IGTV မွာ အလ်ားလိုက္ၾကည့္ႏိုင္တဲ့ ဗီဒီယိုေတြကုိ Instagram ေထာက္ပံ့ေပးခဲ့

[ Zawgyi ]

Instagram ဟာ IGTV platform ေပၚမွာ အလ်ားလုိက္ၾကည့္ႏိုင္မယ့္ ဗီဒီယိုေတြကို ေထာက္ပံ့ေပးခဲ့ပါတယ္။

Facebook ကပုိင္ဆုိင္တဲ့ Instagram ဟာ ဗီဒီယိုဖန္တီးသူေတြနဲ႔ ၾကည့္႐ႈသူေတြက ေတာင္းဆိုမႈေတြကုိ ထည့္သြင္းေပးေနပါတယ္။ အရင္တုန္းက IGTV ဟာ ေဒါင္လိုက္ဗီဒီယုိေတြကုိပဲ ေထာက္ပံ့ခဲ့ပါတယ္။ ၾကည့္႐ႈသူေတြက ဖုန္းကုိ အလ်ားလိုက္ လွဲလိုက္ေတာ့မွပဲ အလ်ားလိုက္ဗီဒီယိုေတြကို ၾကည့္႐ႈႏိုင္တာ ျဖစ္ပါတယ္။

“IGTV စတင္ခဲ့တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈကို ကၽြန္ေတာ္တို႔ သတိျပဳမိခဲ့ပါတယ္။ ဗီဒီယိုၾကည့္႐ႈသူေတြနဲ႔ ဖန္တီးသူေတြအတြက္ မွန္ကန္တဲ့အေျပာင္းအလဲလို႔ ကၽြန္ေတာ္တို႔ ယုံၾကည္ပါတယ္။ IGTV စတင္ခ်ိန္မွာ ေဒါင္လိုက္ဗီဒီယိုေတြကိ ေထာက္ပံ့ထားတဲ့ပုံစံက Instagram စတင္ခ်ိန္မွာ၂၀၁၅ ခုႏွစ္အတြင္း စတုရန္းပုံစံ ဓာတ္ပုံေတြပဲ ေထာက္ပံ့ထားတဲ့ ပုံစံနဲ႔ဆင္ပါတယ္။ ဖန္တီးမႈနဲ႔ လူေတြထိေတြ႕မႈ ျမင့္တက္လာႏိုင္ၿပီး IGTV နဲ႔အတူ ဖြံ႕ၿဖိဳးလာမယ္လို႔ ယုံၾကည္ပါတယ္” လို႔ Instagram ကေျပာခဲ့ပါတယ္။

Instagram အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ဗီဒီယိုဖန္တီးသူေတြဆီက အစီအစဥ္ေတြ ေထာက္ပံ့မႈ ရရွိဖို႔ IGTV ကုိ သီးသန္႔ app အျဖစ္ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ IGTV မွာ ပိုမိုရွည္လ်ားတဲ့ ဗီဒီယိုေတြပါဝင္ၿပီး Instagram ကေနလည္း ရွည္လ်ားတဲ့ ဗီဒီယိုေတြကို ၾကည့္ႏိုင္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode

Instagram ဟာ IGTV platform ပေါ်မှာ အလျားလိုက်ကြည့်နိုင်မယ့် ဗီဒီယိုတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

Facebook ကပိုင်ဆိုင်တဲ့ Instagram ဟာ ဗီဒီယိုဖန်တီးသူတွေနဲ့ ကြည့်ရှုသူတွေက တောင်းဆိုမှုတွေကို ထည့်သွင်းပေးနေပါတယ်။ အရင်တုန်းက IGTV ဟာ ဒေါင်လိုက်ဗီဒီယိုတွေကိုပဲ ထောက်ပံ့ခဲ့ပါတယ်။ ကြည့်ရှုသူတွေက ဖုန်းကို အလျားလိုက် လှဲလိုက်တော့မှပဲ အလျားလိုက်ဗီဒီယိုတွေကို ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။

“IGTV စတင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့ သတိပြုမိခဲ့ပါတယ်။ ဗီဒီယိုကြည့်ရှုသူတွေနဲ့ ဖန်တီးသူတွေအတွက် မှန်ကန်တဲ့အပြောင်းအလဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ IGTV စတင်ချိန်မှာ ဒေါင်လိုက်ဗီဒီယိုတွေကိ ထောက်ပံ့ထားတဲ့ပုံစံက Instagram စတင်ချိန်မှာ၂၀၁၅ ခုနှစ်အတွင်း စတုရန်းပုံစံ ဓာတ်ပုံတွေပဲ ထောက်ပံ့ထားတဲ့ ပုံစံနဲ့ဆင်ပါတယ်။ ဖန်တီးမှုနဲ့ လူတွေထိတွေ့မှု မြင့်တက်လာနိုင်ပြီး IGTV နဲ့အတူ ဖွံ့ဖြိုးလာမယ်လို့ ယုံကြည်ပါတယ်” လို့ Instagram ကပြောခဲ့ပါတယ်။

Instagram အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဗီဒီယိုဖန်တီးသူတွေဆီက အစီအစဉ်တွေ ထောက်ပံ့မှု ရရှိဖို့ IGTV ကို သီးသန့် app အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ IGTV မှာ ပိုမိုရှည်လျားတဲ့ ဗီဒီယိုတွေပါဝင်ပြီး Instagram ကနေလည်း ရှည်လျားတဲ့ ဗီဒီယိုတွေကို ကြည့်နိုင်ပါတယ်။

Ref: CNET