IMCEITS နှင့် ICTTI သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနရှိ India-Myanmar Centre for Enhancement of IT Skills (IMCEITS) သင်တန်းဌာနနဲ့ Information and Communication Technology Training Institute (ICTTI) သင်တန်းဌာနတို့မှ နည်းပညာကျွမ်းကျင်မှုသင်တန်းတွေ အတွက် သင်တန်းသားတွေ ထပ်မံခေါ်ယူနေပါတယ်။

IMCEITS နဲ့ ICTTI သင်တန်းတွေကို Java Programming, Microsoft.Net Programming, Database Technology, Linux Server Development, Cisco Router Managment နဲ့ Android Programming ဘာသာရပ်များကို စိတ်ဝင်စားသူတွေတက်ရောက်နိုင်ပြီး လက်တွေ့ပိုင်းကို ဦးစားပေးသင်ကြားပေးမှာဖြစ်ပါတယ်။ Cisco Networking Academy Course တွေမှာ Cisco Device တွေ၊ Network Device တွေအသုံးပြုကာ စာတွေ့လက်တွေ့သင်ကြားပေးမှာ ဖြစ်ပါတယ်။

IMCEITS သင်တန်းတွေကို အိန္ဒိယနိုင်ငံ၊ CDAC အဖွဲ့အစည်းနဲ့ ပူးပေါင်းဖွင့်လှစ်ပြီး ICTTI သင်တန်းတွေကိုတော့ ဂျပန်နိုင်ငံ၊ JICA နဲ့ပူးပေါင်းဖွင့်လှစ်လျက်ရှိပါတယ်။ IMCEITS သင်တန်းမှသင်တန်းဆင်းတွေကို အိန္ဒိယနိုင်ငံ CDAC အဖွဲ့အစည်းနဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနတို့ ပူးပေါင်းကာ Professional Diploma နဲ့ Professional Certificate အောင်လက်မှတ်တွေပေးအပ်မှာဖြစ်ပါတယ်။ ICTTI သင်တန်းမှ သင်တန်းဆင်းတွေကိုတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနတို့ ပူးပေါင်းကာ Professional Diploma နဲ့ Professional Certificate အောင်လက်မှတ်တွေ ပေးအပ်မှာဖြစ်ပါတယ်။

သင်တန်းတွေကို ကွန်ပျူတာတက္ကသိုလ်တွေနဲ့ နည်းပညာတက္ကသိုလ်တွေက အိုင်တီအထူးပြုဘွဲ့ရရှိသူတွေ၊ EC အထူးပြုဘွဲ့ရတွေ၊ B.Sc (Computer Science)/ M.Sc (Computer Science) ဘွဲ့ရတွေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ အိုင်တီအထူးပြုဘွဲ့ရရှိပြီးသူတွေလျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ သင်တန်းဝင်ခွင့် စာမေးပွဲတွေကို ဖြေဆိုအောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

IMCEITS နဲ့ ICTTI သင်တန်းတွေကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ ICTTI အွန်လိုင်းဝင်ခွင့်စာမေးပွဲကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် ICTTI သင်တန်းဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှာလည်းကောင်း၊ IMCEITS အွန်လိုင်းဝင်ခွင့်စာမေးပွဲကို စက်တင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီ တွင် IMCEITS သင်တန်းဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှာလည်းကောင်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ အသေးစိတ် ထပ်မံသိရှိလိုသူတွေ အနေနဲ့ ဖုန်း – ၀၁-၆၅၂၅၄၂၊ ၀၁-၆၆၂၃၂၉၊ ၆၆၁၇၁၄၊ ၀၁-၆၅၂၅၂၉ တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ