
အင်တာနက်ဂျာနယ်မှ မိတ်ဖက်အသင်းအဖွဲ့များ၊ အိုင်စီတီလုပ်ငန်းများနှင့် ပူးပေါင်း၍ အိုင်စီတီ၊မိုဘိုင်းနှင့်ပညာရေးလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေပါဝင်တဲ့ လမ်းညွှန်တစ်ရပ်ဖြစ်သော IJ Marketplace (www.ijmarketplace.com) ပလက်ဖောင်းသစ်မှာ Listing Partner Association အဖြစ် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ Listing Partner Association အဖြစ် ပူးပေါင်းပါဝင်ထားတဲ့ အတွက် အသင်းဝင်ထားသော တိုင်းဒေသကြီးအသီးသီးရှိ အသင်းသားများ အနေဖြင့် အထူးခံစားခွင့်များ၊ ပရိုမိုးရှင်းအစီအစဉ်များကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကွန်ပျူလုပ်ငန်းရှင်အသင်းနှင့် တိုင်းဒေသကြီး အသီးသီးရှိ အသင်းများအနေဖြင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုတဲ့ အချက်အလက်တွေကို ဖုန်း – ၀၉ ၄၄၃၀ ၃၂၉၂၈ နဲ့ ၀၉ -၄၂၀၁၀၅၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။
-အောင်သူ