IJcasts (Dec 18,2020)

Samsung ဟာ Galaxy S21 ကိုမိတ်ဆက်ဖို့ တစ်လလိုတဲ့အချိန်မှာတော့ S21 5G, S21+ 5G နဲ့ S21 Ultra 5G ဖုန်း ဒီဇိုင်းပုံတွေကလည်း ပေါက်ကြားထွက်ပေါ်နေတဲ့အကြောင်း၊ Among Us ဂိမ်းဟာမိုဘိုင်းနဲ့ PC မှာပဲ ထွက်ရှိပြီး အခုအခါမှဂိမ်းစက်အတွက် ပထမဆုံးထွက်လာတဲ့အကြောင်း၊ ဗြိတိသျှသံရုံးရဲ့ အစီအစဉ်တစ်ခုဖြစ် တဲ့ တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်နဲ့ Future Leaders Society တို့ ပူးပေါင်းကာ ခေါင်းဆောင်မှုစွမ်းရည် မြှင့် သင်တန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်ပြီးပါဝင်လိုသူတွေ အနေနဲ့ https://forms.gle/7hF7e1jzsbbTdZKA9 မှာစာရင်းပေးသွင်းနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာ နက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

🎧 Link 🎧

(စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်)