i&i S-68 Clock Bluetooth Speaker

စားပွဲတင်နာရီအနေနဲ့ သာမက သီချင်းဖွင့်တဲ့ စပီကာအဖြစ်ပါ အသုံးပြုနိုင်တဲ့ i&i S-68 Clock Bluetooth Speaker ဖြစ်ပါတယ်။ Hand Free Call ကိုလည်း အသုံးပြုနိုင်ပါတယ်။ အသံထွက်အနေနဲ့ 2.1 Channel ဖြစ်ပြီး အသံထွက်ပါဝါအနေနဲ့ 25 W ထွက်ရှိမှာ ဖြစ်ပါတယ်။ Frequency Response က 60Hz-15KHz ရှိပါတယ်။ Heavy Bass Horn , Double Tenor Horn အပြင် Bass အတွက် Inverter Hole တစ်ခု ပါဝင်ပါတယ် ။ Bluetooth V4.2 ထောက်ပံ့ပေးထားပြီး TF Card , FM Radio, USB အပြင် AUX နဲ့ပါအသုံးပြုနိုင်ပါတယ်။ Speaker အနေနဲ့သာမကဘဲ Alarm Clock ဖြစ်တဲ့အတွက် နာရီရော Alarm ကိုပါပြပေးတယ်။ ဒါ့အပြင် အခန်းတွင်း Temperature ကိုလည်း ပြသပေးမှာဖြစ်ပါတယ်။ Mic ပါဝင်ပြီး ဟန်းဆက်နဲ့ ချိတ်ဆက်ကာ Hand Free Call ပြောနိုင်ပါတယ် ။ 2000mAh ဘက်ထရီပါဝင်ပြီး သီချင်းနားထောင်မယ်ဆိုရင် ၈ နာရီကြာ၊ Standby အနေနဲ့ ၇၂ နာရီ ထားနိုင်မှာဖြစ်ပါတယ်။ အရွယ်အစားက 17.5 x 10.8 x 11.8cm ဖြစ်ပြီး 1.1kg အလေးချိန်သာ ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တန်ဖိုးက ၅၂,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««