IJcasts (Oct 7,2020)

သမ္မဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ လူတချို့ကတော့ twitter ပေါ်မှာ ကျိန်ဆဲခဲ့ကြပါတယ်။ Twitter အနေနဲ့ ပလက်ဖောင်းပေါ်မှာ သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေပါစေလို့ ကျိန်ဆဲတဲ့ tweet တွေကို ဖယ်ရှားမယ်ဆိုတဲ့အကြောင်း၊ အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ Teacher Development Series 9 အစီအစဉ်ကို ဆရာ၊ ဆရာမများ တက်ရောက်ဖို့ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားတဲ့အကြောင်း၊ Zeiss ဟာ လွန်ခဲ့တဲ့၂ နှစ်က မိတ်ဆက်ခဲ့တဲ့ ZX1 ကင်မရာကို မကြာခင် ရောင်းချပါတော့မယ်။ အဲဒီ ကင်မရာကို ဒေါ်လာ ၆,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

🎧 Link 🎧

(စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်)