In-screen fingerprint reader ပါဝင်တဲ့ ပထမဆုံးဖုန်းကို Vivo က ဇန်နဝါရီ ၁၀ ရက်တွင် မိတ်ဆက်မည်

Qualcomm က in-screen fingerprint နည်းပညာကို ပွဲထုတ်မိတ်ဆက်ပြီး ရက်အနည်းငယ်အကြာမှာ Vivo က ရှေ့ပြေးပုံစံတစ်ခုကို ပြသခဲ့ပါတယ်။ အခုဆိုရင် Vivo က နောက်ထပ်ခြေတစ်လှမ်းလှမ်းဖို့ အသင့်ရှိနေပါပြီ။

Vivo ဟာ “Unlock the Future” ဆိုတဲ့ ဆောင်ပုဒ်ပါဝင်တဲ့ ကြော်ငြာဓာတ်ပုံတစ်ခုကို ဝေမျှခဲ့ပြီး in-screen fingerprint reader တစ်ခုပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းကို ဇန်နဝါရီလ ၁၀ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ်လို့ ကတိပြုခဲ့ပါတယ်။

Vivo အပြင် Synaptics ကလည်း in-screen fingerprint reader ပါဝင်တဲ့ ဖုန်းတစ်လုံးကို CES မှာ မိတ်ဆက်ပြသသွားဖို့ ကတိပြုထားပါတယ်။

-နောင်နောင်
Ref: GSMArena