ပညာေရးနယ္ပယ္တြင္ အတူတကြပူးေပါင္း လုပ္ေဆာင္ရန္ ျမန္မာႏွင့္ အစၥေရး သေဘာတူလက္မွတ္ေရးထိုး

[ Zawgyi ]

အစၥေရးႏိုင္ငံသို႔ ေဒါက္တာမ်ဳိးသိမ္းႀကီး သြားေရာက္စဥ္အတြင္း ပညာေရးနယ္ပယ္တြင္ အတူတကြပူးေပါင္းလုပ္ေဆာင္ရန္ ျမန္မာအစိုးရနဲ႔ အစၥေရးအစိုးရတို႔ သေဘာတူညီမႈစာခြ်န္လႊာကို လက္မွတ္ေရးထိုးျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။

ျမန္မာနဲ႔အစၥေရး ႏွစ္ႏိုင္ငံ အျပန္အလွန္ပူးေပါင္းေဆာင္ရြက္မႈရဲ႕ အစိတ္အပိုင္းအျဖစ္ ျမန္မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက အစၥေရးႏိုင္ငံကို ၂၀၁၈ ခုႏွစ္ ေမလ ၂၈ ရက္မွ ၃၀ ရက္အထိ လာေရာက္လည္ပတ္ခဲ့ပါတယ္။

ဒီလိုတရားဝင္လာေရာက္ လည္ပတ္မႈဟာ အစၥေရးႏိုင္ငံ၊ ေဂ်႐ုစလင္ၿမိဳ႕မွာက်င္းပတဲ့ “International Ministerial Conference-Thinking out of the box-celebrating 70 years of scientific Innovation in the Service of Humantity” ပြဲအတြက္ အစၥေရးႏိုင္ငံရဲ႕ သိပၸံနဲ႔ နည္းပညာ႒ာနဝန္ႀကီး Mr.Ofir Akunis က ဖိတ္ၾကားခဲ့တာျဖစ္တယ္ လုိ႔ သိရပါတယ္။

သေဘာတူညီမႈအရ ႏိုင္ငံစလံုးမွာရွိတဲ့ စေကာ္လာေတြ၊ သုေတသီေတြြ၊ ေက်ာင္းသားေတြနဲ႔ ဆရာေတြၾကား သင္ေထာက္ကူပစၥည္းေတြ၊ အသိပညာေတြနဲ႔ သင္ၾကားေရးဆိုင္ရာ နည္းလမ္းေတြကို အျပန္အလွန္ဖလွယ္ဖို႔ သေဘာတူညီခဲ့ၾကတာျဖစ္ၿပီး ပညာေရးဆိုင္ရာ ပြဲေတြကိုလည္း အျပန္အလွန္ပါဝင္ႏိုင္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။ ဒီအခ်က္က ျမန္မာနဲ႔ အစၥေရးၾကား ရွည္ၾကာစြာရွိခဲ့တဲ့ မိတ္ေဆြျဖစ္မႈနဲ႔ သံခင္းတမန္ခင္းဆက္ဆံေရးရဲ႕ အစိတ္အပိုင္းျဖစ္လာပါတယ္။

-သႏၲာ

=======

[ Unicode ]

ပညာရေးနယ်ပယ်တွင် အတူတကွပူးပေါင်း လုပ်ဆောင်ရန် မြန်မာနှင့် အစ္စရေး သဘောတူလက်မှတ်ရေးထိုး

=======

အစ္စရေးနိုင်ငံသို့ ဒေါက်တာမျိုးသိမ်းကြီး သွားရောက်စဉ်အတွင်း ပညာရေးနယ်ပယ်တွင် အတူတကွပူးပေါင်းလုပ်ဆောင်ရန် မြန်မာအစိုးရနဲ့ အစ္စရေးအစိုးရတို့ သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနဲ့အစ္စရေး နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစ္စရေးနိုင်ငံကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်မှ ၃၀ ရက်အထိ လာရောက်လည်ပတ်ခဲ့ပါတယ်။

ဒီလိုတရားဝင်လာရောက် လည်ပတ်မှုဟာ အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့မှာကျင်းပတဲ့ “International Ministerial Conference-Thinking out of the box-celebrating 70 years of scientific Innovation in the Service of Humantity” ပွဲအတွက် အစ္စရေးနိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာဋ္ဌာနဝန်ကြီး Mr.Ofir Akunis က ဖိတ်ကြားခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

သဘောတူညီမှုအရ နိုင်ငံစလုံးမှာရှိတဲ့ စကော်လာတွေ၊ သုတေသီတွွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေကြား သင်ထောက်ကူပစ္စည်းတွေ၊ အသိပညာတွေနဲ့ သင်ကြားရေးဆိုင်ရာ နည်းလမ်းတွေကို အပြန်အလှန်ဖလှယ်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပြီး ပညာရေးဆိုင်ရာ ပွဲတွေကိုလည်း အပြန်အလှန်ပါဝင်နိုင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီအချက်က မြန်မာနဲ့ အစ္စရေးကြား ရှည်ကြာစွာရှိခဲ့တဲ့ မိတ်ဆွေဖြစ်မှုနဲ့ သံခင်းတမန်ခင်းဆက်ဆံရေးရဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။

-သန္တာ