IJ Marketplace မိတ်ဆက်ပွဲနှင့်အတူ ကျင်းပမည့် Digital Economy and Myanmar 4.0 စကားဝိုင်းဆွေးနွေးပွဲ

အင်တာနက်ဂျာနယ်ကနေ ဇန်နဝါရီ ၉ ရက်မှာ အသစ်မိတ်ဆက်မယ့် IJ Marketplace ပလက်ဖောင်းမိတ်ဆက်ပွဲနဲ့အတူ Digital Economy and Myanmar 4.0 စကားဝိုင်းဆွေးနွေးကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းဆွေးနွေးပွဲမှာ မော်ဒရေတာအနေနဲ့ Information Matrix Co., Ltd. မှ CEO ဦးသောင်းစုငြိမ်းနဲ့အတူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင် ၊ AYA Bank ,Digital Payments မှ မန်နေဂျင်းဒါရိုက်တာဦးငြိမ်းချမ်းစိုးဝင်း တို့ကပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲအပြင် စိတ်ဝင်စားဖွယ်ရာ Lucky Draw အစီအစဉ်နဲ့ စိတ်ဝင်စားဖွယ် Quiz အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။ IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲတွင် Launching Partner အနေဖြင့် AYA PAY နဲ့ Huawei တို့မှလည်းကောင်း၊ Media Partner အနေဖြင့် 7Day TV မှလည်းကောင်း၊ Lucky Draw Partner အနေဖြင့် Ooredoo Myanmar , REMAX , Ajax Click Photography နဲ့ KMD တို့မှလည်းကောင်းပါဝင်ကူညီပံ့ပိုးပေးထားပြီး Listing Partner အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဖြင့် ပူးပေါင်းဆောင်ရွက်ထားပါတယ်။

IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို https://bit.ly/39gFR2z မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။