IJcasts (Oct 24,2020)

မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု MMSATS-1 (မြန်မာအမည် “လောကနတ်-၁”) ဂြိုဟ်တုကို ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မှာဖြစ်ပြီး မတ်လတွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ထည့်သွင်းမယ့်အကြောင်း၊ Telegram ပေါ်ရှိ deepfake စနစ်ထဲက bot တွေဟာ တောင်းဆိုထားတဲ့ ဖော်ချွတ် ဓာတ်ပုံအတုတွေကို ဖန်တီးနိုင်တယ်လို့ သုတေသီတွေက တွေ့ခဲ့ကြဆိုတဲ့အကြောင်း၊ Coursera ရဲ့ Workforce Recovery Initiative Program အရ၊ မြန်မာနိုင်ငံမှ သင်တန်းသားတွေအနေနဲ့ ဘာသာရပ် ၄၀၀ ကျော်မှ သင်ခန်းစာပေါင်း ၃၈၀၀ ကျော်ကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားကာ စာရင်းသွင်းတက်ရောက်ရမှာဖြစ်ပြီး သင်တန်းတွေကို ဒီဇင်ဘာ ၃၁ ရက်အထိ အခမဲ့ တက်ရောက်နိုင်မယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

🎧 Link 🎧

(စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်)