Importance of critical thinking for students ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

မြန်မာကျောင်းသူ ကျောင်းသားတွေ လိုအပ်နေတဲ့ Importance of critical thinking for students ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲကို သြဂုတ် ၂၃ ရက် နေ့လယ် ၂ နာရီမှ ၃ နာရီထိ Zoom Application နဲ့ Crown Education မှ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ဆွေးနွေးပွဲမှာ Mr. Michael Joyce, Ms. Gandhimathi Sundrum (James Cook University Singapore) က ကျောင်းစာအပြင် စီးပွားရေး၊ စီမံခန့်ခွဲမှုနဲ့ အခြားသောကဏ္ဍတွေမှာ critical thinking က ဘယ်လောက်အထိ အရေးပါသလဲ၊ မိသားစုမှာ၊ လုပ်ငန်းခွင်မှာ၊ သူငယ်ချင်းမိတ်ဆွေတွေ ကြားထဲမှာ ကိုယ့်အနေနဲ့ critical thinking ကောင်း၊ မကောင်း ဘယ်လိုသိနိုင်မလဲ၊ ဆယ်တန်းနဲ့ iGCSE ဖြေဆိုထားသူတွေအတွက် James Cook University Singapore (JCUS) မှာ ဘယ်လိုပညာရေးလမ်းကြောင်းတွေရှိလဲ၊ ပညာရေးထူးချွန်သူတွေအတွက် James Cook University Singaporeမှာ ပညာသင်ဆုရှိလား၊ စာသင်ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ၊ သြစတြေးလျနိုင်ငံကိုပါ ပြောင်းရွှေ့သင်ယူပြီး အလုပ်အကိုင်အခွင့်အလမ်း စဉ်းစားလိုသူတွေအနေနဲ့ James Cook University Singapore မှာ ဘယ်လိုပရိုဂရမ်တွေ သင်ယူနိုင်မလဲ၊ HND, abe, NCC လက်မှတ်ရထားသူတွေ အတွက် ဘာသာရပ်ကင်းလွတ်ခွင့်နဲ့ ဘွဲ့ရဖို့ အချိန်ဘယ်လောက် ထပ်ပေးဖို့လိုလဲ၊ မြန်မာနိုင်ငံမှာ တစ်နှစ်၊စင်ကာပူမှာတစ်နှစ်နဲ့ သြစတြေးလျနိုင်ငံမှာ ဆက်လက်ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းများ၊ အောင်မြင်တဲ့ Career တစ်ခုကို တည်ဆောက်နိုင်ဖို့ ဘယ်လို အထူးပြုဘာသာရပ်တွေကို ဦးစားပေးရွေးချယ်သင့်လဲ အစရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ