IMI Switzerland မှ ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်များကိုလျှောက်ထားနိုင်

ကမ္ဘာ့ထိပ်သီး ဟိုတယ်နှင့် စီမံခန့်ခွဲမှုကျောင်းတစ်ခုဖြစ်တဲ့ IMI Switzerland မှာ ၅ လ စာသင်၊ ၅ လ လုပ်ခလစာရ (အလုပ်သင်ကာလ) ပါဝင်တဲ့ ဟိုတယ်စီမံခန့်ခွဲမှုဘာသာရပ်တွေ လျှောက်ထား တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်း နဲ့ IGCSE ‘O’Level/ ‘A’ Level ပြီးဆုံး အောင်မြင်ထားသူတွေဟာ ၆ လကြာမြင့်တဲ့ IMI Foundation တန်းကို ဦးစွာတက်ရောက်ပြီး ၂ နှစ်ခွဲ မှ ၄ နှစ် အထိ ကြာမြင့်တဲ့ ဘွဲ့ဒီဂရီတန်းများကို ဆက်လက် တက်ရောက်နိုင်ပါတယ် ။ Hospitality ကျောင်းတိုင်းမှာ Internship (အလုပ်အသင်ကာလ) က မဖြစ်မနေ ပါဝင်ပါတယ် ။ နှစ်စဉ် စာသင်ချိန် ၂၂ ပတ် ပြီးဆုံးတိုင်း အလုပ်သင်ကာလ အနည်းဆုံး ၂၂ ပတ်မှ စ၍ လုပ်ကိုင်နိုင်ပါတယ် ။

IMI Switzerland မှ ကျောင်းသား/သူများရဲ့ CV ကို အလုပ်ရှင်တွေဆီ ပို့ပေးပြီး အလုပ်ရှင်က စိတ်ဝင်စားကြောင်း အတည်ပြုပြီးတာနဲ့ အင်တာဗျူးစီစဉ်ပေးပါတယ် ။ ကျောင်းသား/သူများရဲ့ အင်တာဗျူးအတွက် လိုအပ်မယ့် အလုပ်ခွင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ပြင်ဆင်ထားပေးပြီး Pre-Interview ပြုလုပ်ပေး ပါတယ် ။ အင်တာဗျူးအောင်တာနဲ့ အလုပ်ရှင်နဲ့ ကျောင်းသားတို့ အလုပ်သဘောတူစာချုပ် ချုပ်ဆိုပြီး ဆွစ်ဇာလန်ဥပဒေအရ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ သင်တန်းသားအားလုံးရဲ့ အလုပ်သင်ကာလအတွက် အခြေခံလစာ ကို တစ်လလျှင် (CHF 2,212) သတ်မှတ်ပေးထားပါတယ် ။ လျှောက်ထားလိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ နဲ့ မန္တလေးရုံး ဖုန်း – ၀၉၉၇၆၀၅၈၆၂၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««