ဖုန္းကင္မရာေတြအတြက္ ကမၻာ့ resolution အျမင့္ဆံုး image sensor ကို Sony မိတ္ဆက္

[Zawgyi]

စမတ္ဖုန္းေတြအတြက္ image sensor ေတြေထာက္ပံ့ေနတဲ့ Sony ဟာ ဟန္းဆက္ကင္မရာေတြအတြက္ IMX586 stacked CMOS image sensor သစ္ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။
IMX586 ဟာ image sesnor ေတြထဲမွာ pixel အေရအတြက္ အျမင့္မားဆံုးျဖစ္ၿပီး 48 effective megapixel (8000 x 6000) resolution ရိွပါတယ္။ ဒါ့အျပင္ ဒီ sensor မွာ သံုးထားတဲ့ 0.8-micron pixels ကလည္း ေစ်းကြက္ထဲမွာ အေသးဆံုး ျဖစ္တယ္လို႔ Sony က ေျပာၾကားခဲ့ပါတယ္။

စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ Sony ရဲ႕ IMX586 image sensor ဟာ စြမ္းေဆာင္ရည္ျမင့္ SLR ကင္မရာေတြနဲ႔ ယွဥ္ၿပိဳင္ႏုိင္ၿပီး စမတ္ဖုန္းတစ္လံုးနဲ႔အတူ resolution ျမင့္မားတဲ့ ဓာတ္ပံုေတြကို ဖမ္းယူေစႏိုင္မွာ ျဖစ္ပါတယ္။ ဒီ image ssneor မွာ exposure control နည္းပညာနဲ႔ signal processing လုပ္ေဆာင္ခ်က္ကို ထည့္သြင္းတာေၾကာင့္ သမား႐ိုးက် image sensor ထက္ ေလးဆပိုေကာင္းတဲ့ dynamic range ကို ရရိွႏိုင္မွာျဖစ္တယ္လို႔ Sony က ဆိုပါတယ္။

ဒါ့အျပင္ IMX586 ဟာ တူညီတဲ့အေရာင္မွာ 2×2 pixels သံုးတဲ့ Quad Bayer color filter ကို အသံုးခ်ထားပါတယ္။ ဒါဟာ အလင္းအားနည္းတဲ့ အေျခအေနေတြမွာ အသံုးတည့္ေစၿပီး အရည္အေသြးျမင့္မားကာ noise နည္းတဲ့ 12-megapixel ပံုရိပ္ကို ရရိွေစမွာျဖစ္ပါတယ္။
Sony ရဲ႕ CMOS image sensor သစ္ကို စက္တင္ဘာလကစၿပီး တင္ပို႔သြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ Sony IMX586 sensor ပါဝင္လာမယ့္ ပထမဆံုး စမတ္ဖုန္းကို ဘယ္အခ်ိန္ ေတြ႕ျမင္ရမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

Ref: PhoneArena

-ေနာင္ေနာင္

[Unicode]

စမတ်ဖုန်းတွေအတွက် image sensor တွေထောက်ပံ့နေတဲ့ Sony ဟာ ဟန်းဆက်ကင်မရာတွေအတွက် IMX586 stacked CMOS image sensor သစ်ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။
IMX586 ဟာ image sesnor တွေထဲမှာ pixel အရေအတွက် အမြင့်မားဆုံးဖြစ်ပြီး 48 effective megapixel (8000 x 6000) resolution ရှိပါတယ်။ ဒါ့အပြင် ဒီ sensor မှာ သုံးထားတဲ့ 0.8-micron pixels ကလည်း စျေးကွက်ထဲမှာ အသေးဆုံး ဖြစ်တယ်လို့ Sony က ပြောကြားခဲ့ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Sony ရဲ့ IMX586 image sensor ဟာ စွမ်းဆောင်ရည်မြင့် SLR ကင်မရာတွေနဲ့ ယှဉ်ပြိုင်နိုင်ပြီး စမတ်ဖုန်းတစ်လုံးနဲ့အတူ resolution မြင့်မားတဲ့ ဓာတ်ပုံတွေကို ဖမ်းယူစေနိုင်မှာ ဖြစ်ပါတယ်။ ဒီ image ssneor မှာ exposure control နည်းပညာနဲ့ signal processing လုပ်ဆောင်ချက်ကို ထည့်သွင်းတာကြောင့် သမားရိုးကျ image sensor ထက် လေးဆပိုကောင်းတဲ့ dynamic range ကို ရရှိနိုင်မှာဖြစ်တယ်လို့ Sony က ဆိုပါတယ်။

ဒါ့အပြင် IMX586 ဟာ တူညီတဲ့အရောင်မှာ 2×2 pixels သုံးတဲ့ Quad Bayer color filter ကို အသုံးချထားပါတယ်။ ဒါဟာ အလင်းအားနည်းတဲ့ အခြေအနေတွေမှာ အသုံးတည့်စေပြီး အရည်အသွေးမြင့်မားကာ noise နည်းတဲ့ 12-megapixel ပုံရိပ်ကို ရရှိစေမှာဖြစ်ပါတယ်။
Sony ရဲ့ CMOS image sensor သစ်ကို စက်တင်ဘာလကစပြီး တင်ပို့သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Sony IMX586 sensor ပါဝင်လာမယ့် ပထမဆုံး စမတ်ဖုန်းကို ဘယ်အချိန် တွေ့မြင်ရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: PhoneArena

-နောင်နောင်