိုင္ဗနိတကၠသိုလ္က သုေတသီေတြဟာ လူေပါင္း ၄၅၀ ေျဖၾကားထားတဲ့ စစ္တမ္းရလဒ္ေတြကို ပုံႏွိပ္ထုတ္ေဝခဲ့ပါတယ္။ အဲဒီစစ္တမ္းမွာ ပါဝင္တဲ့လူေတြက browser ထဲမွာပါဝင္တဲ့ “incognito mode” ဒါမွမဟုတ္ “private mode” ကို အြန္လိုင္း လုပ္ေဆာင္ခ်က္ေတြ ကာကြယ္ေပးတဲ့အရာတစ္ခုအျဖစ္ ႐ႈျမင္ၾကပါတယ္။

Private ဒါမွမဟုတ္ incognito mode ဆိုတာ ေခတ္သစ္ browser အမ်ားစုမွာ ပါဝင္လာၿပီး သုံးစြဲသူရဲ႕ အြန္လိုင္း လုပ္ေဆာင္ခ်က္ တခ်ိဳ႕ကို ေျခရာခံမွာ မဟုတ္ပါဘူး။

ဥပမာအေနနဲ႔ Google ရဲ႕ Chrome မွာပါဝင္တဲ့ incognito mode ဟာ browsing history, cookies နဲ႔ ဝက္ဘ္ဆုိက္အခ်က္အလက္ ဒါမွမဟုတ္ သတင္းအခ်က္အလက္ေတြကုိ save မလုပ္ေပးပါဘူး။ ဒါေပမဲ့ သုံးစြဲသူ ဝင္ေရာက္လည္ပတ္တဲ့ ဝက္ဘ္ဆိုက္လိုမ်ိဳး အခ်က္အလက္ေတြဟာ ေက်ာင္း၊ လုပ္ငန္း ဒါမွမဟုတ္ internet provider ေတြမွာ က်န္ရစ္ခဲ့ပါတယ္။ Google အေနနဲ႔ incognito mode ကုိ စတင္အသုံးျပဳမယ့္ အခ်ိန္မွာ အဲဒီအပုိင္းနဲ႔ပတ္သက္ၿပီး သတိေပးထားပါတယ္။ ဒါေပမဲ့ လူေတာ္ေတာ္မ်ားမ်ားက web browser ေတြမွာပါဝင္တဲ့ incognito mode ဟာ ပုိမိုလုံၿခဳံမႈ ရွိတယ္လို႔ ယုံၾကည္ေနၾကပါတယ္။

စစ္တမ္းအစီရင္ခံစာအရ လူေတြ နားလည္မႈလြဲမွားေနတဲ့ အခ်က္အလက္တခ်ိဳ႕က ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

– စစ္တမ္းမွာပါဝင္တဲ့ လူေပါင္း ၄၆.၅ ရာခုိင္ႏႈန္းက private mode မွာ save ထားတဲ့ bookmark ေတြဟာ ေနာက္ပုိင္း session ေတြမွာ မပါဝင္ဘူးလုိ႔ ယုံၾကည္ၾကပါတယ္။

– စစ္တမ္းမွာပါဝင္တဲ့ လူေပါင္း ၄.၂ ရာခုိင္ႏႈန္းက private mode အတြင္း ဝက္ဘ္ဆိုက္ေတြအေနနဲ႔ သုံးစြဲသူရဲ႕တည္ေနရာကို ခန္႔မွန္းႏိုင္ျခင္း မရွိဘူးလို႔ ထင္မွတ္ၾကပါတယ္။ သုံးစြဲသူက VPN အသုံးျပဳမွပဲ တည္ေနရာကို ခန္႔မွန္းဖို႔ ခက္ခဲပါတယ္။
– စစ္တမ္းမွာပါဝင္တဲ့ ၂၇.၁ ရာခိုင္ႏႈန္းက private mode ဟာ သာမန္ mode ထက္ ဗိုင္းရပ္စ္ေတြနဲ႔ malware ေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါဟာ လြဲမွားတဲ့အယူအဆျဖစ္ၿပီး ကြန္ပ်ဴတာမွာ download ျပဳလုပ္ၿပီး ဖြင့္တဲ့ ဖိုင္ေတြမွာ malware ဒါမွမဟုတ္ ဗိုင္းရပ္စ္ေတြ ကူးစက္ႏိုင္ပါတယ္။

– စစ္တမ္းမွာပါဝင္တဲ့ ၂၂ ရာခုိင္ႏႈန္း၊ ၃၇ ရာခိုင္ႏႈန္းနဲ႔ ၂၂.၆ ရာခုိင္ႏႈန္းက private mode အသုံးျပဳတဲ့အခ်ိန္မွာ ISP (Internet Service Provide) ေတြ၊ အဖြဲ႕အစည္းေတြနဲ႔ အစိုးရေတြ ေျခရာခံလို႔ မရဘူးဆိုၿပီး ယုံၾကည္ၾကပါတယ္။ တကယ္လို႔ တစ္စုံတစ္ေယာက္ရဲ႕ ကြန္ရက္မွာ အသုံးျပဳေနတယ္ဆိုရင္ သုံးစြဲသူရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ ေလ့လာေစာင့္ၾကည့္ေနႏိုင္ပါတယ္။

လူေပါင္း ၅၆.၃ ရာခိုင္ႏႈန္းကေတာ့ private mode အသုံးျပဳေနခ်ိန္မွာ search history ေတြ ေဖ်ာက္ေပးႏိုင္တယ္လို႔ လြဲမွားစြာ ယုံၾကည္ေနေၾကာင္း စစ္တမ္းမွာ ေဖာ္ျပေနပါတယ္။

စိုးထက္
Ref: CNBC

[ Unicode ]

Browser မှာပါဝင်တဲ့ incognito mode ဟာ လူအများစုထင်သလောက် လုံခြုံမှုမရှိပါဘူး။ ချီကာဂိုတက္ကသိုလ်နဲ့ ဟန်နိုဗာမြို့ လိုင်ဗနိတက္ကသိုလ်က သုတေသီတွေဟာ လူပေါင်း ၄၅၀ ဖြေကြားထားတဲ့ စစ်တမ်းရလဒ်တွေကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစစ်တမ်းမှာ ပါဝင်တဲ့လူတွေက browser ထဲမှာပါဝင်တဲ့ “incognito mode” ဒါမှမဟုတ် “private mode” ကို အွန်လိုင်း လုပ်ဆောင်ချက်တွေ ကာကွယ်ပေးတဲ့အရာတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

Private ဒါမှမဟုတ် incognito mode ဆိုတာ ခေတ်သစ် browser အများစုမှာ ပါဝင်လာပြီး သုံးစွဲသူရဲ့ အွန်လိုင်း လုပ်ဆောင်ချက် တချို့ကို ခြေရာခံမှာ မဟုတ်ပါဘူး။

ဥပမာအနေနဲ့ Google ရဲ့ Chrome မှာပါဝင်တဲ့ incognito mode ဟာ browsing history, cookies နဲ့ ဝက်ဘ်ဆိုက်အချက်အလက် ဒါမှမဟုတ် သတင်းအချက်အလက်တွေကို save မလုပ်ပေးပါဘူး။ ဒါပေမဲ့ သုံးစွဲသူ ဝင်ရောက်လည်ပတ်တဲ့ ဝက်ဘ်ဆိုက်လိုမျိုး အချက်အလက်တွေဟာ ကျောင်း၊ လုပ်ငန်း ဒါမှမဟုတ် internet provider တွေမှာ ကျန်ရစ်ခဲ့ပါတယ်။ Google အနေနဲ့ incognito mode ကို စတင်အသုံးပြုမယ့် အချိန်မှာ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး သတိပေးထားပါတယ်။ ဒါပေမဲ့ လူတော်တော်များများက web browser တွေမှာပါဝင်တဲ့ incognito mode ဟာ ပိုမိုလုံခြုံမှု ရှိတယ်လို့ ယုံကြည်နေကြပါတယ်။

စစ်တမ်းအစီရင်ခံစာအရ လူတွေ နားလည်မှုလွဲမှားနေတဲ့ အချက်အလက်တချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။

– စစ်တမ်းမှာပါဝင်တဲ့ လူပေါင်း ၄၆.၅ ရာခိုင်နှုန်းက private mode မှာ save ထားတဲ့ bookmark တွေဟာ နောက်ပိုင်း session တွေမှာ မပါဝင်ဘူးလို့ ယုံကြည်ကြပါတယ်။

– စစ်တမ်းမှာပါဝင်တဲ့ လူပေါင်း ၄.၂ ရာခိုင်နှုန်းက private mode အတွင်း ဝက်ဘ်ဆိုက်တွေအနေနဲ့ သုံးစွဲသူရဲ့တည်နေရာကို ခန့်မှန်းနိုင်ခြင်း မရှိဘူးလို့ ထင်မှတ်ကြပါတယ်။ သုံးစွဲသူက VPN အသုံးပြုမှပဲ တည်နေရာကို ခန့်မှန်းဖို့ ခက်ခဲပါတယ်။
– စစ်တမ်းမှာပါဝင်တဲ့ ၂၇.၁ ရာခိုင်နှုန်းက private mode ဟာ သာမန် mode ထက် ဗိုင်းရပ်စ်တွေနဲ့ malware တွေကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါဟာ လွဲမှားတဲ့အယူအဆဖြစ်ပြီး ကွန်ပျူတာမှာ download ပြုလုပ်ပြီး ဖွင့်တဲ့ ဖိုင်တွေမှာ malware ဒါမှမဟုတ် ဗိုင်းရပ်စ်တွေ ကူးစက်နိုင်ပါတယ်။

– စစ်တမ်းမှာပါဝင်တဲ့ ၂၂ ရာခိုင်နှုန်း၊ ၃၇ ရာခိုင်နှုန်းနဲ့ ၂၂.၆ ရာခိုင်နှုန်းက private mode အသုံးပြုတဲ့အချိန်မှာ ISP (Internet Service Provide) တွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေ ခြေရာခံလို့ မရဘူးဆိုပြီး ယုံကြည်ကြပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ရဲ့ ကွန်ရက်မှာ အသုံးပြုနေတယ်ဆိုရင် သုံးစွဲသူရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာစောင့်ကြည့်နေနိုင်ပါတယ်။

လူပေါင်း ၅၆.၃ ရာခိုင်နှုန်းကတော့ private mode အသုံးပြုနေချိန်မှာ search history တွေ ဖျောက်ပေးနိုင်တယ်လို့ လွဲမှားစွာ ယုံကြည်နေကြောင်း စစ်တမ်းမှာ ဖော်ပြနေပါတယ်။

စိုးထက်
Ref: CNBC